နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆုံးအဖြတ်ပွဲမှ ဂိုးပြတ်သွင်းပြီး ဝေဖန်သံတွေ ရပ်တန့်စေခဲ့တဲ့ စပိန် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

ဆလိုဗက်ကီးယား၀ – ၅စပိန်

(ဒူဗရက်ဗ်ကာ၃၀’(OG)၊ လာပေါ့တ် ၄၅’+၃၊ ဆာရားဘီးယား ၅၆’၊ ဖာရန်း တောရက်စ် ၆၇’၊ ကက်ကာ ၇၁’(OG))

ယူရို ၂၀၂၀ အုပ်စု(C)ရဲ့ နောက်ထပ် အဆုံးအဖြတ် ပွဲစဉ် တစ်ပွဲမှာတော့ ဆလိုဗက်ကီးယားနဲ့ စပိန်တို့ ဆီဗီးလ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၅ ဂိုးပြတ် ရလဒ်နဲ့ စပိန် အသင်း အနိုင်ရရှိသွားခဲ့ပါတယ်။ အစောပိုင်း ပွဲစဉ် နှစ်ပွဲမှာ သရေရလဒ်တွေ ထွက်ပေါ်ခဲ့လို့ ဒီနေ့ပွဲဟာ စပိန်တို့ ယူရို ၂၀၂၀ရှုံးထွက်တက်ရေး အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး လူးဝစ် အင်းနရစ် ရဲ့ အသင်းက အကောင်းဆုံး ပုံစံနဲ့ ဆလိုဗက်ကီးယားကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လူးဝစ် အင်းနရစ်ခ်ရဲ့ အသင်းက ၄-၃-၃ ကစားကွက်ကို အခြေခံပြီး ပြီးခဲ့တဲ့ပွဲက လူစာရင်းကို ၄ နေရာ အထိ အပြောင်းအလဲ လုပ်ပြီး ပွဲထွက်လာခဲ့ပါတယ်။ပါအူတောရက်စ်၊ ယောယန်းတေး၊ အော်လမို၊ ရိုဒရီ တို့က အရန်ခုံ ပို့ခဲ့ပြီး အဲရစ်ခ် ဂါစီယာ၊ အက်ဇ်ပီလီကျူအာတာ၊ ဆာဂျီယို ဘူးစကွက်စ်၊ ဆာရားဘီးယား တို့နဲ့ ပွဲထွက်လာတဲ့ စပိန်တို့ ခြေစွမ်း ပိုကောင်းလာတာတော့ အမှန်ပါပဲ။ ရှုံးထွက်မျှော်လင့်ချက် ရှိနေသေးတဲ့ ဆလိုဗက်ကီးယားတို့ စပိန် ဆီကနေ ကျိန်းသေပေါက် သရေတစ်မှတ်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘူးစကွက်စ် ပြန်လည် ပါဝင်လာတဲ့ စပိန်ကွင်းလယ်ရဲ့ ဟန်ချက်ညီမှုကြောင့် တော်တော်လေးကို ရုန်းကန်ခဲ့ရပါတယ်။ စပိန်တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၉ ကြိမ် ပြုလုပ်ခဲ့ပြီး ၉ ကြိမ် ဂိုးပေါက်တည့်ပြီး သွင်းဂိုး ၅ ဂိုးရခဲ့တာ ဖြစ်ပါတယ်။ ဆလိုဗက်ကီးယား ကတော့ ဒီနေ့ပွဲမှ စပိန်ဘက်ကို ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မရှိခဲ့သလို ခံစစ်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ပီကာရစ်ခ်၊ ရှခရီညာ၊ ဆတ်ကာ၊ ဟူဘိုကန် အပြင် ဂိုးသမား ဒူဗရက်ဗ်ကာ တို့လည်း စပိန်တိုက်စစ်ရဲ့ ထက်မြတ်မှုကြောင့် အမှားတွေ များခဲ့ရတာ ဖြစ်ပါတယ်။ ဒါတောင် ပွဲချိန် ၁၂ မိနစ်မှာ မိုရာတာရဲ့ ပင်နယ်တီကို ဒူဗရက်ဗ်ကာ ကာကွယ်နိုင်ခဲ့လို့ ဆလိုဗက်ကီးယားတို့ သက်သာရာ ရသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒူဗရက်ဗ်ကာ ကိုယ်တိုင် လက်ဆောင် ပြန်ပေးခဲ့တဲ့ ဂိုးကြောင့်ပဲ စပိန်တို့ ပွဲချိန် မိနစ် ၃၀ မှာ စတင် ဦးဆောင်နိုင်ခဲ့ပြီး လာပေါတ့်က ပထမပိုင်း ပြီးလို့ နာကျင်အချိန်ပိုမှာ ဒုတိယဂိုး၊ ၅၆ မိနစ်မှာ ဆာရားဘီးယား၊ ၆၇ မိနစ်မှာ လူစားဝင်လာတဲ့ ဖာရန်း တောရက်စ်၊ ၇၁ မိနစ်မှာ ကက်ကာရဲ့ ကိုယ်ဂိုးကိုယ် သွင်းယူတဲ့ဂိုးကြောင့် စပိန်တို့ ၅ ဂိုးပြတ် အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

