နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သမိုင်းထဲက စံချိန်တွေကို ယူရို ၂၀၂၀ မှာ ဘယ်သူတွေ ချိုးဖျက်ကြမှာလဲ???(ကစားသမား)

ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို အပါအဝင် ကစားသမားတချို့ ကတော့ လက်ရှိ ယူရို ၂၀၂၀ မှာ စံချိန်ဟောင်းတွေကို ချိုးဖျက်ရင်း စံချိန်သစ်တွေလည်း ထပ်တင်နိုင်ဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ လက်ရှိပြိုင်ပွဲမှာ ၅ ဂိုးသွင်းပြီး ပလာတီနီနဲ့ တူညီနေခဲ့တဲ့ ဂိုးသွင်းအများဆုံး ကစားသမား စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို ယူရိုပြိုင်ပွဲ ၅ ကြိမ်အထိ ကစားထားသူ၊ နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမား စတဲ့ စံချိန်တွေလည်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ပိုလန်ရဲ့ ကစားသမား ကတ်စပါ ကော့ဇ်လိုးစကီး ကလည်း ပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ဆွီဒင်က ဖော့စ်ဘတ်နဲ့ ဒိန်းမတ်က ယူ့ဆက်ဖ်ပိုလ်ဆင် ကလည်း ယူရိုပြိုင်ပွဲ တစ်လျှောက် ဒုတိယမြောက်နဲ့ တတိယမြောက် အမြန်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် အခုတစ်ခါ မှာတော့ ၁၉၆၀ ခုနှစ်ကနေ ယူရို ၂၀၂၀ အထိ နှစ်ပေါင်း ၆၀ အတွင်း မှာ စံချိန်တင် မှတ်တမ်းကောင်းတွေ ရရှိထားတဲ့ ကစားသမားတွေက ဘယ်သူတွေလည်း ဆိုတာကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ရှုံးထွက်ပွဲစဉ်တွေကို ရင်ခုန်စွာနဲ့ စောင့်မျှော်ရင်း သမိုင်းကြောင်းကို ပြန်လှန်ကြည့် ရအောင်လားခင်ဗျာ။
 

ပွဲအများဆုံးကစားထားသူများ (ခြေစစ်ပွဲများအပါ)

  • ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ) – ၅၉ ပွဲ

ခရစ္စတီယာနိုရော်နယ်ဒို အနေနဲ့ လက်ရှိ ယူရို ၂၀၂၀ မှ ဘူဖွန်တင်ထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

  • ဂီယန်လီဂီ ဘူဖွန် (အီတလီ) – ၅၈ ပွဲ
  • မာရီယိုဖရစ်ခ် (လက်ချင်စတိန်း) – ၅၁ ပွဲ

 

ဂိုးအများဆုံး သွင်းထားသူများ (ခြေစစ်ပွဲများအပါ)

  • ခရစ္စတီယာနိုရော်နယ်ဒို (ပေါ်တူဂီ) – ၄၅ ဂိုး (နောက်ဆုံးအဆင့် သွင်းဂိုး ၁၄ ဂိုး)

(လက်ရှိ ယူရို ၂၀၂၀ ဟန်ဂေရီနဲ့ အဖွင့်ပွဲစဉ်မှ မီချယ်ပလာတီနီ တင်ထားခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ လက်ရှိပြိုင်ပွဲမှာတော့ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမား စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။)

  • ဇလာတန် အီဗရာဟီမိုဗစ် (ဆွီဒင်) – ၂၅ ဂိုး
  • ရော်ဘီကိန်း (အိုင်ယာလန်) -၂၃ ဂိုး

 

