နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားများ

အခုတစ်ခါမှာတော့ SBOTOP ဘောလုံးပရိသတ်တွေ အတွက် ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားတွေကို ဖော်ပြပေးချင်ပါတယ်။

ကမ္ဘာဖလားပြီးရင် ဂုဏ်သိက္ခာအကြီးမားဆုံး နဲ့ လူစိတ်၀င်စားမှု အများဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်စတင်ကျင်းပခဲ့တာ နှစ်ပေါင်း ၆၅နှစ်ကျော်လာခဲ့ပါပြီ။ ၁၉၉၂နှစ်မှာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် အမည်ပြောင်းလဲလိုက်တဲ့ ဒီပြိုင်ပွဲဟာ ၁၉၅၅ခုနှစ်မှာ ဥရောပ ချန်ပီယံကလပ်များဖလား နာမည်နဲ့ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံ‌တွေက ပြည်တွင်းအမှတ်ပေးချန်ပီယံတွေနဲ့ ရာသီသိမ်းချိန်မှာ ထိပ်ဆုံးအဆင့်၀င်တဲ့ ကလပ်တွေကို နိုင်ငံအလိုက် ဘောလုံးအဆင့်အတန်း စံနှုန်းအလိုက် ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတဲ့ ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ဒီလို နိုင်ငံတိုင်းက အကောင်းဆုံးအသင်းတွေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်မှာ လွယ်လွယ်ကူကူနဲ့တော့ မအောင်မြင်နိုင်ပါဘူး။ ထိပ်တန်းအသင်း‌‌ တွေပဲ ၀င်ရောက်ကစားခွင့်ရတဲ့ ပြိုင်ပွဲဖြစ်လို့ အမှားအယွင်းမရှိ အကောင်းဆုံး ယှဉ်ပြိုင်အနိုင်ရတဲ့ အသင်းတစ်သင်းပဲ ချန်ပီယံလိဂ်ဖလားရမှာ ဖြစ်ပါတယ်။ ဒီလိုခက်ခဲပြီး ပြိုင်ဆိုင်မှုပြင်းတဲ့ ပြိုင်ပွဲမှ  ဂိုးသွင်းနိုင်ဖို့ဆိုတာ ဘောလုံးသမားတိုင်းအတွက် လွယ်ကူတဲ့ အရာမဟုတ်ပါဘူး။ ဒါပေမယ့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အံ့အားသင့်စရာ ခြေစွမ်းတွေနဲ့ စံချိန်တင်သွင်းဂိုး ရယူထားသူတွေ ရှိနေပါတယ်။ သူတို့ကတော့
 

