အခုတစ်ခါ မှာတော့ SBOTOP ဘောလုံးဝါသနာရှင် ပရိသတ်တွေ အတွက် အောက်တိုဘာလ ၈ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် အပါအဝင် စိတ်ဝင်စားဖွယ် ဘောလုံး သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ လစာ အများဆုံး ကစားသမား ဖြစ်လာဖို့ မျှော်လင့်နေတဲ့ ပေါ့ဘာ
ပေါလ် ပေါ့ဂ်ဘာ အနေနဲ့ ဥရောပထိပ်သီး အသင်းကြီး အများစုရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်ရှိနေဖို့ လိုလားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် ပေါ့ဘာ ဟာ အခုနှစ် ရာသီ အကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်တလော မှာတော့ သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ထင်ကြေး များစွာလည်း ထွက်ပေါ်နေပါတယ်။ ပီအက်စ်ဂျီ၊ ရီးရဲယ်မက်ဒရစ်၊ ဂျူဗင်တပ်စ် တို့နဲ့ အသံထွက်နေချိန်မှာ အခုလို မထင်မှတ်ထားတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့လို့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့ဟာ ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းသွားခဲ့ပါတယ်။ ပြင်သစ် ကလာတဲ့ သတင်းတွေအရ ဆိုရင် ပေါ့ဘာဟာ ရော်နယ်ဒို၊ ဆန်ချို၊ ဗာရန်းတို့ ရောက်ရှိလာတာကြောင့် ယူနိုက်တက်မှာ ဆက်ပြီး ကစားလိုခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အသက် ၂၈ နှစ် အရွယ် ပေါ့ဘာ အနေနဲ့ ပရီးမီးယားလိဂ်မှာ လုပ်ခလစာ အများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာဖို့ မျှော်လင့်နေပြီး ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်လည်း ချုပ်ဆိုချင်နေတယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ
စတိဗ်ဘရုစ်ကို ထုတ်ပြီး ပေါင်သန်း ၂၅၀ စသုံးမယ့် PIF
သတင်းတွေအရ ဆိုရင် ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း (PIF) ဟာ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်လာခဲ့ပါပြီ။ ဆော်ဒီ အာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ မနှစ်ကတည်းက နယူးကာဆယ်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပြီး ပိုင်ရှင် ဖြစ်သူ မိုက်အက်ရှ်လေ ကလည်း ရောင်းချဖို့ ဆန္ဒရှိခဲ့ပေမယ့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ရဲ့ တားဆီးမှုကြောင့် ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။ PIF ဟာ ပေါင် ၃၂၀ ဘီလီယံ အထိ ချမ်းသာ ကြွယ်ဝတာကြောင့် ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံးအသင်း ပိုင်ရှင် အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ လက်တလော မှာတော့ ပိုင်ရှင် အသစ် PIF ဟာ နည်းပြ စတိဗ်ဘရုစ်ကို ရာထူးက ထုတ်ပယ်ဖို့ စဉ်းစားနေပြီး လာမယ့် အပြောင်းအရွှေ့ ဈေးကွက် မှာလည်း ပြောင်းရွှေ့ကြေး ပေါင် ၂၅၀ သန်း လောက် အထိ သုံးစွဲဖို့ လျာထားတယ်လို့ သိရကြောင်း သတင်းတွေမှာ ဖော်ပြနေပါတယ်။
နှစ်ဂိုးပြတ် ဦးဆောင်ပြီးမှ သုံးဂိုး ပြန်ပေးပြီး ရှုံးတဲ့ ဘယ်ဂျီယံ
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ် မှာတော့ ပြင်သစ်က ဘယ်ဂျီယံကို နောက်ကျဂိုးတွေနဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ပထမပိုင်းမှာ ဘယ်ဂျီယံတို့ ကာရက်စ်ကို၊ လူကာကူ တို့ရဲ့ ဂိုးတွေနဲ့ ၂ ဂိုးပြတ် ဦးဆောင်ထား နိုင်ခဲ့ပေမယ့် ပြင်သစ်က ဘန်ဇီမာ၊ အန်ဘာပေးနဲ့ သီယို ဟာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရလို့ ဒီပြိုင်ပွဲ မှာလည်း ဆီမီးဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် ကတော့ လာမယ့် အောက်တိုဘာလ ၁၁ ရက်နေ့မှာ စပိန်နဲ့ ဗိုလ်လုရမှာ ဖြစ်ပြီး ဘယ်ဂျီယံ ကတော့ ၁၀ ရက်နေ့မှာ အီတလီနဲ့ တတိယနေရာလုပွဲ ကစားရတော့ မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.