နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနီရောင်လွှမ်းမယ့် အိုးထရက်ဖို့ဒ်က ပရီးမီးယားလိဂ် ညချမ်း

မန်ချက်စတာယူနိုက်တက် vs တော့တင်ဟမ်ဟော့စပါး

အောက်တိုဘာလ၄ရက်နေ့မှာကျင်းပမယ့်စူပါဆန်းဒေးပွဲစဉ်တွေထဲကမှSBOTOPရဲ့ဘောလုံးချစ်သူတွေ အကြိုက်တွေ့ရင်ခုန်ရမယ့်မန်ချက်စတာယူနိုက်တက်နဲ့တော့တမ်ဟမ်ဟော့စပါးအသင်းတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကို ကြိုတင်သုံးသပ်ပေးလိုက်ပါတယ်။

ပွဲစဉ် ၃ပွဲကစားပြီးချိန်၂ပွဲသာကစားရသေးတဲ့မန်ချက်စတာယူနိုက်တက်ကတော့၁ပွဲနိုင်၊၁ပွဲရှုံးနဲ့ရမှတ်၃မှတ်ရရှိပြီး၂၀၂၀-၂၀၂၁ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့်၁၄နေရာမှာရပ်တည်နေပါတယ်။အဖွင့်ပွဲစဉ် မကစားရဘဲဒုတိယပွဲစဉ်ကျမှပဲ ခရစ်စတယ်ပဲလေ့စ်ကိုအိမ်ကွင်းအိုးထရက်ဖို့ဒ်မှာလက်ခံယှဉ်ပြိုင်ကစားခဲ့ရာ၁-၃ဆိုတဲ့ရလဒ်ထွက်ပြီးရာသီအဖွင့်မလှပခဲ့ပါဘူး။ဒီရာသီမှာ ခေါ်ယူထားတဲ့ဗန်ဒါဘိခ်ရဲ့ဂိုးတစ်ဂိုးသာပြန်လည်သွင်းယူနိုင်ခဲ့တာပါ။နည်းပြဆိုးလ်ရှားရဲ့သူရဲနီတပ်ဖွဲ့ဟာပထမပွဲစဉ်မှာ ရှုံးနိမ့်ခဲ့တာကြောင့်ဒုတိယပွဲစဉ်ကို အဝေးကွင်းနိုင်ပွဲရဖို့အတွက်အစွမ်းကုန်ကြိုးစားလာလိမ့်မယ်လို့အများကထင်ထားခဲ့တာပါ။ဒါပေမယ့်လည်းတကယ်တမ်းဘရိုက်တန်ကိုအဝေးကွင်းသွားပြီး ရင်ဆိုင်ရာမှာပွဲသိမ်းခရာမှုတ်ပြီးချိန်မှ အငြင်းပွားဖွယ်ပယ်နယ်တီဂိုးကြောင့်သာအနိုင်ရခဲ့တာပါ။နာကျင်အချိန်ပိုအတွင်းလက်ထိခဲ့ပေမယ့်ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်ဟာစည်းမျဉ်းနဲ့ ညီခဲ့တာကြောင့် စည်းမျဉ်းအတွင်းက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့်သူရဲနီတို့အဖိုးတန်၃မှတ်ရပြီးရာသီအစ၂ပွဲဆက်အရှုံးကိုရှောင်လွဲနိုင်ခဲ့ပါတယ်။ကြားရက်မှာကျင်းပတဲ့ကာရာဘောင်ဖလားပွဲကိုဘရိုင်တန်အသင်းနဲ့ပဲပြန်လည်ရင်ဆိုင်ဖို့အခွင့်သင့်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာတော့ နည်းပြ ဆိုးလ်ရှားဟာ ကစားသမားပြောင်းလဲပြီးအသုံးပြုခဲ့တာကြောင့်၀-၃ရလဒ်နဲ့နောက်တစ်ဆင့်ကိုတက်လှမ်း နိုင်ခဲ့ပြန်ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့နည်းဗျုဟာနဲ့ကစားသမားရွေးချယ်မှုအပြင်နိုင်လိုစိတ်ပြင်းပြမှုတွေဟာအသင်းအတွက် ဘယ်လောက်ထိ အရေးပါအရာရောက်သလဲဆိုတာပြီးခဲ့တဲ့ပွဲစဉ်တွေကို ကြည့်ရင်သိနိုင်တယ်။နည်းပြဆိုးလ်ရှားရဲ့ ကွင်းလယ်ကစားသမားရွေးချယ်မှုကအိမ်ကွင်းနိုင်ပွဲအတွက်ဆုံးဖြတ်ပေးသွားမှာပါ။ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာကြောင့်ပါဝင်လာဖို့မသေချာတဲ့အတွက်ဘယ်လိုအခင်းအကျင်းနဲ့စပါးကိုဧည့်ခံမလဲဆိုတာတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။

