နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိမ္မော်ရောင် သွင်းဂိုးတွေနဲ့ နှုတ်ဆက်ခြင်း ခံလိုက်ရတဲ့ ပန်ဒက်ဗ် – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

နယ်သာလန် ၃ – ၀ မြောက်မက်ဆီဒိုးနီးယား

(ဒီပေး ၂၄’၊ ဝိုင်နယ်ဒမ် ၅၁’၊ ၅၈’)
မနေ့ညက ယူရို ၂၀၂၀ အုပ်စု(C)ရဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး နယ်သာလန်က ဒီပေး၊ ဝိုင်နယ်ဒမ် တို့ရဲ့ သွင်းဂိုးတွေနဲ့ မြောက်မက်ဆီဒိုးနီးယားကို ၃ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် နယ်သာလန်တို့ ၃ ပွဲကစား၊ ၃ ပွဲနိုင်၊ ရဂိုး ၈ ဂိုး၊ ပေးဂိုး ၂ ဂိုးနဲ့ အုပ်စု(C) ပထမနေရာ ကနေ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်ကို တက်သွားခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယား ကတော့ နိုင်ငံ့လက်ရွေးစင် ကစားသမား အဖြစ်ကနေ အနားယူသွား (အပြီးတိုင် အနားယူခြင်းလည်း ဖြစ်နိုင်)တဲ့ ဂိုရန် ပန်ဒက်ဗ်ရဲ့ နှုတ်ဆက်ပွဲ နဲ့အတူ ယူရို ၂၀၂၀ အုပ်စု အဆင့် ကနေပဲ လက်ပြသွားခဲ့ပါတယ်။

မြောက်မက်ဆီဒိုးနီးယား ကတော့ နိုင်ငံ့လက်ရွေးစင် ကစားသမား အဖြစ်ကနေ အနားယူသွား (အပြီးတိုင် အနားယူခြင်းလည်း ဖြစ်နိုင်)တဲ့ ဂိုရန် ပန်ဒက်ဗ်ရဲ့ နှုတ်ဆက်ပွဲ နဲ့အတူ ယူရို ၂၀၂၀ အုပ်စု အဆင့် ကနေပဲ လက်ပြသွားခဲ့ပါတယ်။
မြောက်မက်ဆီဒိုးနီးယား အသင်းအတွက် ၁၂၂ ပွဲမြောက် ကစားပြီး အနားယူသွားတဲ့ ပန်ဒက်ဗ်

ဒီနေ့ပွဲမှာ ဖရန့်ခ် ဒီဘိုးဝါးရဲ့ အသင်းက ပြီးခဲ့တဲ့ ဩစတြီးယားနဲ့ ပွဲတုန်းက လူစာရင်းကို ၂ နေရာသာ အပြောင်းအလဲ ပြုလုပ် ပွဲထွက်လာတာ တွေ့ရပြီး ဒီရွန်နေရာမှာ အေဂျက်စ် ကြယ်ပွင့် ဂရာဗန်ဘန့်ချ်နဲ့ ဝဂ်ဟော့တ်စ် နေရာမှာ မဲလန်ကို အသုံးပြုခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယား ကတော့ ရှေ့နှစ်ပွဲကလို ခံစစ်အသားပေး ၃-၅-၂၊ ၅-၃-၂ ကစားကွက်တွေ မသုံးခဲ့ပဲ ထူးဆန်းစွာနဲ့ပဲ ၄-၂-၃-၁ နဲ့ နယ်သာလန်ကို ရင်ဆိုင်လာခဲ့ပါတယ်။ အမှန်တော့ မြောက်မက်ဆီဒိုးနီးယားတို့ အဖွင့်ပွဲစဉ်မှာ ကတည်းက အခုလို ကစားကွက်ကိုပဲ အသုံးပြုခဲ့သင့်ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ နယ်သာလန် လို အသင်းကြီး တစ်သင်းရဲ့ ဂိုးပေါက်ကို ၁၃ ကြိမ်အထိ ခြိမ်းခြောက်သွားနိုင်ခဲ့တာဟာ မဆိုးဘူးလို့ ပြောရမှာပါ။ အသင်းကြီး တစ်သင်း မဟုတ်လို့ အဆုံးသတ်ပိုင်း အားရစရာ မရှိတာ ကိုတော့ နားလည်ပေးရမှာ ဖြစ်ပါတယ်။ နယ်သာလန် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၇ ကြိမ်၊ အပိုင်အခွင့်အရေး ၆ ကြိမ် အထိ ရရှိခဲ့ပြီး ၃ ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒက်ချ် အတွက် သွင်းဂိုးတွေ ကိုတော့ ပွဲချိန် ၂၄ မိနစ်မှာ ဒီပေးနဲ့ ၅၁ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ ဝိုင်နယ်ဒမ် တို့က အခက်အခဲမရှိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပေးရဲ့ သွင်းဂိုး အတွက် ကိုတော့ တိုက်စစ်မှူး မယ်လန်က ဖန်တီးပေးခဲ့ပြီး ဝိုင်နယ်ဒမ်ရဲ့ သွင်းဂိုးတွေ အတွက် ကိုတော့ ဝိုင်နယ်ဒမ်က ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။
 

