နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်ကွင်းမှာ အောင်မြေနင်းပြီး ပရီးမီးယားလိဂ် နိုင်ပွဲဆက်မယ့် မန်ချက်စတာစီးတီး

ဝက်စ်ဟမ်း vs မန်ချက်စတာစီးတီး

စနေနေ့ ညနေအစောပိုင်းမှာ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက ဝက်စ်ဟမ်းနဲ့ မန်ချက်စတာစီးတီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ ထိပ်သီးမန်ချက်စတာစီးတီးတို့ နိုင်ပွဲဆက်နေတဲ့ ဝက်စ်ဟမ်းရဲ့အိမ်ကွင်းမှာ  သွားရောက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ်ရှိလာဦးမှာ သေချာပါတယ်။

ဝက်စ်ဟမ်းကတော့ ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ် နှစ်ပွဲမှာ နယူးကာဆယ်နဲ့ အာဆင်နယ်တို့ကို အရေးနိမ့်ခဲ့ပေမယ့် ပွဲစဉ် ၃ ကစပြီးတော့ မထင်မှတ်တာတွေ လုပ်ပြနေခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ နည်းပြဒေးဗစ် မိုရက်စ် အိမ်ကနေပြီး လှမ်းပြီးညွှန်ကြားခဲ့ချိန်ကစလို့ ဝက်စ်ဟမ်းတို့ ဝုဗ်လို တောင့်တင်းတဲ့ အသင်းကို ၄ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။ အဲ့နောက် အသင်းကြီးတစ်သင်းဖြစ်တဲ့ လက်စတာစီးတီးကို အဝေးကွင်းမှာ သွားကစားပြီး ၀-၃ ရလဒ်နဲ့ ထပ်ပြီးအနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ပွဲစဉ်မှာတော့ တော့တင်ဟမ်ဟော့စပါးကို ပထမပိုင်းမှာ ၃ ဂိုးပြတ်နဲ့ အရေးနိမ့်နေပေမယ့် ဒုတိယပိုင်း ပွဲပြီးခါနီးမှာ ချေပဂိုး ၃ဂိုးပြန်သွင်းနိုင်ခဲ့လို့ စပါးဆီကနေ ၁ မှတ်ပြန် ခွဲယူသွားခဲ့ပါတယ်။ လက်ရှိမှာ ဝက်စ်ဟမ်းတို့ ၅ပွဲကစား ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၂ပွဲရှုံးပြီး ရမှတ် ၇မှတ်နဲ့ အခုကစားမယ့် ပြိုင်ဘက် မန်စီးတီးနဲ့ ရမှတ်တူ ဂိုးကွာခြားချက် အသာနဲ့ အဆင့် ၉နေရာမှာရပ်တည်နေခဲ့ပါတယ်။ ဝက်စ်ဟမ်းတို့ ပထမဦးဆုံး အကြိမ် မန်ချက်စတာစီးတီးရဲ့ အထက်ကနေ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပြီးတော့ ခြေစွမ်းပြနေတဲ့ ဝက်စ်ဟမ်းတို့ အခုပွဲမှာလည်း ပပ်ဂွာဒီယိုလာရဲ့ အသင်းကို ခက်ခဲစေဦးမှာပါ။ လက်ရှိအသင်းမှာ ခရက်စ်ဝဲလ် တော်တော်လေး ခြေစွမ်းပြနေပြီးတော့ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ စပါးနဲ့ပွဲမှာ ဝက်စ်ဟမ်းတို့ ချေပဂိုးတွေ ပြန်ရဖို့ အဓိကကျခဲ့တဲ့သူကလည်း ခရက်စ်ဝဲလ်ပဲ ဖြစ်ပြီးတော့ ဘိုဝင်၊ ဖက်ဒရစ်ခ်၊ ဒီကလန်ရိုက်စ်၊ အန်တိုနီယို တို့ လည်း ခြေစွမ်းပြနေခဲ့ပါ တယ်။

ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယာလိဂ်အပါအဝင် ပြိုင်ပွဲစုံ အိမ်ကွင်းနဲ့ အဝေးကွင်း နောက်ဆုံး ၁၁ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။
ဝက်စ်ဟမ်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းနီးပါးအနိုင်ရထားတဲ့ မန်ချက်စတာစီးတီး

