နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသက်ကြီးပေမယ့် မပျက်စီးဘူးဆိုတာ အလုပ်နဲ့ သက်သေပြ‌နေဆဲ ရော်နယ်ဒို (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၄-၁ နယူးကာဆယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ် တို့ရဲ့ ပွဲစဉ်မှာတော့ ယူနိုက်တက်တို့ တကျော့ပြန်သူရဲကောင်း ခရစ္စတီယာနိုရော်နယ်ဒို ရဲ့ သွင်းဂိုး ၂ဂိုး အပါအ၀င် ၄-၁ ရလဒ်နဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာ တက်လှမ်းသွားခဲ့ပါတယ်။

ထူးခြားတာက ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ယူနိုက်တက်နဲ့ ပထမဆုံးပွဲစဉ်ကို အသင်းရဲ့ ဥက္ကဌ အေဗရမ် ဂ‌လေဇာ ကိုယ်တိုင် ၂ နှစ်တာ ကာလ အတွင်း ပထမဆုံး အကြိမ်အဖြစ် တက်ရောက် ကြည့်ရှုခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဆာအဲလက်စ် ဖာဂူဆန် အပါအ၀င် ယူနိုက်တက် အသင်းနဲ့ သက်ဆိုင်သူ တွေ အားလုံး တက်ရောက်ခဲ့ပြီး ပရိသတ်‌တွေ ကလည်း ကွင်းလုံးပြည့်လာ‌ရောက် အားပေးခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဆိုးလ်ရှားရဲ့ အသင်းက ဒါးဗစ် ဒက်ဟဲယား၊ ဗာရန်း၊ မက်ဂွိုင်းယား၊ ဝမ် ဘစ်ဆာခါ၊ လုခ်ရှော၊ မားတစ်၊ ပေါ့ဘာ၊ ဂရင်းဝုဒ်၊ ဖာနန်ဒက်စ်၊ ဆန်ချို၊ ရော်နယ်ဒို တို့နဲ့ လူစုံခဲ့သလို နယူးကာဆယ် ဘက်မှာလည်း စိန့်မက်ဆီမင်၊ ဂျိုးလင်တန်၊ ဝေးလ်လော့ခ်၊ လက်ဆဲလက်စ် တို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ထိုးဖောက်မှုတွေကို ဧည့်သည် နယူးကာဆယ်တို့ ပထမပိုင်း တစ်ပိုင်းလုံး အတတ်နိုင်ဆုံး ထိန်းချုပ်သွားနိုင်ခဲ့ပေမယ့် ဂရင်းဝုဒ်ရဲ့ ကန်ချက်ကို နယူးကာဆယ် ဂိုးသမား ဖရက်ဒီ ဝုဒ်မန်း အသေအချာ မဖမ်းနိုင်မှု ကနေ ပြန်အံ့ထွက်လာတဲ့ ဘောလုံးကို ရော်နယ်ဒိုက အပိုင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ ယူနိုက်တက်နဲ့ နောက်ထပ်တစ်ကြိမ် လက်တွဲခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ဖို့ ၄၇ မိနစ်သာ အချိန်ယူခဲ့ရပါတယ်။ အဲ့နောက် ဒုတိယပိုင်း ပွဲကစားချိန် ၅၆ မိနစ်မှာ မင်ကွီလိုက နယူးကာဆယ် အတွက် ချေပဂိုး သွင်းယူပေးခဲ့လို့ ယူနိုက်တက် ပရိသတ်တွေ စိတ်ပူခဲ့ရပါသေးတယ်။ ဒါပေမယ့် ပွဲချိန် ၆၂ မိနစ်မှာ ရော်နယ်ဒို ကပဲ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူ‌ ပေးခဲ့ပြီး ပျော်ရွှင်စေခဲ့သလို သူ့အနေနဲ့ ယူနိုက်တက်နဲ့ သွင်းဂိုး ၁၂၀ ပြည့်ခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုဟာ မန်ယူနိုက်တက် အတွက်နောက်ဆုံး အကြိမ် ဂိုးသွင်းပြီးနောက် ၁၂နှစ်နဲ့ ၁၂၄ရက် အကြာမှာ တကျော့ပြန် ဂိုးသွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် အနိုင်ဂိုး ၂ ဂိုးကို ဘရူနို ဖာနန်ဒက်စ်နဲ့ လင်ဂတ် တို့က လှလှပပ သွင်းယူ‌ပေးခဲ့ကြလို့ ယူနိုက်တက် ပရိသတ်တွေ ပျော်မဆုံးအောင် ဖြစ်ခဲ့ကြပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး နယူးကာဆယ် ကတော့ လာမယ့် စက်တင်ဘာလ ၁၈ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
အခုနှစ် ပရီးမီးယားလိဂ်မှာ ရှုံးပွဲလုံး၀ မရှိသေးတဲ့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ပွဲမှာ ရော်နယ်ဒိုဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၂ကြိမ်မှာ သွင်းဂိုး ၂ ဂိုး ရရှိခဲ့ပါတယ်။ ဖာနန်ဒက်စ် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၅ ကြိမ် မှာ ဂိုးပေါက်တည့်မှု ၁ကြိမ် သွင်းဂိုး ၁ဂိုး ရခဲ့ပါတယ်။ ပြောရမယ် ဆိုရင် ဒီနေ့ပွဲဟာ ရော်နယ်ဒို အတွက် ဖြစ်ခဲ့တယ် ဆိုပေမယ့် ပေါ့ဘာ ကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ပါတယ်။ ပေါ့ဘာ အနေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ဂိုးဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့သလို ဖာနန်ဒက်စ် ကလည်း ၄ပွဲ ကစားပြီး ၄ ဂိုး သွင်းယူထားနိုင်ခဲ့ပြီ။ အခု နောက်ဆုံး ရော်နယ်ဒိုပါ ထပ်ရောက်လာတဲ့ အတွက် အမှန်တိုင်း ပြောရရင် ယူနိုက်တက်ရဲ့ လူစာရင်းဟာ တော်တော်လေး တောင့်တင်းသွားတာ တွေ့ရသလို ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်တွေ အရင်ထက်ပိုပြီး ရှင်သန်လာခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် အခုချိန်ထိ ကစားထားတဲ့ အသင်းတွေထဲမှာ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်တဲ့ အသင်းကြီး တစ်သင်းမှ မပါသေးတာ ကိုတော့ မေ့ထားလို့ မရပါဘူး။ ဆိုးလ်ရှားရဲ့ အသင်း အနေနဲ့ အခုထက် ပိုကောင်းတဲ့ ရလဒ်တွေ မျှော်လင့်နိုင်ဖို့ အတွက် ဆိုရင် ဂျေဒန် ဆန်ချို၊ ဗန်ဒီဘိခ်၊ မာစီရယ်၊ ဖရက်ဒ် တို့လို ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း တိုးတက်ဖို့ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

 
လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် အဖြစ် ဆွစ်ဇာလန် ကလပ် ယန်းဘွိုင်းစ်နဲ့ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး နယူးကာဆယ် ကတော့ လာမယ့် စက်တင်ဘာလ ၁၈ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်