နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအရရော၊ ခြေစွမ်းအရပါ သာနေတဲ့ ဘာစီလိုနာကိုပဲကြိုက်တယ် – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးရဲယ် – ဘာစီလိုနာ

လာလီဂါ ချန်ပီယံလုပွဲ ဇာတ်ရှိန်မြင့်လာချိန်မှာ ဘာစီလိုနာတို့ အတွက် ငယ်နိုင်အသင်း တစ်သင်းလို ဖြစ်နေတဲ့ ဗီလာရီးရဲယ်နဲ့ တွေဆုံနေလို့ ကံကောင်းတယ်လို့ပဲ ပြောရမှာပါ။ နောက်ပြီး အဓိကကစားသမားတွေ ဒဏ်ရာကနေ ပြန်လည် သက်သာလာခြင်းက ဘာစီလိုနာကို ပိုပြီးတောင့်တင်းသွားစေပြီး ပူပူနွေနွေး ရထားတဲ့ ကိုပါဒယ်ရေး ချန်ပီယံဆုကလည်း စိတ်ဓာတ်ခွန်အား ဖြစ်စေနိုင်တာကြောင့် ဒီရာသီ လာလီဂါ ချန်ပီယံလုဖက် နှစ်သင်းထက် ပိုပြီးအားသာချက်တွေ ရှိနေခဲ့ပါတယ်။

အခုပွဲပြီးရင် ဗီလာရီးရဲယ်တို့ အာဆင်နယ်နဲ့ ယူရိုပါလိဂ် ကစားရမှာ ဖြစ်လို့ ဘာစီလိုနာကို လွယ်လွယ်လေးပဲ လာလီဂါ အနိုင် ၃ မှတ် လှူဦးမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။
လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နေတဲ့ ဗီလာရီးရဲယ်

