နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၁‌၀‌ နောက်ပိုင်း ပထမဆုံးအကြိမ် ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပြန်တက်နိုင်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန် ၂-၁ လေဗာကူဆင်

၂၀၀၉-၁၀ခုနှစ်နောက်ပိုင်း အင်တာမီလန်အတွက် ပထမဆုံးအကြိမ် ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီပွဲမှာတော့ အင်တာမီလန်လို့ သက်တောင့်သက်သာပဲ ဂျာမန်ကလပ် လေဗာကူဆင်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ကြားကွင်းအဖြစ် ဂျာမနီကဒူဆယ်ဒေါ့ဖ်ကွင်းမှာ ကစားခဲ့ဝာာလို့ လေဗာကူဆင်တို့ အိမ်ကွင်းဆန်ဆန်ကစားခဲ့ရပေမယ့် အင်တာမီလန်ကို ဘယ်လိုမှအသာစီးမရခဲ့ပါဘူး။ ဒီပွဲရဲ့ အဖြေကတော့ ပထမပိုင်း မိနစ် ၂၀မကျော်ခင် အချိန်အပိုင်းအခြားဖြစ်ပြီး အင်တာမီလန်အသင်းအနေနဲ့ အပိုင်အခွင့်အရေး နှစ်ခုလုံးကို အမိအရအသုံးချသွားနိုင်ခဲ့ပါတယ်။ လေဗာကူဆင်အနေနဲ့ အနောက်ကနေလိုက်ကစားခဲ့ရပြီးတော့ အင်တာမီလန်ဘက်ကို ဘယ်လိုမှ မလွှမ်းမိုးနိုင်ခဲ့ပါဘူး။ ပွဲအပြီးမှာ ၂-၁ရလဒ်နဲ့ ပြီးဆုံးခဲ့လို့ လေဗာကူဆင်တို့ ဒီနှစ်ယူရိုပါလိဂ်မှာ ကွာတားအဆင့်နဲ့ လှည့်ပြန်ခဲ့ရပါတယ်။

 

 

အထင်ကရအချက်အလက်များ

အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ ကွန်တီရဲ့ အင်တာမီလန်ကတော့ လေဗာကူဆင်ဘက်က ပွဲစတာနဲ့ ဖိအားပေးခဲ့ပါတယ်။ ကွန်တီရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ အလုပ်ဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီး ပွဲကစားချိန် ၁၅မိနစ်မှာတင် နီကိုလို ဘာရယ်လာက ပြိုင်ဘက်နောက်တန်းတွေ ရှုပ်ရှက်ခတ်နေတဲ့ကြားက အဝေးကန်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့နောက်မှာ အင်တာမီလန်တို့ပဲ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ၂၁မိနစ် အရောက်မှာတော့ လူကာကူက ဂိုးဧရိယာထဲမှာ လူကျခဲ့တဲ့ ကြားက ဂိုးကိုရ‌အောင်သွင်းသွားခဲ့ပါတယ်။ အင်တာတို့ နှစ်ဦးပြတ်ဦးဆောင်ပြီး မကြာခင်မှာပဲ လေဗာကူဆင်တို့ တန်ပြန်တိုက်စစ်ကနေ ကိုင်ဟာဗက်ဇ်က ချေပဂိုးတစ်ဂိုး ပြန်လည်ရယူပေးသွားခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာတော့ လေဗာကူဆင်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားခဲ့ပေမယ့် ဂိုးပေါက်ကန်သွင်းမှုမှာ အင်တာမီလန်ကပဲ အသာရခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ လူကာကူ အနေနဲ့ ယူရိုပါလိဂ် မှာ ၃ပွဲကစား ၄ဂိုးသွင်းပြီး ၁ဂိုးဖန်တီးထားနိုင်ပါတယ်။

ဂိုးသွင်းယူခဲ့တဲ့ လူကာကူ အနေနဲ့ ယူရိုပါလိဂ် မှာ ၃ပွဲကစား ၄ဂိုးသွင်းပြီး ၁ဂိုးဖန်တီးထားနိုင်ပါတယ်။
ဒီရာသီ ပြိုင်ပွဲစုံသွင်းဂိုး ၂၉ဂိုးရှိလာတဲ့ လူကာကူ

လာမယ့်ပွဲစဉ်များ

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကတော့ ပိုပြီး ကြည့်ကောင်းလာဖို့ရှိပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ဆီဗီလာတို့ တွေ့ဆုံနေသလို အင်တာမီလန်ကလည်း ရှက်တာဒိုးနက်စ်နဲ့ ကစားရဖို့ရှိနေပါတယ်။ တကျော့တည်း ကစားရတဲ့ ဒီနှစ်ဥရောပပြိုင်ပွဲတွေကတော့ ဒုတိယအခွင့်အရေးမရှိလို့ အသင်းတွေအနေနဲ့ အနိုင်ရဖို့ဦးတည်ပြီး ကစားနေကြပါတယ်။ လာမယ့် အဆင့်မှာတော့ အီတလီထိပ်သီးတို့ ယူကရိန်းချန်ပီယံ ရှက်တာဒိုးနက်စ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပေမယ့် ပွဲချောင်နေတယ်လို့ ဆိုနိုင်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်