တစ်ပွဲချင်း ဂိုးအများဆုံး သွင်းထားသူများ

  • ဒီတီယာ မူလာ – ၃ ဂိုး (အနောက်ဂျာမနီ ၄-၂ ယူဂိုဆလားဗီးယား၊ ဆီမီးဖိုင်နယ်၊ ၁၇/၆/၁၉၇၆)
  • ကလော့စ် အဲလော့ဖ် – ၃ ဂိုး (အနောက်ဂျာမနီ ၃-၂ နယ်သာလန်၊ အုပ်စုအဆင့်၊ ၁၄/၀၆/၁၉၈၀)
  • မီချယ် ပလာတီနီ – ၃ ဂိုး (ပြင်သစ် ၅-၀ ဘယ်ဂျီယံ၊ အုပ်စုအဆင့်၊ ၁၆/၀၆/၈၄)
  • မီချယ် ပလာတီနီ – ၃ ဂိုး (ပြင်သစ် ၅-၀ ယူဂိုဆလားဗီးယား၊ အုပ်စုအဆင့်၊ ၁၉/၀၆/၈၄)
  • မာကိုဗန်ဘက်စတန် – ၃ ဂိုး (နယ်သာလန် ၃-၁ အင်္ဂလန်၊ အုပ်စုအဆင့်၊ ၁၅/၀၆/၁၉၈၈)
  • ဆာဂျီယို ကွန်ဆီကာအို – ၃ ဂိုး (ပေါ်တူဂီ ၃-၀ ဂျာမနီ၊ အုပ်စုအဆင့်၊ ၂၀/၀၆/၂၀၀၀)
  • ပက်ထရစ် ကလွိုင်ဗက် – ၃ ဂိုး (နယ်သာလန် ၆-၁ ယူဂိုဆလားဗီးယား၊ ကွာတားဖိုင်နယ်၊ ၂၅/၀၆/၂၀၀၀)
  • ဒါးဗစ်ဆေးလ်ဗား -၃ ဂိုး (စပိန် ၄-၁ ရုရှား၊ အုပ်စုအဆင့်၊ ၁၀/၀၆/၂၀၀၈)

 

ပြိုင်ပွဲတစ်ခုလုံး ဂိုးအများဆုံး သွင်းထားသူ

  • မီချယ် ပလာတီနီ(ပြင်သစ်၊ ၁၉၈၄) – ၉ ဂိုး

ပလာတီနီရဲ့ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ လက်ရှိမှာ သွင်းဂိုး ၅ ဂိုး ရရှိထားပြီး ဖြစ်လို့ အခုစံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုရင် လာမယ့် ဘယ်ဂျီယံနဲ့ပွဲ ကစပြီး အနည်းဆုံး သွင်းဂိုး ၄ ထက်မနည်း သွင်းယူနိုင်ဖို့ လိုအပ်နေပါတယ်။

 

အမြန်ဆုံးသွင်းဂိုး

  • ၁ မိနစ် ၇ စက္ကန့် – ဒီမီထရီ ခရစ်ချန်ကို (ရုရှား ၂-၁ ဂရိ၊ ၂၀/၀၆/၂၀၀၄)

လက်ရှိ ယူရို ၂၀၂၀ မှာတော့ ဆွီဒင် ကွင်းလယ်က ဖော့စ်ဘတ်က (၁မိနစ် ၂၂ စက္ကန့်)နဲ့ အမြန်ဆုံးဂိုး သွင်းသူ စာရင်းမှာ ဒုတိယနေရာ ရောက်ရှိလာခဲ့ပြီး ဒိန်းမတ် အသင်းဖော် ယူ့ဆက်ဖ် ပိုလ်ဆင်ကလည်း ၁ မိနစ် ၃၉ စက္ကန့်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
လိုက်ပ်ဇ်အသင်းဖော် ယူ့ဆက်ဖ်ပိုလ်ဆင်ဟာလည်း သမိုင်းတစ်လျှောက် အမြန်ဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့

လက်ရှိ ယူရို ၂၀၂၀ မှာတော့ ဆွီဒင် ကွင်းလယ်က အီမေးလ် ဖော့စ်ဘတ်က (၁မိနစ် ၂၂ စက္ကန့်)နဲ့ အမြန်ဆုံးဂိုး သွင်းသူ စာရင်းမှာ ဒုတိယနေရာ ရောက်ရှိလာခဲ့ပြီး ဒိန်းမတ် အသင်းဖော် ယူ့ဆက်ဖ် ပိုလ်ဆင်ကလည်း ၁ မိနစ် ၃၉ စက္ကန့်နဲ့ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

 

အသက်အငယ်ဆုံး ကစားသမား

  • ၁၇ နှစ် ၂၄၆ ရက် – ကတ်စပါ ကော့ဇ်လိုးစကီး (စပိန် ၁-၁ ပိုလန်၊ ၁၉/၀၆/၂၀၂၁)

 

အမြန်ဆုံး ဟက်ထရစ်

  • ၁၈ မိနစ် – မီချယ် ပလာတီနီ (ပြင်သစ်၃-၂ ယူဂိုဆလားဗီးယား၊ ၁၉/၀၆/၁၉၈၄)

 

အသက်အငယ်ဆုံး ဂိုးသွင်းသူ

  • ၁၈နှစ် ၁၄၁ ရက် – ဂျိုဟန်ဗိုလန်သန် (ဆွစ်ဇာလန် ၁-၃ ပြင်သစ်၊ ၂၁/၀၆/၂၀၀၄)

 

အသက်အကြီးဆုံး ကစားသမား

  • ၄၀နှစ် ၈၆ ရက် – ကဘာ ကီရာလီ (ဟန်ဂေရီ ၀-၄ ဘယ်လ်ဂျီယံ၊ ၂၆/၀၆/၂၀၁၆)

