နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလန်ရုတ်ဒ်မှာ ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲ ကစားရဦးမယ့် လိဒ်စ် | လိဒ်စ်ယူနိုက်တက် – ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – ဝက်စ်ဟမ်း 

စနေနေ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ထဲက လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ပွဲကလည်း ကျိန်းသေပေါက် အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ လိဒ်စ်တို့ ဒီရာသီ အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် နိုင်ပွဲ ရရှိရေး အားစိုက် ကစားလာမှာ ဖြစ်ပေမယ့် လက်ရှိ ဝက်စ်ဟမ်းရဲ့ စုဖွဲ့မှုနဲ့ ခြေစွမ်းကြောင့် ကျိန်းသေပေါက် အဲလန်ရုတ်ဒ်မှာ ရုန်းကန်ရဖို့ ရှိနေပါတယ်။ 

လိဒ်စ်တို့ မနှစ်က ပရီးမီးယားလိဂ် မှာ အင်နဲ့အားနဲ့ ကစားပြီး မထင်မှတ်တာတွေလည်း လုပ်ပြခဲ့ပေမယ့် လက်ရှိ ရာသီ မှာတော့ ပွဲစဉ် ၅ ပွဲ ကစားပြီးချိန်အထိ နိုင်ပွဲ လုံးဝ မရသေးတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ခါ မရဘူး လို့ပဲ ဆိုရမလား မသိ။ ပြိုင်ဘက် အများစုဟာ ဘီရဲယ်ဆာရဲ့ နည်းစနစ်ကို ပါးပါးနပ်နပ် ရင်ဆိုင်တတ်လာတာ အပြင် အယ်လီယော့စကီး၊ ဟဲလ်ဒါ ကော်စတာ မရှိတော့တဲ့နောက် အသင်းရဲ့ ဟန်ချက်ကို မနည်းကို ပြန်ထိန်းနေရလို့ လိဒ်စ်ရဲ့ ပရီးမီးယားလိဂ် ဒုတိယ ရာသီက မျော်လင့်ထား သလောက် ခရီး မပေါက်တော့တာ ဖြစ်ပါတယ်။ ဘီရဲယ်ဆာ အနေနဲ့ ၃-၃-၃-၁ကို ၂ ပွဲလောက် ကြားညှပ် သုံးခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ၄-၁-၄-၁ နဲ့ပဲ ပြန်ပြီး ပွဲထွက်နေတာ တွေ့ရပါတယ်။ ရာဖင်ညာ၊ ဒန်ဂျိမ်းစ်၊ ဘမ်းဖို့ဒ် တို့ ရုန်းအား ကောင်းပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေ များစွာ ရှိနေဆဲ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ပွဲတုန်းက လိဒ်စ်တို့ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ၉ ကြိမ် ကိုမှ ၁ ဂိုးပဲ ရခဲ့တာက တကယ့်ကို စိတ်ပျက်စရာ အခြေအနေပါပဲ။ အခုပွဲမှာလည်း နောက်တန်းက ယော်ရန်းတေး၊ ကော့ချ်၊ စထရုအစ်ဂ်၊ အေးလင်းတို့ လွဲချော်ဖို့ ရှိနေသလို ဘမ်းဖို့ဒ်နဲ့ ဟာရစ်ဆင်လည်း ပါဝင်ကစားနိုင်မှာ မဟုတ်လို့ လိဒ်စ်တို့ တော်တော်လေးတော့ ခက်ခက်ခဲခဲ ကစားရပါလိမ့်မယ်။