() ခရစ်စတီယာနို ရော်နယ်ဒို

ချန်ပီယံလိဂ်ရဲ့ ဘုရင် ဒါမှမဟုတ် ချန်ပီယံလိဂ်ရဲ့ စံချိန်များရှင်လို့ သတ်မှတ်ခံထားရတဲ့ ပေါ်တူဂီသား ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမား သက်တမ်းတစ်လျှောက် ချန်ပီယံလိဂ်ပွဲပေါင်း ၁၇၀ကစားထားပြီးဖြစ်ပါတယ်။ ထိပ်သီးကလပ် ၃ခုဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်စ်တို့နဲ့အတူ ဂိုးပေါင်း ၁၃၀ ထိသွင်းယူထားပြီး ချန်ပီယံလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားအဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အသက် ၃၅နှစ်အရွယ် တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ ၂၀၀၃ခုနှစ်မှာ ချန်ပီယံလိဂ်ကို စတင်ကစားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ ၅၂ပွဲကစား ၁၅ဂိုး၊ ရီးရဲမက်ဒရစ်နဲ့ ၁၀၅ပွဲကစားပြီး ၁၀၁ဂိုး ၊ဂျူဗင်တပ်စ်နဲ့ ၁၇ပွဲကစားပြီး ၁၀ဂိုးသွင်းယူထားခဲ့ပါတယ်။ လက်ရှိမှာလည်း သူ့အနေနဲ့ ကစားသမားဘ၀က အနားယူမယ့် အခြေအနေမှာ မရှိသေးလို့ ချန်ပီယံလိဂ် စံချိန်သစ်တွေ ထပ်ရနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ ချန်ပီယံလိဂ်မှာ ရော်နယ်ဒိုတင်ထားတဲ့ စံချိန်တွေဟာ  ပြိုင်ဘက်ကစားသမားတော်တော်များများ အတွက်‌‌တော့ တော်ရုံ လိုက်မမှီဖို့မလွယ်ပါဘူး။ ချန်ပီယံလိဂ် ပြိုင်ပွဲတစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမား (၇ကြိမ်)၊  ရှုံးထွက်အဆင့်မှာ ဂိုးအများဆုံး(၆၇ဂိုး)သွင်းတဲ့ ကစားသမား၊ ချန်ပီယံလိဂ် ၁၁ပွဲဆက်တိုက်ဂိုးသွင်းထားတဲ့ တစ်ဦးတည်းသောကစားသမား၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၃ပွဲမှာ ဂိုးသွင်းတဲ့ တစ်ဦးတည်းသော ကစားသမား၊ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၆ပွဲစလုံး ဂိုးသွင်းတဲ့ကစားသမား၊ ချန်ပီယံလိဂ် ပြိုင်ပွဲ တစ်ရာသီအတွင်း  သွင်းဂိုးအများဆုံး(၁၇ဂိုး) သွင်းထားတဲ့ တစ်ဦးတည်းသော ကစားသမား၊ ပြိုင်ဘက်အသင်းတစ်သင်း(ဂျူဗင်တပ်စ်)ကို ဂိုးအများဆုံး(၁၀ဂိုး)သွင်းထားတဲ့ ကစားသမား၊ ချန်ပီယံလိဂ်ဖလား ၅ကြိမ်ရ ကစားသမား စတာတွေကတော့ ချန်ပီယံလိဂ်မှာ ရော်နယ်ဒို တင်ထားတဲ့ အထင်ကရစံချိန်တွေ ဖြစ်ပါတယ်။
 

() လီယွန်နယ် မက်ဆီ

မက်ဆီကတော့ ချန်ပီယံလိဂ် ၁၄၃ပွဲကစားပြီး ၁၁၅ဂိုးသွင်းယူထားပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဆင့် သွင်းဂိုးအများဆုံးကစားသမား မက်ဆီ

မက်ဆီဟာလည်း ရော်နယ်ဒိုလိုပဲ ချန်ပီယံလိဂ်မှာ မှတ်တမ်းကောင်းတွေရှိထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဘာစီလိုနာတစ်သင်းထဲမှာပဲ ကစားနေတဲ့ မက်ဆီကတော့ ချန်ပီယံလိဂ် ၁၄၃ပွဲကစားပြီး ၁၁၅ဂိုးသွင်းယူထားပါတယ်။ ချန်ပီယံလိဂ်သမိုင်းမှာ သွင်းဂိုး ၁၀၀ကျော်ရရှိထားတဲ့ ကစားသမားတွေဆိုလို့ ရော်နယ်ဒိုနဲ့ မက်ဆီပဲရှိပါတယ်။ မက်ဆီဟာ သူကစားခဲ့တဲ့ပွဲ အရည်အတွက်နဲ့ သွင်းဂိုး အချိုးချရင် တစ်ပွဲပျမ်းမျှ ၀.၈ဂိုးလောက် သွင်းယူထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ၁၆နှစ်တာ ကာလအတွင်း ၇၄၂ပွဲကစားပြီး ၆၄၂ဂိုး သွင်းယူထားတဲ့ မက်ဆီဟာ လာလီဂါ မှာလည်း ဂိုးပေါင်း  ၄၄၀ထိ သွင်းထားပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ လာလီဂါ ချန်ပီယံ ၁၀ကြိမ် ၊ချန်ပီယံလိဂ်ဖလား ၄ကြိမ်နဲ့ ပြိုင်ပွဲစုံ ဆုဖလား စုစုပေါင်း ၃၃လုံးထိရရှိထားပါတယ်။ ဒါ့အပြင် ၃၃နှစ်အရွယ် အာဂျင်တီးနားတိုက်စစ်မှူးဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရာသီ တစ်ခုအတွင်း  သွင်းဂိုးအများဆုံးကစားသမား(၆ကြိမ်)၊ ချန်ပီယံလိဂ်အုပ်စုအဆင့် ဂိုးအများဆုံး(၆၈ဂိုး)သွင်းထားတဲ့ကစားသမား၊ ၁၆သင်းအဆင့် ရှုံးထွက် ဂိုးအများဆုံး(၂၆ဂိုး) သွင်းထားတဲ့ ကစားသမား စတဲ့ စံချိန်တွေ ပိုင်ဆိုင်ထားပါသေးတယ်။
 

