နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ွဲပြီးခါနီးမှ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ လိုက်သွင်းပြီး ဗီလာပါ့ခ်မှာ အောင်ပွဲခံခဲ့တဲ့ ဝုဗ် | (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အက်စတွန်ဗီလာ ၂-၃ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ ပြိုင်ဆိုင်မှု တော်တော်လေး ပြင်းထန်ခဲ့ပြီး မထင်မှတ်ထားတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ အက်စတွန်ဗီလာတို့ အစောပိုင်းမှာ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀ ကျော်မှ ဝုဗ်ရဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွကို ဆက်တိုက် ခွင့်ပြုပေးခဲ့ရလို့ မထင်မှတ်ပဲ အိမ်ကွင်း ရှုံးပွဲ တွေ့သွားခဲ့တာ ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် အက်စတွန်ဗီလာတို့ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဝုဗ် ကတော့ ၃-၄-၂-၁ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာ ဘက်မှာ လီယွန်ဘိုင်လီ၊ ထရက်ဇီဂတ် ကလွဲလို့ ဝက်ကင်န်စ်၊ ဒန်နီအင့်ဂ်၊ မက်ဂင်းန်၊ ဘူအန်ဒီရာ၊ တားဂတ်၊ ကတ်ရှ်၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ကွန်ဆာ၊ တွမ်ဇီဘီ၊ မင်းဂ်စ်၊ မာတီနက်ဇ် တို့နဲ့ လူစုံခဲ့ပါတယ်။ ဝုဗ် နည်းပြ ဘရူနို လာဂါ ကတော့ တောင်ပံက ထရင်ကာအို နေရာမှာ ထရာအိုရေးကို အသုံးပြုခဲ့သလို ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဂျင်မီနက်ဇ် ကိုလည်း အရန်ခုံ ပို့ခဲ့ပါတယ်။ အထောင် တိုက်စစ်မှူး အဖြစ် ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ခြေစွမ်းပြခဲ့တဲ့ ဟီချန်ဟွမ် ကိုပဲ ပွဲထွက်စေခဲ့သလို ကွင်းလယ်နဲ့ တောင်ပံမှာ ဒန်ဒွန်ကာ၊ ရူဘင်နားဗက်စ်၊ မော်တင်ဟို၊  ဆီမီဒိုနဲ့ ခံစစ်မှာ ဆာအိမ်စ်၊ ကိုဒီ၊ ဂိုး မှာတော့ ဂျိုဆေး ဆားတို့ ပါဝင်လာခဲ့ပါတယ်။

ဒါ့အပြင် အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးခဲ့တာ ဖြစ်လို့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိလည်း ကျဆင်းသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိ ကျဆင်းသွားခဲ့တဲ့ အက်စတွန်ဗီလာ

ပွဲအစ ကတည်းက အိမ်ရှင်တို့ ဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ဒန်နီအင့်ဂ်၊ ဝက်ကင်န်စ်နဲ့ ဘူအန်ဒီရာ တို့ရဲ့ အဆုံးသတ် အားနည်းချက်တွေနဲ့ ဝုဗ် နောက်ခံ လူတွေနဲ့ ဂျိုဆေး ဆားရဲ့ ကာကွယ်မှု တချို့ကြောင့် အက်စတွန်ဗီလာတို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ ဝုဗ် ကလည်း အဒမ်မာ ထရာအိုရေး၊ ဒန်ဒွန်ကာ တို့ရဲ့ တန်ပြန် တိုက်စစ်နဲ့ အက်စတွန်ဗီလာ နောက်တန်းကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးရှေ့ မရောက်ခင် မှာတင်ပဲ အပျက်များခဲ့လို့ ၀-၀ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန် မှာတော့ တိုက်စစ် ပိုမြှင့် ကစားလာတဲ့ အိမ်ရှင်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး မက်ဂင်းန်ရဲ့ ပေးပို့မှု ကနေ ဒန်နီအင့်ဂ်က ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲချိန် ၆၈ မိနစ်မှာ မက်ဂင်းန်က ဒုတိယ ဦးဆောင်ဂိုး ထပ်မံ သွင်းယူခဲ့လို့ အက်စတွန်ဗီလာတို့ ၂ ဂိုး ပြတ် ရလဒ်နဲ့ အတူ အနိုင်ရဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၈၀ မှာ သွင်းယူခဲ့တဲ့ ဆာအိစ်ရဲ့ ပထမ ချေပဂိုးကြောင့် ဝုဗ် တစ်သင်းလုံး စိတ်ဓာတ် တက်သွားခဲ့ပြီး နောက်ထပ် သွင်းဂိုးတွေ ရဖို့ ထိရောက်တဲ့ ထိုးဖောက်မှု တွေလည်း ဆက်တိုက် ပြုလုပ်လာနိုင်ခဲ့ပါတယ်။ နောက်ထပ် ၅ မိနစ် အကြာ မှာတော့ အက်စတွန်ဗီလာ ဂိုးဧရိယာထဲမှာ ရှုတ်ရှက်ခတ်နေတဲ့ ကြားက နောက်ခံလူ ကော်နာ ကိုဒီက ဒုတိယ ချေပဂိုး သွင်းယူပေးခဲ့ပြီး မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ်မှာ ဖရီးကစ် ကနေ တစ်ဆင့် ရူဘင် နားဗက်စ်က အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ဝုဗ်တို့ ၂-၃ ရလဒ်နဲ့ အနိုင်ရပြီး အဖိုးတန် ၃ မှတ် ရရှိသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ပွဲမတိုင်ခင် ဘရူနိုလာဂါရဲ့ အသင်း ခြေစွမ်းကို အထင်မကြီးခဲ့တာကြောင့် အက်စတွန်ဗီလာ ဆီက သရေ ၁ မှတ် လောက်ပဲ အမြင့်ဆုံး မျှော်လင့်နိုင်မယ်လို့ သုံးသပ်ခဲ့ပါတယ်။ အက်စတွန်ဗီလာရဲ့ ကစားပုံ အကောင်းကြီး မဟုတ်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၈၀ မတိုင်ခင် အထိကို ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်တဲ့ အိမ်ရှင်တို့ အနိုင်လို့ပဲ တွက်ဆခဲ့တာပါ။ ၂ ဂိုးပြတ် ရှုံးနေသည့် တိုင်အောင် ကစားအားရော၊ စိတ်ဓာတ်ပါ မကျသွားတဲ့ ဧည့်သည် အသင်း အနိုင်ရလဒ်နဲ့ ထိုက်တန်ခဲ့သလို ဝုဗ်ဟာ ဒီရာသီ ပရီးမီယားလိဂ်ရဲ့ လျှော့တွက်လို့ မရတဲ့ အသင်း တစ်သင်း အဖြစ် သတ်မှတ်လို့တောင် ရနေပါပြီ။ ရာသီအစမှာ ရုန်းကန်ခဲ့ရတဲ့ ဘရူနို လာဂါရဲ့ အသင်း အနေနဲ့ လက်ရှိမှာ ၃ ပွဲဆက် အနိုင်ရရှိခြင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဗီလာ ကတော့ ဒန်နီအင့်ဂ်၊ ဘူအန်ဒီရာ၊ ဝက်ကင်န်စ် အဆုံးသတ် မသေချာမှုတွေနဲ့ နောက်တန်းရဲ့ ပေါ့ဆမှုတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် အိမ်ကွင်း ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အက်စတွန်ဗီလာတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးခဲ့တာ ဖြစ်လို့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိလည်း ကျဆင်းသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အက်စတွန်ဗီလာတို့ လာမယ့် တစ်ပတ် စနေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အဖြစ် အာဆင်နယ်ကို အန်းမရိတ်စ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါပြီး ဝုဗ် ကလည်း လိဒ်စ်ယူနိုက်တက်ကို အဲလန်ရုတ်ဒ်မှာ သွားရောက် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်