နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ဘွန်ဒက်စ်လီဂါ အပြောင်းအရွှေ့သတင်းများ

အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ ဥရောပထိပ်သီးလိဂ်တော်တော်များများ အလုပ်များနေခဲ့ပေမယ့် ဂျာမန် ဘွန်ဒက်စ်လီဂါကလပ်တွေကတော့ အပြောင်းအရွှေ့ကာလမှာ တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်ပါတယ်။ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ဘေယန်မြူးနစ်၊ ဒေါ့မန်တို့လို အသင်းတွေကိုယ်တိုင် လက်ရှိအချိန်အထိ စိတ်ဝင်စားဖို့ကောင်းတဲ့ ကစားသမားခေါ်ယူမှုတွေကိုပြုလုပ်ထားခြင်းမရှိသေးတာကိုတွေ့ရပါတယ်။

ဒီနေ့မနက်အစောပိုင်းအထိ ရရှိတဲ့ သတင်းတွေအရ ဂျာမန်ကလပ် ယူနီယံဘာလင်အသင်းရဲ့ အဓိကတိုက်စစ်မှူး ဆဘက်ရှန်အန်ဒါဆင်ကတော့ ကိုလုံးအသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပေမယ့် စကော့တလန်ထိပ်သီး ဆဲလ်တစ်နဲ့ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဝက်စ်ဘရွန်း၊ နယူးကာဆယ်အပြင် ဘုန်းမောက်အသင်းကပါစိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အန်ဒါဆင်ဟာ ပြီးခဲ့တဲ့ရာသီက ယူနီယံဘာလင်အသင်းအတွက် ၃၁ပွဲကစားပေးပြီး ၁၂ဂိုးသွင်းယူခဲ့တာကြောင့် ကလပ်ဘက်က ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် လက်လွှတ်ရမယ့် အခြေအနေမှာ ရှိပါတယ်။

ဘေယန်မြူးနစ်အသင်းဟာ စပိန်ထိပ်သီး ဘာစီလိုနာရဲ့ လူငယ်ကွင်းလယ်ကစားသမား ပက်ဒရီကို ခေါ်ယူဖို့မျက်စိကျနေပြီး အငှားသို့မဟုတ် အပြီးသတ်ဝယ်ယူဖို့စီစဉ်နေတယ်လို့သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ စပိန်ကြယ်ပွင့် ပက်ဒရီဟာ ပြီးခဲ့တဲ့ရာသီက လက်စ်ပဲလ်မက်စ်ကနေ ပေါင် ၄သန်းနဲ့ ဘာစီလိုနာအသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး တစ်ရာသီလုံးမှ ၁ပွဲပဲ ကစားခဲ့ရပါတယ်။ ပက်ဒရီကိုတော့ ဘာစီလိုနာ နာမည်ကျော်ကွင်းလယ်လူဟောင်း အန်နီယေစတာလက်သစ်အဖြစ် ခိုင်းနှိုင်းထားကြတာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ GOAL.COM ရဲ့ဖော်ပြချက်အရဆိုရင် အသင်းရဲ့နောက်ခံကစားသမား ဒေးဗစ်အလာဘာရဲ့ စာချုပ်သစ်အပေါ်မှာ မုသားစကားတွေပြန့်နှံ့နေတယ်လို့ အလာဘာရဲ့ဖခင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကောလဟာလတွေအရဆိုရင် အလာဘာဟာ ဘေယန်မြူးနစ်ရဲ့ လစာအများဆုံးရတဲ့ကစားသမား ဖြစ်လိုပြီး တစ်နှစ်လုပ်ခ ပေါင်၂၃ သန်းလောက်ထိလိုချင်နေတယ်လို့သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ ဂျော့ဂျ်အလာဘာကတော့ အခုလိုမျိုး ကစားသမားရဲ့ လုပ်ခလစာနဲ့ ခံစားခွင့်တွေနဲ့ ပတ်သတ်လို့ သတင်းတွေပျံနှံ့နေတာကို ဘေယန်မြူးနစ်အသင်းဘက်က ထိန်းသိမ်းပေးမှုမရှိတာကြောင့် မကျေနပ်ဘူးလို့ပြောကြားထားပါတယ်။ ဒါ့အပြင် အသင်းရဲ့ တာဝန်ယူမှုပုံစံကို သဘောမကျတာကြောင့် အခုအတိုင်းဆက်သွားမယ်ဆိုရင် စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ အလဘာအနေနဲ့ ဘေယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ်မချုပ်ဆိုဖြစ်ခဲ့ရင်တော့ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရမှာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေတဲ့ ဘေယန်မြူးနစ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်စ်အနေနဲ့ အသင်းမှာပဲ ဆက်ရှိနေမယ်လို့ ပြောကြားလိုက်ပါတယ်။ ဟာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှပေါင် ၆၈သန်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကနေပြောင်းရွှေ့လာခဲ့ပေမယ့် ခြေချင်းဝတ်ဒဏ်ရာကြောင့်အနားယူနေခဲ့ရသလို အဲလ်ဖွန်ဆိုဒေးဗီးစ်၊အလာဘာတို့ကလည်း ခြေစွမ်းပြနေတာကြောင့် ပွဲထွက်ခွင့်အတွက်မသေမချာဖြစ်နေခဲ့တာပါ။

ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်အသင်းဟာ လေဗာကူဆင်အသင်းရဲ့ ဗဟိုခံစစ်မှူး ဂျိုနသန်တာရ့် ကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အာဆင်နယ်ကို ၃ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့လို့ ခံစစ်ပိုင်းလိုအပ်ချက်ကို ပြင်ဆင်တဲ့ အနေနဲ့ အခုလိုပဲ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။ တာရ့်ကိုတော့ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်၊ လက်စတာစီးတီးတို့လိုအသင်းတွေက ခေါ်ယူဖို့စိတ်ဝင်စားခဲ့ကြပေမယ့် တရားဝင်ချိတ်ဆက်လာခြင်းမရှိတာကြောင့် လေဗာကူဆင်အသင်းမှာပဲ ဆက်နေဖို့ဆုံးဖြတ်ခဲ့တဲ့ တာရ့်ဟာ လက်ရှိရာသီမှာလည်း ဂျာမန်ကလပ်မှာပဲ ဆက်ရှိနေဖို့များနေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။

ဟာသာဘာလင်အသင်းဟာ ကိုလုံးအသင်းရဲ့ တိုက်စစ်မှူး ဂျွန်ကော်ဒိုဘာကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ကော်ဒိုဘာဟာ ပြီးခဲ့တဲ့ ရာသီက ကိုလုံးအသင်းအတွက် ၁၃ဂိုးသွင်းယူပေးခဲ့ပြီး ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ်ကိုလံဘီယာသား ကော်ဒိုဘာဟာ အက်စ်ပန်ညို၊ ဂရန်နာဒါ၊ မိန့်ဇ်အသင်းတို့မှာ ကစားခဲ့ဖူးပြီး ကိုလုံးအသင်းမှာတော့ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ကစားခဲ့ပါတယ်။ ကိုလုံးမှာ ၇၈ ပွဲကစားပြီး ၃၃ဂိုးသွင်းယူပေးထားတဲ့ ကော်ဒိုဘာကိုတော့ ပေါင် ၁၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရှော်ကီအသင်းကတော့ ဖရန့်ဖတ်အသင်းရဲ့တိုက်စစ်မှူး ပက်ဆီရန်ဆီရာကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ပက်ဆီရန်ဆီရာ ကတော့ ဖရန့်ဖတ်အသင်းမှာ ၆၁ပွဲကစားပြီး ၁၅ ဂိုးသွင်းယူပေးထားခဲ့သူလည်း ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးကတော့ ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်အသင်းမှာ ပြီးခဲ့တဲ့ ရာသီက ၃၄ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်