နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို အနိုင်ကစားပြီး ဖိအားတွေလျှော့ချနိုင်ခဲ့တဲ့ ယူနိုက်တက်

ပီအက်စ်ဂျီ ၁ – ၂ မန်ချက်စတာယူနိုက်တက်

ယနေ့နံနက်မှာတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်း နဲ့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်း တို့ဟာ ပါ့စ် ဒက်စ် ပရင့်စ် ကွင်းထဲမှာ ချန်ပီယံလိဂ် အုပ်စု အဖွင့် ပွဲစဉ် ကစားခဲ့ ကြပြီး ဧည့်သည် အသင်းက ၂-၁ ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူ သွားနိုင်ခဲ့ ပါတယ်။ ၂၀၂၀ ချန်ပီယံလိဂ် အုပ်စု ဇ မှာ မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီ၊ လိုက်ပ်ဇစ်နဲ့ အစ်စတန်ဘူလ် ဘက်ရှီးယားတို့ အတူတူကျရောက်နေခဲ့ပြီး မသိမသာအုပ်စုကြပ်နေခဲ့တာပါ။ ခြေစွမ်း အကျ မြန်နေတဲ့ ယူနိုက်တက်ကို အစောပိုင်းက ပြင်သစ်မြေမှာ ရုံးကန်ရမယ် ထင်ခဲ့ကြပေမယ့် ဆိုးလ်ရှား ဦးဆောင်တဲ့ သရဲနီ အုပ်စုကတော့ ပါရီသားတွေကို နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ် အိမ်မက်ဆိုးတွေ ထပ်ပေးခဲ့ပြန်ပါတယ်။

သရဲနီ အုပ်စုကတော့ ပါရီသားတွေကို နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ် အိမ်မက်ဆိုးတွေ ထပ်ပေးခဲ့ပြန် ပါတယ်။
ပရီးမီးယားလိဂ်မှာ နိုင်ပွဲပြန်ရပြီး ချန်ပီယံလိဂ်မှာလည်း အဖွင့်လှထားတဲ့ ယူနိုက်တက်

