နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ

အခုတစ်ခါမှာတော SBOTOP ပရိသတ်တွေ အတွက် ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ် ၅ ခုရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီသတင်းတွေ ကတော့ မေလ ၅ ရက်နေ့ ညနေပိုင်းမှာ နောက်ဆုံးရရှိထားတဲ့ သတင်းတွေ ဖြစ်ပြီး တချို့သော သတင်းတွေဟာ ကောလာဟလတွေ ဖြစ်လို့ ဂျာဆီကိုင်ပြီး အသင်းကနေ တရားဝင်ကြေညာချက် ထုတ်ပြန်မှပဲ အပြည့်အဝ ယုံကြည်ကြဖို့ ကြိုတင် မေတ္တာရပ်ခံပါရစေ။
 
ကိန်းကို ပေါင်သန်း ၉၀ နဲ့ခေါ်ပေးပြီး ပရိသတ်တွေကို ပြန်ချော့မယ့် ဂလေဇာ

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာ မိသားစုကတော့ ပရိသတ်တွေရဲ့ သူတို့အပေါ်မှာ ရှိနေတဲ့ ဒေါသတွေကို ဖြေလျှော့နို်ငရေး အတွက် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပေးဖို့ ပြင်ဆင်နေတယ်လို့ နာမည်ကြီး The Sun သတင်းစာ အပါအဝင် ဗြိတိန်မီဒီယာ တော်တော်များမှာ ဖော်ပြနေပါတယ်။ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဂလေဇာမိသားစု အနေနဲ့ ပေါင်သန်း ၉၀ ပေးပြီး ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဒီလို များပြားတဲ့ ငွေကြေးတစ်ရပ်နဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူပေးနိုင်ခဲ့ရင် လက်တလော ပြသနာတွေကို အတိုင်းအတာ တစ်ခုအထိ လျော့ချနိုင်လိမ့်မယ်လို့ ဂျိုဝဲလ်နဲ့ အေဗရာဟမ်ဂလေဇာ တို့က အပိုင်တွက်ဆနေကြောင်း ဖော်ပြပါတယ်။ ဟယ်ရီကိန်းအနေနဲ့ စပါးရဲ့ ဒီရာသီ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ လိဂ်ဖလား ပြိုင်ပွဲတွေမှာ ကျရှုံးခဲ့တာနဲ့ ပတ်သတ်လို့ တော်တော်လေးကို စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ကုန်ဆုံးသွားချိန်မှာတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်နိုင်ကြောင်း ဒေးလီးမေးလ် ကလည်း ဖော်ပြထားခဲ့ပါတယ်။

 
ကိန်း နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတွေ လိုက်ရှာနေတဲ့ စပါး

စပါးရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အပြင် အရန်တိုက်စစ်မှူး ကားလို့စ် ဗင်နီးစီးယပ်စ် ကလည်း ဘင်ဖီကာ မှာပဲ ပြန်ကစားဖို့ လိုလားနေတယ်လို့ သိရပါတယ်။ စပါးအတွက် ၂၂ ပွဲ ကစားပေးထားပြီး သွင်းဂိုး ၁၀ ဂိုးရရှိထားတဲ့ ဘရာဇီးလ်ကစားသမားရဲ့ စွမ်းဆောင်ရည်ဟာ ညံ့တဲ့အထဲမှာ မပါပေမယ့် ပရီးမီးယားလိဂ် ၉ ပွဲ ကစားရာမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာ ၆ ဂိုး၊ အက်ဖ်အေဖလားမှာ ၃ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးတို့ အဓိက တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ဖီအိုရင်တီးနားက ဒူဆန်ဗလာဟိုဗစ်၊ ဆောက်သမ်တန်က ဒန်နီအင့်ဂ်၊ တိုရီနိုက ဘယ်လော့တီ၊ လိုက်ပ်ဇစ်က အလက်ဇန်းဒါး ဆောလော့သ်၊ စတွက်စ်ဘော့ဂ်က ဟာဘစ် ဒိုင်ရယ်လို တို့ကို အဓိကပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
 
ဘယ်သူတွေ ဘယ်လောက်ပေးပေး ဟာလန်း ကတော့ မပြောင်းသေးဘူး

ဥရောပထိပ်သီးကလပ် တော်တော်များများက စိတ်ဝင်စားနေတဲ့ နော်ဝေကြယ်ပွင့် အာလင်းဘရွတ်ဟာလန်း ကတော့ လာမယ့်ရာသီ ဒေါ့မန်မှာပဲ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ့မန် အားကစားဒါရိုက်တာ စဘက်ရှန်ခဲလ်က ဟာလန်းဟာ လာမယ့်ရာသီ ဒေါ့မန်မှာပဲ ဆက်ကစားမယ်လို့ သိထားကြောင်း၊ သူဟာ အာလင်း ဟာလန်းနဲ့ နေ့တိုင်းတွေ့ဖြစ်ပြီး ကစားသမားအနေနဲ့ အသင်းမှာပဲ ဆက်ရှိနေဖို့ ရာနှုန်းပြည့် သဘောတူထားပြီး ဖြစ်လို့ ဒေါ့မန်မှာပဲ သေချာပေါက် ဆက်ရှိနေလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် အထောင်တိုက်စစ်မှူး ဟာလန်းကိုတော့ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ၊ မန်ချက်စတာစီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီး တို့က ခေါ်ယူဖို့ ချဉ်းကပ်နေကြပြီး ဟာလန်းကို ပေါင်သန်း ၁၅၀ အပြင် အပိုဆုကြေးတွေပါပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းထားတဲ့ အသင်းတောင် ရှိတယ်လို့ ခဲလ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဟာလန်းနဲ့ ဒေါ့မန်တို့ သဘောတူညီထားတဲ့ တရားဝင် စာချုပ်ဖျက်သိမ်းကြေး ကတော့ ပေါင် ၆၈ သန်း တန်ကြေးရှိတယ်လို့ သိရပါတယ်။ ဟာလန်းဟာ အခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ် မှာ ၁၀ ဂိုးသွင်းယူထားပြီး ထိပ်တန်း ဂိုးသွင်းရှင် ဖြစ်နေသလို ဒေါ့မန်အတွက် တစ်ရာသီလုံး ၃၈ ပွဲ ကစားပြီး ၃၇ ဂိုး သွင်းယူပေးထားပါတယ်။