 
မန်ချက်စတာယူနိုက်တက်ရဲ့နည်းပြဟောင်းဂျိုဆေးမော်ရင်ဟို ဦးဆောင်လာမယ့်တော့တင်ဟမ်ဟော့စပါး ဟာ ၃ ပွဲကစားပြီးချိန်မှာတော့၁ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးနဲ့ရမှတ်၄မှတ်ရရှိနေပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့်၈နေရာမှာရပ်တည်နေတာပါ။အဲဗာတန်အသင်းကိုကဲလ်ဗတ်လီဝင်းရဲ့ဂိုးနဲ့ရှုံးနိမ့်ခဲ့ရပြီးပရီးမီးယားလိဂ် ရာသီအဖွင့်မလှပခဲ့ပါဘူး။ဒါပေမယ့်လည်းဒုတိယပွဲစဉ်မှာတော့စိန့်တို့ရဲ့အိမ်ကွင်းမှာဆွန်ဟောင်မင်၊ဟယ်ရီကိန်းတို့ရဲ့ခြေစွမ်းပြမှုနဲ့အတူ၂-၅ဆိုတဲ့ရလဒ်ကောင်းထွက်ပေါ်ပြီးဆောက်သမ်တန်ကို ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့အဓိကကစားသမားဆွန်ဟောင်မင်က၄ဂိုးသွင်းယူပြီးစံချိန်ကောင်းရရှိခဲ့ပါတယ်။တတိယပွဲစဉ်မှာတော့နယူးကာဆယ်ကိုအိမ်ကွင်းမှာဧည့်ခံကစားပြီးနယူးကာဆယ်တို့ရဲ့နောက်ကျချေပဂိုးကြောင့်၁-၁ နဲ့အဆုံးသတ်ခဲ့ပါတယ်။ ဒီပွဲမှာအဓိကကစားသမားဖြစ်တဲ့ဆွန်ဟောင်မင်ဒဏ်ရာရခဲ့တာကတော့နည်းပြဟိုဆေးအတွက်အလွန်နစ်နာခဲ့ပါတယ်။မော်ရင်ဟိုအတွက်အသင်းဟောင်းသူရဲနီတွေနဲ့အခုလိုမတွေ့ဆုံခင် ခရာဘောင်ဖလားပွဲမှာချယ်လ်ဆီးအသင်းနဲ့တွေ့ဆုံပြီးပယ်နယ်တီအဆုံးအဖြတ်နဲ့နောက်တစ်ဆင့်တက်လှမ်းနိုင်ခဲ့သလို၊ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်ဖြစ်တဲ့အစ္စရေးကလပ်မက်ကာဘီဟိုင်ဖာကိုဟယ်ရီကိန်းရဲ့သွင်းဂိုး၃ဂိုးနဲ့၇-၂ရလဒ်ရအောင်စွမ်းဆောင်ထားပါတယ်။ကြားရက်တွေမှာ၂ပွဲကစားထားရတဲ့စပါးအတွက်ကတော့၁ပွဲသာကစားထားရတဲ့မန်ချက်စတာယူနိုက်တက်ကတော့ ပွဲပန်းမှုဒဏ်ကို ပိုခံစားရမှာသေချာပါတယ်။ဆွန်ဟောင်မင်ဒဏ်ရာရနေတဲ့အတွက်ဟယ်ရီကိန်းဦးဆောင်တဲ့ပုံမှန်ပွဲထွက်ကစားသမားတွေနဲ့ပဲ မန်ချက်စတာယူနိုက်တက်ကိုရင်ဆိုင်ဖို့နည်းပြမော်ရင်ဟို အသေအချာ ပြင်ဆင်လာမှာပါ။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့်၈နေရာမှာရပ်တည်နေတာပါ။
ပရီးမီယားလိဂ် ပွဲစဉ် ၃ ပွဲအပြီး ၁ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးနဲ့ရမှတ်၄မှတ်ရရှိနေတဲ့ တော့တင်ဟမ်ဟော့စပါး

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းပရီးမီးယားလိဂ်မှာအဲ့ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုကတော့ အကြိမ် ၂၀ ထိရှိခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်က၉ကြိမ်အနိုင်ရထားပြီးတော့တမ်ဟမ်ဟော့စပါးက၆ကြိမ်နဲ့သရေပွဲ၅ပွဲဆိုတဲ့သမိုင်းကြောင်းရှိထားပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာစပါးအသင်းက၁၀ကြိမ်တိုင်တိုင် လာရောက်ရင်ဆိုင်ရာမှာတော့သူရဲနီတွေက၇ပွဲနိုင်ပြီးစပါးအသင်းက၃ကြိမ်နိုင်ထားပါတယ်။မန်ချက်စတာယူနိုက်တက်ရဲ့ပရီးမီယားလိဂ် နောက်ဆုံး၁၀ပွဲကစားရာမှာရှုံးပွဲ၁ပွဲသာရှိပြီး၊ ၂ပွဲသရေ၇ပွဲအနိုင်ဆိုတဲ့ရလဒ်ကတော့ရလဒ်ကောင်းလို့ပြောလို့ရပါတယ်။စပါးအသင်းရဲ့ပရီးမီးယားလိဂ်နောက်ဆုံး၁၀ပွဲကတော့၅ပွဲနိုင်၊ ၃ ပွဲသရေနဲ့ရှုံးပွဲ၂ပွဲ ဆိုတာ ဆိုးရွားတဲ့အဖြေတော့မဟုတ်ပါဘူး။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် vs တော့တင်ဟမ်ဟော့စပါး အချိန်ပြည့် အိမ်ရှင် @ ၁.၉၄ဆ
စက်တင်ဘာလ၄ ရက်,ည၁၀:၀၀ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၉၄ ဆ၊  ဧည့်သည်အသင်းအတွက် ၃.၇၅ ဆ နဲ့ သရေ အတွက်ကိုတော့ ၃.၅၀ ဆသတ်မှတ်ထားပါတယ်။  သမိုင်းကြောင်းအစဉ်အလာ၊ပွဲဆက်များနေတဲ့စပါးရဲ့အခြေအနေ၊ခြေစွမ်းပြနေတဲ့ဆွန်ဟောင်မင်ပါဝင်နိုင်ခြင်းမရှိတာတွေကြောင့်မန်ချက်စတာယူနိုက်တက်ပဲအနိုင်ရရှိသွားဖို့များပါတယ်။ ဂိုးတော့ပြတ်ဖို့ မရှိပါဘူး။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်