အခုပွဲရဲ့ ပွဲချိန် မိနစ် ၂၀ မှာတော့ PSG နောက်ခံလူ ဒီယာလိုဟာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်ကို ဂိုးဧရိယာ ထဲမှာ ပစ်ဒဏ် ကျူးလွန် ခဲ့တဲ့ အတွက် ပင်နယ်တီပေးခဲ့ရပါတယ်။ အဲ့ဒီပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခဲ့ပေမယ့် ဂိုးသမား နာဗတ်စ်က ကာကွယ် သွားနိုင်ခဲ့ ပေမယ့် VAR နဲ့ ပြန်ပြီး စစ်ဆေး ကြည့်တဲ့ အခါမှာ ကေလာ နာဗတ်စ်အနေနဲ့ ဂိုး ဖမ်းယူ ခဲ့တဲ့ အချိန် ဂိုးစည်း ရဲ့အရှေ့ရောက် နေခဲ့တဲ့ အတွက် ယူနိုက်တက်တို့ ပင်နယ်တီ နောက်တစ်ကြိမ် ကန်ခွင့် ရရှိခဲ့ပါတယ်။ နောက်ထပ်တစ်ကြိမ်ကန်ခွင့်ရချိန်မှာတော့ ဘရူနို ဖာနန်ဒက်စ် က ဂိုးအဖြစ် ပြောင်းလဲ ပေးသွား နိုင်ခဲ့ပါတယ်။အဲ့ဒီနောက် ဒုတိယပိုင်းမှာ ပီအက်စ်ဂျီ က နေမာကန်တင်တဲ့ ထောင့်ကန်ဘောကို  မာရှယ်ရဲ့ ခေါင်းတိုက်ဖျက်ထုတ်မှု ညံ့ခဲ့တဲ့ အတွက် ကိုယ့်ဂိုးကိုယ်သွင်းသလို ဖြစ်သွား ခဲ့ရ ပါတယ် ။ အဲ့ဒီနောက် နှစ်ဖက် အသင်းဟာ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုက်စစ်မှူးတွေ အပိုင်အခွင့်အရေး အသုံး မချနိုင်တာတွေနဲ့ ဂိုးသမားတွေရဲ့ လက်စွမ်း ပြမှုကြောင့် ဂိုးရဖို့ ရုန်းကန် ခဲ့ရပါတယ်။ဒါပေမယ့်လည်း ပွဲချိန် ၈၇ မိနစ်အရောက်မှာတော့ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ အတွဲအဖက်ကနေ တစ်ဆင့် အင်္ဂလန် တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖိုဒ့်က အနိုင်ဂိုး ဂိုးသွင်းယူ နိုင်ခဲ့ပြီး ယူနိုက်တက် အတွက် အဝေးကွင်းနိုင်ပွဲတစ်ပွဲရှာဖွေပေးနိုင်ခဲ့တယ်။ ယူနိုက်တက် တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က  ပါ့စ် ဒက်စ် ပရင့်စ် ကွင်းမှာပဲ ပြိုင်ဖက် ကို ၁-၃ ဆိုတဲ့ ရလဒ် နဲ့ နောက် ကောက် ချနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့ဖူးပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖိုဒ့်ကတော့ ပါရီမြေမှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် တွေ့ဆုံချိန်တိုင်း အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ အိမ်ရှင် ပီအက်စ်ဂျီတို့ မန်ချက်စတာယူနိုက်တက်ကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီးကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှု အပိုင်းမှာတော့ ၁၄ ကြိမ်စီနဲ့ အတူတူပါပဲ။ မန်ချက်စတာယူနိုက်တက် တို့ ဂိုးပေါက်တည့်တဲ့ အကြိမ် ၁ခါလေးပဲပိုရခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး အန်ဘာပေးကတော့ ထုံးစံအတိုင်း ခြေစွမ်းပြနိုင်ခဲ့ပေ မယ့် မန်ချက်စတာယူနိုက်တက် နောက်တန်းက အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာကြောင့် ပြင်သစ်ကြယ်ပွင့် အပိုင်ကန် သွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီပွဲမှာ စွမ်းဆောင်ရည်အညံ့ဆုံက ပီအက်စ်ဂျီ ကွင်းလယ်ပိုင်း ဖြစ်ပြီး တချို့အချိန်တွေမှာဆိုရင် အိမ်မက်ယောင်ပြီး လမ်းလျှောက်နေတယ်တောင် ထင်ခဲ့ရပါတယ်။ သောမက်စ်မြူနီယာ မရရှိတော့တဲ့ ပီအက်စ်ဂျီကွင်းလယ်ကတော်တော်လေးကို စွမ်းဆောင်ရည်ကျ သွားပြီးတော့ တိုက်စစ်မှာ နေမာ၊ အန်ဘာပေးထက် အဆုံးသတ် သေချာတဲ့ အီကာဒီ၊ ချောင်ပိုမော့တင်းတို့ မပါလာနိုင်တာကလည်း ယူနိုက်တက်လို အသင်းနဲ့ ယှဉ်တဲ့အချိန်မှာ အားနည်းသွားခဲ့ပါတယ်။ ယူနိုက်တက်က အာရွန်ဘစ်ဆာခါ ကစားပုံ တော်တော်လေး ကောင်းမွန်ခဲ့တာ တွေ့ရပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ခေါင်းဆောင်နိုင်မှု စွမ်းရည်ကိုလည်း မြင်တွေ့ခဲ့ပါတယ်။ အခုနိုင်ပွဲက တော့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေ အတွက်ရော နည်းပြ အိုလီဂန်နား ဆိုးလ်ရှား အတွက်ပါ အရေးပါပြီး ဖိအားတွေ တော်တော်လေး လျှော့ချပေးနိုင်ခဲ့ပွဲလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် အောက်တိုဘာလ ၂၅ ရက်နေ့၊ စနေနေ့ မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ အဖြစ် ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး အခုနိုင်ပွဲကတော့ ယူနိုက်တက်အတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ ကတော့ ဒီဂျွန်နဲ့ တွေ့ဆုံကစားဖို့ ရှိနေပြီး ပွဲချောင်နေတယ်လို့ ဆိုရမှပါ။ နောက်တစ်ပတ် ဒီလိုအချိန်မှာပဲ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ဒုတိယပွဲအဖြစ် ပီအက်စ်ဂျီက အစ်စတန်ဘူလ်ဘက်ရှီးယားကွင်းမှာ သွားရောက်ကစားဖို့ ရှိနေပြီး မန်ချက်စတာယူနိုက်တက်ကတော့ လိုက်ပ်ဇစ်ကွင်းကို အိမ်ကွင်းမှာ လက်ခံကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်