နောက်ပိုင်းနှစ်တွေမှာ ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်း ကတော့  မန်ချက်စတာစီးတီးတို့ အတွက် နိုင်ပွဲရှာဖို့ လွယ်ကူတဲ့ အရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယာလိဂ် အပါအဝင် ပြိုင်ပွဲစုံ အိမ်ကွင်းနဲ့ အဝေးကွင်း နောက်ဆုံး ၁၁ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ လက်ရှိ မန်ချက်စတာစီးတီးရဲ့ ခြေစွမ်းပိုင်းကို ကြည့်မယ် ဆိုရင် ကွင်းလယ်မှာ ဒါးဗစ်ဆေးလ်ဗား မရှိတော့ချိန်ကစလို့ တိုက်စစ်နဲ့ ခံစစ်ချိတ်ဆက်မှု တော်တော်လေး အားနည်း သွားတာတွေ့ရပြီး ဂိုးဖန်တီးမှု အပြင် ဂိုးပါကိုယ်တိုင် သွင်းနိုင်တဲ့  ဒီဘရိုင်းရှိနေပေမယ့် ဒါးဗစ်ဆေးလ်ဗားရဲ့ အတွေ့အကြုံနဲ့ တည်ငြိမ်မှုကိုတော့ ယှဉ်လို့ကို မရ သေးပါဘူး။ နောက်ပြီးခံစစ်ပိုင်းက တချို့ပွဲတွေမှာ တော်တော်လေးအားနည်းနေတာ တွေ့ရပြီး ဗင်းဆင့်န် ကွန်ပနီအလွန် မန်စီးတီး ခံစစ်ကတော့ အရင်လို မတောင့်တင်းတော့ပါဘူး။ ဗဟိုခံစစ်နေရာမှာ ရူဘင်ဒီးရာ့ဇ်နဲ့ အဲရစ်ခ်ဂါစီယာ တို့ အကောင်းဆုံးတွက်ဖက်နိုင်ဖို့ ကြိုးပမ်းနေပြီး ညာတောင်ပံက ကိုင်လီဝေါလ်ကာ အဆင်ပြေပေမယ့် ဘယ်တောင်ပံနေရာကတော့ လိုအပ်ချက်တွေရှိနေဆဲ ဖြစ်ပါတယ်။ လက်စတာစီးတီးကို ၂-၅ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲကို ကြည့်ရင် မန်စီးတီးခံစစ်ရဲ့ ဘယ်ခြမ်းကတော်တော်လေး ကို ဆိုးရွားနေတယ်ဆိုတာ သိသာပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ မန်စီးတီးတို့ရဲ့ အဓိကခေါ်ယူမှု နှစ်ခုကိုကြည့်ရင် ခံစစ်ကို တောင့်တင်းဖို့ အဓိက ပြင်ဆင်နေရတယ်ဆိုတာ သိသာပါတယ်။ နေသန် အာကီနဲ့ ရူဘင်ဒီးရာ့ဇ်ကို ခေါ်ယူထားခဲ့ပေမယ့် ၄ပွဲကစားပြီး ၇ ဂိုးအထိ ပြန်ပေးထားရတာဟာ သိပ်တော့ အခြေအနေမကောင်းပါဘူး။ မန်ချက်စတာစီးတီးတို့ လက်ရှိ အချိန်ထိ ၄ ပွဲကစားအပြီး ၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှံး ရမှတ် ၇မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတာဟာလည်း နောက်ပိုင်း နှစ်တွေထဲမှာ ဆိုရင် ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၂၀ နောက်ပိုင်း ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၂၃ကြိမ်မှာ မန်ချက်စတာစီးတီးက ၁၉ကြိမ် အနိုင်ရပြီး ဝက်စ်ဟမ်းက ၂ကြိမ်ပဲ အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၂ကြိမ်ပဲရှိထားလို့ တွေ့ဆုံချိန်တိုင်းမှာ ပြတ်သားတဲ့ ရလဒ်တစ်ခုအတွက် အကြိတ်အနယ် ကစားကြတယ်ဆိုတာ သိသာပါတယ်။ ဝက်စ်ဟမ်းတို့ မန်စီးတီးကို နောက်ဆုံးအနိုင်ရခဲ့တာဟာ ၂၀၁၅ ခုနှစ်က ဖြစ်ပြီး နောက်ပိုင်းပွဲတွေမှာတော့ မန်စီးတီးကို ဂိုးပြတ် အရေးနိမ့်ထားခဲ့ပါတယ်။ လက်ရှိမန်စီးတီးမှာ လာပေါ့တ်၊ မန်ဒီ၊ ဖာနန်ဒင်ဟို၊ ဂါဘရီရယ်ဂျီးဆုစ်၊ ဒီဘရိုင်း၊ အာကီတို့ ဒဏ်ရာပြသနာအသီးသီးရှိနေလို့ ဝက်စ်ဟမ်းနဲ့ အခုတစ်ကြိမ် တွေ့ဆုံမှုကတော့ ဂွာဒီယိုလာအတွက် လွယ်ကူနိုင်ဖို့မရှိပါဘူး။ ဝက်စ်ဟမ်းမှာ အဓိကကစားသမားတွေ စုံစုံလင်လင် ကစားနိုင်လို့ အိမ်ကွင်းမှာ ရလဒ်ကောင်းနိုင်ဖို့ မျှော်လင့်နေမယ်ဆိုတာ သေချာပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဝက်စ်ဟမ်း ယူနိုက်တက် vs မန်ချက်စတာစီးတီး 1X2 မန်ချက်စတာစီးတီး @ 1.40
အောက်တိုဘာလ ၂၄ ရက်, ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်ဝက်စ်ဟမ်းကို  ၇.၂၀ဆအထိ ကြေးဖွင့်ပေးထားပြီး ဧည့်သည် မန်စီးတီး အတွက် ကတော့ ၁.၄၁ဆ ကြေးဖွင့်ပါတယ်။ သရေရလဒ် အတွက်ကိုတော့ ၄.၅၀ ဆကြေး သတ်မှတ်ထား ပေမယ့် ကျိန်းသေပေါက် အရှုံးအနိုင်အဖြေပေါ်မယ့်ပွဲဖြစ်လို့ ဧည့်သည်မန်ချက်စတာစီးတီးကိုပဲ ပိုပြီး သဘောကျပါတယ်။ ဝက်စ်ဟမ်းတို့ ဘယ်လောက်ခြေတက်နေပါစေ၊ မန်စီးတီးမှာ အဓိကကစားသမား‌တွေ ဘယ်လောက်ပဲ ဒဏ်ရာရနေပါစေ၊ လန်ဒန်ကွင်း ရောက်တိုင်း အောင်မြေနင်းတတ်တဲ့ မန်ချက်စတာစီးတီးကိုပဲ တထစ်ချယုံကြည်ထားပါတယ်။ မန်ချက်စတာစီးတီး ဂိုးပြတ် နိုင်ပွဲတောင် ရသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်