ပေါင် ၇၈ သန်းဟာ လက်ရှိ အချိန်မှာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ ဖြစ်လို့ သောမက်စ်တူဟယ် အနေနဲ့ အသင်းဟောင်း ဒေါ့မန်က လူငယ်ကြယ်ပွင့်ကို တခြား ပရီးမီးယားလိဂ် ပြိုင်ဘက် တွေထက် လက်ဦးမှုရယူပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဒေါ့မန်အတွက် ၄၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆၂ ကြိမ် ပြုလုပ်ပေးထားတဲ့ ဂျေဒန်ဆန်ချို

 
ဆန်ချိုကို အပြိုင်ဝင်လုဦးမယ့် ချဲလ်ဆီး

ဟာလန်းရဲ့ အပြောင်းအရွှေ့လိုပဲ ဂျေဒန်ဆန်ချိုရဲ့ အပြောင်းအရွှေ့ သတင်းတွေ ကလည်း တော်တော်လေးကို ကျယ်လောင်လာခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်ခဲ့တဲ့ ဂျေဒန် ဆန်ချိုကို ဒီရာသီမှာ လစ်ဗာပူးလ်ကလည်း စိတ်ဝင်စားလာခဲ့ပြီး အသင်းမှာ ဆက်ရှိဖို့ မသေချာတဲ့ မိုဆာလာရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ချဲလ်ဆီးကလည်း ဆန်ချိုကို ခေါ်ယူဖို့ ယူနိုက်တက်၊ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ကမ်းလှမ်းမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ သတင်းတွေအရ ဆိုရင် ချဲလ်ဆီးတို့ ပေါင် ၇၈ သန်းနဲ့ ကမ်းလှမ်းဖို့တောင် စီစဉ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပေါင် ၇၈ သန်းဟာ လက်ရှိ အချိန်မှာ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ပမာဏ ဖြစ်လို့ သောမက်စ်တူဟယ် အနေနဲ့ အသင်းဟောင်း ဒေါ့မန်က လူငယ်ကြယ်ပွင့်ကို တခြား ပရီးမီးယားလိဂ် ပြိုင်ဘက်တွေထက် လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဒေါ့မန် ဘက်ကလည်း ဟာလန်းကိုပဲ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားမယ့် သဘောရှိပြီး ဆန်ချိုကိုတော့ အခုဈေးထက် မလျော့ခင် ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆန်ချိုရဲ့ တန်ကြေးဟာ ပေါင် ၁၀၅ သန်းအထိ ရှိခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း စီးပွားရေးကျဆင်းခဲ့တာနဲ့အတူ တန်ကြေးလည်း ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ အခုနှစ် ဘောလုံးရာသီ ဒေါ့မန်အတွက် ၁၂ ဂိုးသွင်းပြီး ၁၈ ဂိုးအထိ ဖန်တီးပေးထားခဲ့ပါတယ်။
 
အန်ဘာပေးထွက်ရင် မိုဟာမက်ဆာလာနဲ့ အစားထိုးဖို့ ပြင်နေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီတို့ အခုနှစ်ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ် အောင်မြင်မှု မရခဲ့လို့ အဓိက ကစားသမား ကီလီယန် အန်ဘာပေးကို လက်လွှတ်ရဖွယ် ရှိနေပါတယ်။ လက်ရှိမှာ အသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ပြင်ဆင်နေတဲ့ အန်ဘာပေး ကို ရီးရဲယ်မက်ဒရစ်က ခေါ်ယူဖို့ ကြိုးပမ်းနေပြီး ပီအက်စ်ဂျီ ဘက်ကလည်း လိုချင်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်မယ့် သဘောမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် အန်ဘာပေးနေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက်ဆာလာ ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ ဆာလာ ဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး အသင်းမှာ ကစားနိုင်သလောက် ကစားသွားချင်ပေမယ့် ဆုံးဖြတ်ချက်ကတော့ အသင်းအပေါ်မှာပဲ မူတည်တယ်ဆိုပြီး ပြောကြားထားခဲ့တာ ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရိုးမားကနေ ပြောင်းရွေ့လာခဲ့တဲ့ ဆာလာ ဟာ  လစ်ဗာပူးလ် အတွက် ၁၉၈ ပွဲကစားပြီး ၁၂၃ ဂိုး သွင်းယူပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်