ကြယ်ပွင့်ကစားသမား – ဆာဂျီယို ဘူးစကွက်စ်

(စာရေးသူရဲ့ စိတ်ကြိုက်ကစားသမား -မရှိ)

ဒီပွဲအတွက် အကောင်းဆုံး ကစားသမား အဖြစ် စပိန်ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ် အရွေးချယ်ခံခဲ့ရပါတယ်။ အခုပွဲမှာ UEFA နည်းစနစ် စောင့်ကြည့်လေ့လာသူအဖြစ် တာဝန်ယူခဲ့တဲ့ စပိန်ကစားသမားဟောင်း ဂီနက်စ် မဲလ်လန်ဒက်ဇ် ကတော့ ဘူးစကွက်စ်ဟာ စပိန်ရဲ့ တိုက်စစ်နဲ့ ခံစစ်ကို ဟန်ချက်ညီစေခဲ့သူလို့ သုံးသပ်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ ဒီပွဲစဉ်မှာ ဘူးစကွက်စ် ပြန်ပါလာလို့ စပိန်တို့ ကစားပုံ ပြန်ကောင်းခဲ့တယ် ဆိုရင်တော့ သိပ်ပြီး လက်မခံချင်ပါဘူး။ ပညာရှင်တွေလောက် ကျွမ်းကျွမ်းကျင်ကျင် မသုံးသပ်နိုင်ရင်တောင် ပွဲကြည့်ခဲ့တဲ့သူ ဘောလုံး သဘောတရားကို နားလည်တဲ့သူ ဆိုရင် ဘူးစကွက်စ်ရဲ့ ဘယ်လောက်အထိ စွမ်းဆောင်နိုင်ခဲ့သလဲ သိပါတယ်။ အမှန်တိုင်း ပြောရရင် စပိန်ရဲ့ နိုင်ပွဲအတွက် ဘူးစကွက်စ်ထက် အရေးပါခဲ့တဲ့ ကစားသမား ၅ ယောက်ထက် မနည်းရှိပါတယ်။

ဆလိုဗက်ကီးယားတို့အစောပိုင်းမှာယူရို၂၀၂၀ရှုံးထွက်တက်ဖို့အကောင်းဆုံးမျှော်လင့်နိုင်ခဲ့ပေမယ့်ဂိုးကွာခြားချက်ကြောင့်လက်ရှိမှာအကောင်းဆုံးတတိယအသင်းအဖြစ်တက်ရောက်ခွင့်နဲ့တောင်လွဲချော်သွားခဲ့ပါပြီ။
အုပ်စု တတိယရခဲ့ပေမယ့် ဂိုးကွာခြားချက် -၅ နဲ့ အုပ်စုပြုတ်ခဲ့တဲ့ ဆလိုဗက်ကီးယား

 

ပွဲပြီးအချက်အလက်များ

•         စပိန်တို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ၇ ကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ၆ ကြိမ်မြောက် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

•         စပိန်တို့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး နိုင်ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ၅ သင်းမြောက်ဖြစ်လာခဲ့ပါတယ်။ ယူရို ၂၀၀၀ မှာ နယ်သာလန်က ယူဂိုဆလားဗီးယားကို ၆-၁၊ ယူရို ၁၉၈၄ မှာ ဒိန်းမတ်က ယူဂိုဆလားဗီးယားကိုပဲ ၅-၀၊ ယူရို ၁၉၈၄ မှာပဲ ပြင်သစ်က ဘယ်လ်ဂျီယံကို ၅-၀၊ ယူရို ၂၀၀၄ မှာ ဆွီဒင်က ဘူလ်ဂေးရီးယားကို ၅-၀၊ လက်ရှိ ယူရို ၂၀၂၀ မှာ စပိန်က ဆလိုဗက်ကီးယားကို ၅-၀ တို့နဲ့ အနိုင်ရထားခဲ့ပါတယ်။

•         စပိန်တို့ နောက်ဆုံးရခဲ့တဲ့ ပင်နယ်တီ ၅ ကြိမ်မှာ ၅ ကြိမ်စလုံး လွဲချော်ခဲ့ပါတယ်။

•         ပြင်သစ်လက်ရွေးစင် အသင်းကို မရွေးချယ်ခဲ့တဲ့ ဗဟိုခံစစ် ကစားသမား လာပေါ့တ် အနေနဲ့ စပိန် အတွက် ၄ ပွဲကစားပြီးချိန်မှာ ပထမဦးဆုံး သွင်းဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဆလိုဗက်ကီးယားတို့ အစောပိုင်းမှာယူရို ၂၀၂၀ရှုံးထွက်တက်ဖို့ အကောင်းဆုံး မျှော်လင့်နိုင်ခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် လက်ရှိမှာ အကောင်းဆုံး တတိယအသင်း အဖြစ် တက်ရောက်ခွင့်နဲ့တောင် လွဲချော်သွားခဲ့ပါပြီ။ စပိန်ကတော့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ ခရိုအေးရှားနဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်