၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုအတွက် ဆန်ကာတင် ကစားသမားအယောက် ၃၀ စာရင်းကိုမနေ့ကပဲကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ အများစုကြိုတင် မျှော်လင့်ထားတဲ့ ကစားသမားတွေအားလုံး ပါ၀င်လာခဲ့ပြီး မထင်မှတ်ထားတဲ့သူတချို့လည်းဆန်ကာတင် စာရင်းမှာ ပါ၀င်လာခဲ့တာတွေ့ရပါတယ်။
ဘယ်လွန်ဒေါဆုဆန်ကာတင် စာရင်းကိုကြည့်မယ် ဆိုရင် မနှစ်ကချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးအသင်းတို့ကကစားသမား ၅ ဦးစီနဲ့ အများဆုံးပါ၀င်နေတာ တွေ့ရပါတယ်။ပြီးရင်တော့ ပီအက်စ်ဂျီက ၄ ဦး၊ ရီးရဲယ်မက်ဒရစ်၊ မန်ချက်စတာယူနိုက်တက်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန် တို့က ၂ ဦးစီပါဝင်နေပါတယ်။ဘာစီလိုနာ၊ အေစီမီလန်၊ ဘေယန်မြူးနစ်၊ စပါး၊ လစ်ဗာပူးလ်၊ အက်တလက်တီကိုမက်ဒရစ်၊ ဗီလာရီးရဲယ်၊ ဒေါ့မန် အသင်းတွေကတော့ကစားသမား၁ ဦးစီ ပါ၀င်နေပါတယ်။
- ချဲလ်ဆီး – မေဆင်မောင့်၊ လူကာကူ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ အက်ဇ်ပီလီကျူအာတာ
- မန်ချက်စတာစီးတီး – ကီဗင်ဒီဘရိုင်းနား၊ ရူဘင်ဒီးယက်စ်၊ ဖိုဒန်၊ မားရက်ဇ်၊ စတာလင်
- ပီအက်စ်ဂျီ – မက်ဆီ၊ နေမာ၊ အန်ဘာပေး၊ ဒွန်နာရူးမား
- အင်တာမီလန် – လော်တာရိုမာတီနက်ဇ်၊ ဘာရယ်လာ
- ရီးရဲယ်မက်ဒရစ် – ဘန်ဇီမာ၊ မိုဒရစ်
- မန်ချက်စတာယူနိုက်တက် – ဖာနန်ဒက်စ်၊ ခရစ္စတီယာနိုရော်နယ်ဒို
- ဂျူဗင်တပ်စ် – ဘိုနူချီ၊ ခီလီနီ
- ဗီလာရီးရဲယ် – ဂျရတ် မော်ရီနို
- အက်တလက်တီကိုမက်ဒရစ် – လူးဝစ် ဆွာရက်ဇ်
- လစ်ဗာပူးလ် – မိုဟာမက် ဆာလာ
- တော့တင်ဟမ်ဟော့စပါး – ဟယ်ရီကိန်း
- အေစီမီလန် – ဆိုင်မွန်ကရား
- ဒေါ့မန် – အာလင်းဟာလန်း
- ဘေယန်မြူးနစ် – ရောဘတ်လီဝမ်ဒေါစကီး
ဆန်ကာတင် ရွေးချယ်ခြင်းခံခဲ့ရတဲ့ ကစားသမားတွေကတော့ ပြီးခဲ့တဲ့ ရာသီကတကယ့်ကိုအကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။စာရေးသူအနေနဲ့ ကတော့ ၂၀၂၁ ခုနှစ် ဘယ်လွန်ဒေါဆုကိုအမှန်တကယ် ရသင့်တဲ့ ကစားသမား ၅ ဦးပဲမြင်မိပါတယ်။ ဒီ ၅ ဦးဟာလက်ရှိမှာလည်းဆုရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီးပရိသတ် အများစုရဲ့ ရွေးချယ်မှုနဲ့လည်းတိုက်ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။
၁။ လီယွန်နယ် မက်ဆီ (ပီအက်စ်ဂျီ) | ဆုဖလားအောင်မြင်မှု – ကိုပါဒယ်ရေး၊ ကိုပါအမေရိကဖလား
၂။ လီဝမ်ဒေါစကီး (ဘေယန်မြူးနစ်) | ဆုဖလားအောင်မြင်မှု – ဘွန်ဒက်စ်လီဂါ၊ စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား
၃။ ဂျော်ဂျင်ဟို (ချဲလ်ဆီး) | ဆုဖလားအောင်မြင်မှု – ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ယူရို ၂၀၂၀
၄။ အန်ဂိုလိုကန်တေ (ချဲလ်ဆီး) | ဆုဖလားအောင်မြင်မှု – ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား
၅။ ကီဗင် ဒီဘရိုင်းနား (မန်ချက်စတာစီးတီး) | ဆုဖလားအောင်မြင်မှု – ပရီးမီးယားလိဂ်၊ လိဂ်ဖလား
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.