() ရာအူးလ် ဂွန်ဇာလက်ဇ်

တစ်ချိန်က ရီးရဲမက်ဒရစ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့တဲ့ စပိန်သား ရာအူးလ်ဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ကစားသမားစာရင်းမှာ နံပါတ် ၃နေရာကရှိနေပါသေးတယ်။ ကစားသမားသက်တမ်း တစ်လျှောက် ချန်ပီယံလိဂ်ပွဲပေါင်း ၁၄၂ပွဲကစားပြီး  ၇၂ဂိုးထိ သွင်းယူထားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းမှာ ပွဲပေါင်း ၇၄၂ပွဲကစားပြီး ၃၂၅ဂိုး သွင်းယူခဲ့တဲ့ ရာအူးလ်ဟာ ချန်ပီယံလိဂ်မှာလည်း စပိန်ကလပ်အတွက် ပွဲ၁၃၀ ကစားပြီး ၆၇ဂိုးသွင်းယူခဲ့ပါတယ်။ ဂျာမန်ကလပ်ရှော်ကီမှာတော့ ချန်ပီယံလိဂ် ၁၂ပွဲကစားပြီး ၅ဂိုးသွင်းခဲ့ပါတယ်။ ရီးရဲမက်ဒရစ်နဲ့ အတူ လာလီဂါဖလား ၆ကြိမ်၊ စပိန်စူပါဖလား ၄ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၃ကြိမ်၊ ယူအီးအက်ဖ်အေစူပါဖလား၊ ရှော်ကီအသင်းနဲ့ ပိုကယ်ဖလား၊ ဂျာမန်စူပါဖလား အပါအ၀င် ပြိုင်ပွဲစုံ ဆုဖလား ၂၁ခုရရှိခဲ့တဲ့ ရာအူးလ်အနေနဲ့ ၂၀၁၅ခုနှစ်မှာ ဘောလုံးလောကက အနားယူခဲ့ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ သူ့ရဲ့ ချန်ပီယံလိဂ် သွင်းဂိုးစံချိန်ကိုတော့ လက်ရှိကစားသမားတွေထဲက တစ်ဦးဦး ကျော်ဖြတ်နိုင်ဖို့များနေပါတယ်။

ဒါကတော့ ချန်ပီယံလိဂ်သမိုင်းမှာ ဂိုးအများဆုံးသွင်းထားတဲ့ ထိပ်ဆုံးကစားသမား ၃ဦး ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ချန်ပီယံလိဂ် သွင်းဂိုးအများဆုံးကစား နောက်ထပ်ကစားသမား တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

(၄) ရောဘတ် လီ၀န်‌ဒေါစကီး (ပိုလန်၊ ဒေါ့မန်၊ ဘေယန်မြူးနစ်) – ၆၈ဂိုး

(၅) ကာရင် ဘန်ဇီမာ (ပြင်သစ်၊ လိုင်ယွန်၊ ရီးရဲမက်ဒရစ်) – ၆၅ဂိုး

(၆) ဗန် နစ်စတယ်ရွိုင်း (နယ်သာလန်၊ ပီအက်စ်ဗွီ၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲမက်ဒရစ်) – ၆၀ဂိုး

(၇) ရှက်ဗ်ချန်ကို (ဒိုင်နမိုကိဗ်၊ အေစီမီလန်၊ ချဲလ်ဆီး) – ၄၈ဂိုး

(၈) သီဟာရီ အွန်နရီ (ပြင်သစ်၊ မိုနာကို၊ အာဆင်နယ်၊ ဘာစီလိုနာ) – ၅၁ဂိုး

(၉)ဖိလစ်ပို အင်ဇာဂီ (အီတလီ၊ အေစီမီလန်၊ ဂျူဗင်တပ်စ်) – ၅၀ဂိုး

(၁၀) ဇလာတန် အီဗရာဟီမိုဗစ် (ဆွီဒင်၊ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီ၊ မန်ချက်စတာယူနိုက်တက်) – ၄၉ဂိုး
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်