ဘာစီလိုနာတို့ တောင်ပံကစားသမား ဆာဂျီ ရောဘတ်တို၊ နောက်ခံလူ ပီကေးတို့ ဒဏ်ရာက ပြန်လည်သက်သာလာမှုနဲ့ အတူ အသင်းလိုက်ကစားပုံ ပိုမိုကျစ်လျစ်လာတာ တွေ့ရပါတယ်။ ဒဏ်ရာရ/ပွဲပယ် ကစားသမား မရှိတာက နည်းပြ ရော်နယ်ကိုးမန်း အတွက် သဘောကျစရာ ဖြစ်ပြီး သူ့အနေနဲ့ အသင်းကို စိတ်ကြိုက် ပြင်ဆင်ပြီးမှာ ပွဲထွက်ကစားခိုင်းလို့ ရနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာတို့ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါ အဝေးကွင်း ၁၀ ပွဲမှာ ရီးရဲယ်မက်ဒရစ် တစ်သင်းတည်း ကိုပဲ ရှုံးနိမ့်ထားပြီး ကျန် ၉ ပွဲစလုံးမှာ အနိုင်ရခဲ့ပြီး ပွဲတိုင်းမှာ ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ဆိုရင် ဘာစီလိုနာ တိုက်စစ်က ၁၇ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ လက်ရှိ လာလီဂါ မှာ ဂိုးအများဆုံး သွင်းထားတဲ့ လီယွန်နယ်မက်ဆီ အနေနဲ့လည်း နောက်ဆုံး ၂ ပွဲမှာ ၄ ဂိုးအထိ ပြန်သွင်းထားတာ တွေ့ရပါတယ်။ အခုပွဲ အပါအဝင် လက်ကျန် ပွဲစဉ် ၇ ပွဲ ကစားဖို့ရှိနေသေးတဲ့ ဘာစီလိုနာတို့ အသင်းကောင်းတချို့နဲ့ ရင်ဆိုင်ရဦးမှာမို့လို့ အခုပွဲမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ ကြိုးစားလာပါလိမ့်မယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ ဒဏ်ရာရ လူစာရင်းမှာတော့ အန်ဆုဖာတီ၊ နီတို၊ အူစမန်နီ ဒမ်ဘီလီနဲ့ ကော်တင်ဟိုတို့ ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ စုနှစ် တစ်ခုအတွင်း ဘယ်လောက်အထိ ခြေစွမ်းကောင်းနေခဲ့ပါစေ ဘာစီလိုနာကို ဆိုရင် တစ်ကြိမ်တစ်ခါမှ အနိုင်မရခဲ့တာက ဗီလာရီးရဲယ်တို့ အတွက် တကယ့်ကို စိတ်ပျက်စရာပါပဲ။ အူနိုင်းအန်မေရီရဲ့ အသင်းက လက်ရှိ ယူရိုပါလိဂ် မှာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်နေပြီ ဖြစ်လို့ လာလီဂါကို အာရုံစိုက်ဖို့ ခက်နေပုံပါပဲ။ ပြီးခဲ့တဲ့ ပွဲမှာ အဲလ်ဗက်စ်ကို ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်ရဦးမှာလည်း ဖြစ်ပါတယ်။ အခုပွဲပြီးရင် ဗီလာရီးရဲယ်တို့ အာဆင်နယ်နဲ့ ယူရိုပါလိဂ် ကစားရမှာ ဖြစ်လို့ ဘာစီလိုနာကို လွယ်လွယ်လေးပဲ လာလီဂါ အနိုင် ၃ မှတ် လှူဦးမလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။ လက်ရှိ ဗီလာရီးရဲယ်မှာ ဂျရတ်မိုရီနို၊ အဲလ်ကာဆာ၊ ပယ်ရီဂျို၊ ကာပူး တို့လို ကစားသမား ကောင်းတွေ ရှိနေလို့ ဘာစီလိုနာကို တတ်နိုင်သမျှတော့ အကောင်းဆုံး ပုံစံနဲ့ တုန့်ပြန်ကစားနိုင်မယ် ထင်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘာစီလိုနာတို့ အနီးစပ်ဆုံး ၂၀၁၀ နောက်ပိုင်းကတည်းက ဗီလာရီးရဲယ်ကို တစ်ကြိမ်တစ်ခါမှာ မရှုံးဖူးသေးပါဘူး။ ၁၁ နှစ်ကျော် ကာလအတွင်း ထိပ်တိုက်တွေ့ဆုံမှု ၂၁ ကြိမ် ရှိခဲ့တာမှာ ဘာစီလိုနာတို့ ၁၇ ကြိမ် နိုင်ပြီး ၄ ကြိမ်ပဲ သရေကျထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲ မှာလည်း ၄ ပွဲနိုင်ပြီး ၁ ပွဲပဲ သရေကျခဲ့သလို ပွဲအများစုမှာ ဂိုးပြတ် အနိုင်ယူထားခဲ့တာ တွေ့ရပါတယ်။ ဒီရာသီ ပထမအကျော့ လာလီဂါ တွေ့ဆုံမှုမှာလည်း ဘာစီလိုနာတို့ နူးကမ့်ပ်မှာ ၄-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

ဗီလာရီးရဲယ် – ဘာစီလိုနာ

??
ဗီလာရီးရဲယ် vs ဘာစီလိုနာ အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၆၆ ဆ
ဧပြီလ ၂၅ ရက်, ည ၈:၄၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၆၆ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘာစီလိုနာမှာ လူစုံနေပြီး တိုက်စစ်ကလည်း တော်တော်လေး ထက်မြတ်နေပါတယ်။ ဗီလာရီးရဲယ် ကတော့ ယူရိုပါလိဂ် ဖိအားကလည်း ရှိနေတဲ့ အပြင် ဘာစီလိုနာ ကိုဆိုရင် အနိုင်ကစားတတ်တဲ့ အသင်းမဟုတ်ခဲ့လို့ အခုပွဲမှာလည်း ဘာစီလိုနာ ကိုပဲ ရွေးချယ်ချင်ပါတယ်။ အခန့်မသင့်ရင် ဂိုးတောင် ပြတ်သွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်