 

အသက်အကြီးဆုံး ဂိုးသွင်းသူ

  • ၃၈နှစ် ၂၅၇ ရက် – အီဗီကာ ဗက်စတစ် (သြစတြီးယား ၁-၁ ပိုလန်၊ ၁၂/၀၆/၂၀၀၈)

 

ပြိုင်ပွဲအများဆုံး ကစားထားသူများ

  • ၅ကြိမ် – ခရစ္စတီယာနို ရော်နယ်ဒို (ပေါ်တူဂီ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀)
  • ၄ကြိမ် – လိုသာမားသီးယက်စ် (အနောက်ဂျာမနီ/ဂျာမနီ ၁၉၈၀၊ ၁၉၈၄၊ ၁၉၈၈၊ ၂၀၀၀)
  • ၄ကြိမ် – ပီတာ ရှမိုက်ကယ် (ဒိန်းမတ် ၁၉၈၈၊ ၁၉၉၂၊ ၁၉၉၆၊ ၂၀၀၀)
  • ၄ကြိမ် – အလက်ဆန်ဒရို ဒဲလ်ပီယာရို (အီတလီ ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၀၈)
  • ၄ကြိမ် – အက်ဒ်ဝင် ဗန်ဒါးဆား (နယ်သာလန် ၁၉၉၂၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၀၈)
  • ၄ကြိမ် – လီလီယန် သူရမ် (ပြင်သစ် ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၀၈)
  • ၄ကြိမ် – အိုလော့ဖ်မဲလ်ဘက်ဂ် (ဆွီဒင် ၂၀၀၀၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂)
  • ၄ကြိမ် – ဂီယန်လီဂီ ဘူဖွန် (အီတလီ၊ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် – ပီတာဆက်ချ် (ချက် ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် – ဇလာတန် အီဗရာဟီမိုဗစ် (ဆွီဒင် ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် – အန်ဒရီယာ့စ် အီဇက်ခ်ဆန် (ဆွီဒင် ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် – ကင်မ်ကဲလ်စထရမ် (ဆွီဒင် ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် – ဂျာရိုဆလက်ဗ် ပလာဆေး (ချက် ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် – လူးကပ်စ် ပိုဒေါလ်စကီး (ဂျာမနီ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် –  သောမက်စ်ရိုဆစ်စကီး (ချက် ၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် –  ဘက်စတီယန် ရှဝိန်းစတိုင်ဂါ (ဂျာမနီ ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ် –  ဒါရီဟို ဆာနာ (ခရိုအေးရှား ၂၀၀၄၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆)
  • ၄ကြိမ်  – ဂျော်ဂျီယို ခီလီနီ (အီတလီ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀)
  • ၄ကြိမ် – ဆဘက်ရှန် လာဆင် (ဆွီဒင် ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀)
  • ၄ကြိမ် – လူကာမိုဒရစ်ခ် (ခရိုအေးရှား ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀)
  • ၄ကြိမ်  – ဂျာအို မော်တင်ဟို (ပေါ်တူဂီ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀)
  • ၄ ကြိမ် – ပီပီ (ပေါ်တူဂီ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၆၊ ၂၀၂၀)

 

 

ချန်ပီယံလိဂ်ဖလားနဲ့ ယူရို ဖလားတို့ကို တစ်ရာသီအတွင်း ရရှိထားတဲ့ ကစားသမားများ

  • လူးဝစ်ဆွာရက်စ်(အင်တာမီလန်/စပိန်၊ ၁၉၆၄)
  • ရော်နယ်ကူးမန်း (PSV/နယ်သာလန်၊၁၉၈၈)
  • ဘယ်ရီဗန်အာလီ (PSV/နယ်သာလန်၊၁၉၈၈)
  • ဟန်းစ်ဗန် ဘရုခ်ကလန်း (PSV/နယ်သာလန်၊၁၉၈၈)
  • ဂျာရဲလ်ဒ် ဗန်နန်ဘက်ဂ် (PSV/နယ်သာလန်၊၁၉၈၈)
  • ဂျူအန် မာတာ (ချယ်လ်ဆီး/စပိန်၊၂၀၁၂)
  • ဖာနန်ဒိုတောရက်စ်(ချယ်လ်ဆီး/စပိန်၊ ၂၀၁၂)
  • ခရစ္စတီယာနို ရော်နယ်ဒို(ရီးရဲမက်ဒရစ်/ပေါ်တူဂီ၊ ၂၀၁၆)
  • ပီပီ (ရီးရဲလ်မက်ဒရစ်/ပေါ်တူဂီ၊ ၂၀၁၆)

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်