ကြယ်ပွင့်ကစားသမား – ဂျော်ဂျီနို ဝိုင်နယ်ဒမ်

(စာရေးသူ စိတ်ကြိုက်ကစားသမား – မန်းဖစ် ဒီပေး)
ယူအီးအက်ဖ်အေ နည်းစနစ် လေ့လာသူ ကာရန်ကာ ကတော့ ဝိုင်နယ်ဒမ်ဟာ ကွင်းထဲမှာ ပွဲချိန်ပြည့် အကောင်းဆုံး ဦးဆောင် ညွှန်ကြားနိုင်ခဲ့သူ ဖြစ်ပြီး ကိုယ်တိုင်လည်း ၂ ဂိုး သွင်းပေးခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဝိုင်နယ်ဒမ်ဟာ အခုပွဲအတွက် ဟန်နီကန် ကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်တိုင် ဦးဆောင်ဂိုး သွင်းပြီး  ဝိုင်နယ်ဒမ်ရဲ့ သွင်းဂိုး၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့သူ မန်းဖစ် ဒီပေး ဟာလည်း ဒီနိုင်ပွဲ အတွက် အရေးပါခဲ့သူ ဖြစ်သလို ဘာစီလိုနာ တိုက်စစ်မှူး အသစ်ဟာ နယ်သာလန် အတွက် ကစားပေးထားတဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၉ ဂိုး အထိ သွင်းယူထားနိုင်သူ ဖြစ်ပါတယ်။
 

ပွဲပြီးအချက်အလက်များ

  • ဝိုင်နယ်ဒမ်ဟာ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်မှာ ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် နယ်သာလန် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဝိုင်နယ်ဒမ် မတိုင်ခင် ဗန်နစ်စတယ်ရွိုင်းလ်က ယူရို ၂၀၀၄ မှာ ၄ ဂိုးသွင်းထားခဲ့တာ ဖြစ်ပါတယ်။
  • မန်းဖစ်ဒီပေး ကတော့ နယ်သာလန် အတွက် နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။
  • နယ်သာလန်တို့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၁၀ ပွဲမှာ သွင်းဂိုး ၂၉ ဂိုးအထိ ရရှိခဲ့ပြီး တစ်ပွဲပျမ်းမျှ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့ပါတယ်။
  • နယ်သာလန်တို့ ယူရိုပြိုင်ပွဲ အုပ်စု အဆင့်ကို တတိယအကြိမ်မြောက် ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ (ယူရို ၂၀၀၀၊ ယူရို ၂၀၀၈ နဲ့ ယူရို ၂၀၂၀)
  • နယ်သာလန်တို့ ယူရိုပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ စုစုပေါင်း ၄၇ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဒက်ချ် တို့ထက် ပိုပြီး ဂိုးသွင်းထားနိုင်တဲ့ အသင်း မရှိသေးပါဘူး။
  • ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် နောက်ဆုံးအဆင့် ပွဲစဉ်တွေမှာ နယ်သာလန်တို့ ၃ ဂိုးနဲ့ ၃ ဂိုးနဲ့အထက် သွင်းနိုင်ခဲ့တဲ့ပွဲ ၁၁ ပွဲ ရှိလာခဲ့ပါတယ်။
  • နယ်သာလန်တို့ နောက်ဆုံးကစားခဲ့တဲ့ ယူရို အုပ်စု ပွဲစဉ် ၁၇ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲဟာ ၁ ပွဲသာ ရှိခဲ့ပါတယ်။
  • မြောက်မက်ဆီဒိုးနီးယား ကတော့ ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
  • အိန်ဂျယ်လော့ဗ်စကီး ရဲ့အသင်း အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၁၈ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ ပွဲ ၂ ပွဲသာ ရှိခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

နယ်သာလန်တို့ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ အုပ်စု (D,E,F) ကနေ အကောင်းဆုံး တတိယ အဖြစ် တက်လာမယ့် အသင်းနဲ့ ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ ယူရို ပြိုင်ပွဲကို သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်လာခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယား ကတော့ အုပ်စု အဆင့်ကနေပဲ ကျေနပ်စွာ အိမ်ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်