ဒေးဗစ်မွိုက်စ်ရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီ ကတည်းက ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာတဲ့ ဝက်စ်ဟမ်းတို့ ဒီရာသီ မှာလည်း ပရီးမီးယားလိဂ် အပါအ၀င် ပြိုင်ပွဲစုံ ၇ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ဒေးဗစ်မွိုက်စ်ရဲ့ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီ ကတည်းက ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာတဲ့ ဝက်စ်ဟမ်းတို့ ဒီရာသီ မှာလည်း ပရီးမီးယားလိဂ် အပါအ၀င် ပြိုင်ပွဲစုံ ၇ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ တိုက်စစ်က တစ်ပွဲ ပျမ်းမျှ ၂ ဂိုးနှုန်း ရရှိထားပြီး ပေးဂိုး ကတော့ တစ်ပွဲကို ၁ ဂိုးနှုန်း ပြန်ပေးထားရ ပါတယ်။ အနီကတ် ပွဲပယ် ပြစ်ဒဏ်က လွတ်မြောက်လာတဲ့ တိုက်စစ်မှူး အန်တိုနီယို ကျိန်းသေပေါက် ပါ၀င်လာဖို့ ရှိလို့ ဟမ်းမား တို့ရဲ့ တိုက်စစ်က ထင်ထားတာထက် ပိုပြီး ထက်မြက်‌‌နေနိုင်ပါတယ်။ ဒေးဗစ် မွိုက်စ် အနေနဲ့ အန်တိုနီယို၊ ဘန်ရားမား၊ ဖော်နယ်၊ ဘို၀င် တိုက်စစ် အစုအဖွဲ့နဲ့ အတူ ကွင်းလယ်က ဆိုချက်ခ်၊ ရိုက်စ်၊ ခံစစ်မှာ အော့ဂ်ဘွန်နာ၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဆိုဖယ် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်လာဖို့ များပါတယ်။ ဒီလူစာရင်း အတိုင်းသာ ဆိုရင် ၀က်စ်ဟမ်းတို့ မျှော်လင့်ထားတဲ့ အတိုင်း အဲလန်ရုတ်ဒ်မှာ ၃ မှတ် အပြည်ရဖို့ လုံး၀ မခက်ပါဘူး။ 
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လိဒ်စ်ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ ၀က်စ်ဟမ်းကို အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး ရှုံးနိမ့်ထားခဲ့ပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ ၄ ကြိမ်‌ တွေ့ဆုံခဲ့ရာမှာ ၂ ပွဲသရေ၊ ၂ ပွဲရှုံးနိမ့်ထားခဲ့ပါတယ်။ အဲလန်ရုတ်ဒ်က နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပွဲစဉ် မှာတော့ အစောပိုင်း ပွဲကစားချိန်မှာ လိဒ်စ်တို့ ကလစ်ခ်ျရဲ့ ပင်နယ်တီနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆိုချက်ခ်၊ အော့ဂ်ဘွန်နာ တို့ရဲ့ ဂိုးတွေကို ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။

အချိန်ပြည့် ၃ ဂိုးနဲ့ ၃ ဂိုး အထက် @ ၁.၉၅ ဆ

??
လိဒ်စ်ယူနိုက်တက် – ဝက်စ်ဟမ်း ဂိုးပေါ် 3.00 @ 1.95 
စက်တင်ဘာလ ၂၅ ရက် , ည ၈:၃၀  နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၃.၁၀ ဆ၊ ဧည့်သည် အတွက် ၂.၃၄ ဆနဲ့ သရေ အတွက် ၃.၇၄ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။ အခုပွဲဟာ လိဒ်စ်ယူနိုက်တက် ကစားမယ့်ပွဲ ဖြစ်ပါတယ်။ ထုံးစံ အတိုင်း အနိုင်အရှုံးထက် သွင်းဂိုး အပိုင်းကို တစ်ချက် ထည့်သွင်း စဉ်းစားရပါမယ်။ ပွဲချိန်ပြည့် တိုက်စစ်ဖွင့် ကစားမယ့် လိဒ်စ်ကြောင့် ကျိန်းသေပေါက် အပြန်အလှန် သွင်းဂိုးတွေတော့မြင်တွေ့ရဖို့ များပါတယ်။ ဘီရဲယ်ဆာ ရဲ့ အသင်းဟာ နောက်ဆုံး ၂ ပွဲ ဆက် ခံစစ်ကို ကျစ်ကျစ်လျစ် ကစားနိုင်ခဲ့တယ် ဆိုပေမယ့် ၀က်စ်ဟမ်းရဲ့ တိုက်စစ်ကို တောင်ခံနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဂိုးပေါင်း ၃ ဂိုးနဲ့ ၃ ဂိုးနဲ့ အထက်၊ ဒါမှမဟုတ် နှစ်သင်းလုံး ဂိုးသွင်းနိုင်မယ် ဆိုတဲ့ အချက် ၂ ချက် ကိုပဲ စဉ်းစားစေချင်ပါတယ်။ 

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်