နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂရိဟာ ဆွီဒင် အတွက် အမြဲတမ်း ခက်ခဲစေခဲ့တဲ့ အသင်း ဆိုတာ မမေ့ပါနဲ့ | ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ပွဲကြိုခန့်မှန်း)

ဆွီဒင် – ဂရိ

မနက်ဖြန်ညမှာ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ်တွေ ထဲက ဥရောပဇုန်အုပ်စု (B)ရဲ့ ဆွီဒင်နဲ့ ဂရိ ကစားမယ့် ပွဲက‌တော့ ကျိန်းသေပေါက်အကြိတ်အနယ် ရှိလာဖို့ များနေပါတယ်။ အုပ်စု ဒုတိယနဲ့ တတိယ နေရာမှာ အထက်အောက် ရပ်တည်‌နေတဲ့ ဆွီဒင်နဲ့ ဂရိတို့ လက်ကျန် ၃ ပွဲမှာ အမှတ်အများဆုံး ယူနိုင်ရင် Play-Off နေရာ အတွက် သာမက ခြေစစ်ပွဲ တိုက်ရိုက်‌ အောင်မြင်နိုင်မယ့် အခွင့်အရေးလည်း ရှိနေတာကြောင့်လည်း ပိုပြီး စိတ်၀င်စားဖို့ ကောင်းနေတာ ဖြစ်ပါတယ်။

လက်ရှိ အုပ်စု (B)မှာ စပိန်တို့ ရမှတ် ၁၃ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်နေတယ် ဆိုပေမယ့် ၁၂ မှတ် ရရှိထားတဲ့ ဆွီဒင် ကလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်နိုင်မယ့် အခွင့်အရေး ရှိနေသေးတယ်လို့ ဆိုရပါမယ်။ ပြောရရင် စပိန်ထက် တစ်ပွဲလျော့ ကစားထားတဲ့ ဆွီဒင်တို့ ဒီပွဲမှာ အနိုင်ရရင် အုပ်စု ပထမနေရာကို တက်လှမ်းခွင့်ပါ ရမှာ ဖြစ်ပါတယ်။ ဂရိ ကတော့ ၉ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး လက်ကျန် ပွဲစဉ် အနေအထားအရ စပိန်၊ ဆွီဒင်နဲ့ ဂရိတို့ ၃ သင်းလုံး နောက်တစ်ဆင့် ‌တက်ရေး မျှော်လင့်ချက် ကိုယ်စီ ရှိနေကြတာ ဖြစ်ပါတယ်။ ဆွီဒင် အကြောင်း အရင်ဆုံး ပြောရမယ် ဆိုရင် ဂျိန်း အန်ဒါဆင်ရဲ့ အသင်းက ယူရို ၂၀၂၀ အပြီး ကမ္ဘာ့ဖလား ခြေစစ် ပွဲစဉ် ၃ ပွဲ ကစားရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေကျထားတာ တွေ့ရပါတယ်။ စပိန်နဲ့ အရေးပါတဲ့ ပွဲစဉ် ကနေ ၃ မှတ် အပြည့် ရယူနိုင်ခဲ့တဲ့ ဆွီဒင်တို့ နောက်ပွဲမှာ မထင်မှတ်ပဲ ဂရိကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု ဒုတိယနေရာကို ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲ မှာတော့ တိုက်စစ် ခြေစွမ်းပြပြီး ကိုဆိုဗိုကို ၃ ဂိုးပြတ် ပြန်လည် အနိုင်ရခဲ့တဲ့ ဆွီဒင်တို့ အခုပွဲ မှာလည်း အရေးပါတဲ့ အနိုင် ၃ မှတ် အတွက် ဂရိကို အိမ်ကွင်းမှာ အနိုင်ယူဖို့ ကျိန်းသေပေါက် အာရုံစိုက်လာပါလိမ့်မယ်။ ဖော့စ်ဘတ်၊ ကူလူဆက်ဗ်စကီး၊ အိုက်ဇက်ခ် တို့လို ကစားသမားကောင်းတွေ ရှိနေလို့ တိုက်စစ်က ဂိုးရဖို့ မခက်ခဲပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ တစ်ပွဲ တစ်ဂိုး လောက် ပြန်ပေးနေရတဲ့ ခံစစ်ပိုင်း ကတော့ အနည်းငယ် စိတ်ပူစရာ ရှိနေပါတယ်။ ယူနိုက်တက် ဗဟိုခံစစ်မှူး ဗစ်တာ လင်ဒီအော့ဖ် ကိုယ်‌‌ရေးကိုယ်တာ အကြောင်းပြချက် ပေးပြီး အသင်းနဲ့ လာရောက် ပူးပေါင်းခဲ့ခြင်း မရှိတာ အခုပွဲနဲ့ ဆိုရင် ၂ ပွဲမြောက် ဖြစ်ပါတယ်။ ဒါကြောင့် နီးလ်ဆင်၊ ဒန်နီရယ်ဆင်၊ အော်ဂတ်စတင်ဆင်၊ ခရက်ဖ် တို့ကိုပဲ ခံစစ် အတွက် အဓိက အားထားနေရတာ ဖြစ်ပြီး ဒီကစားသမားတွေ အနေနဲ့ အခုပွဲ ပွဲထွက် လူစာရင်းမှာ ပါ၀င်လာဖို့ သေချာ သလောက် ရှိနေပါတယ်။ ၄-၄-၂ ကစားကွက်ကို အဓိက အသုံးပြုနေတဲ့ ဆွီဒင်ရဲ့ တောင်ပံ နှစ်ဖက်မှာ ဖော့စ်ဘတ်နဲ့ ကလက်ဆန်တို့ကိုပဲ မြင်တွေ့ရဖို့ ရှိနေပြီး ကွင်းလယ် မှာ အိုလ်ဆင်နဲ့ အက်ခ်ဒဲလ်၊ တိုက်စစ် မှာတော့ အိုက်ဇ်ခ်နဲ့ ကူလူဆက်ဗ်စကီး ကိုပဲ တွဲကစားခိုင်းဖို့ များနေပါတယ်။

 
ဂရိရဲ့ ခြေစွမ်း ကလည်း အထင်သေးလို့တော့ မရပါဘူး။ အသင်းကြီးတွေ ပါနေတဲ့ အုပ်စုမှာ လက်ရှိ အချိန်ထိ ရှုံးပွဲ မရှိသေးပဲ ၂ ပွဲနိုင်၊ ၃ ပွဲသရေနဲ့ ရမှတ် ၉ မှတ် အထိ ရှာဖွေထားနိုင်ပါတယ်။ ဂျော်ဂျီယာ၊ ကိုဆိုဗို တို့နဲ့ ပွဲတွေမှာ သရေကျခဲ့တာ မဖြစ်သင့်ပေမယ့် စပိန်ကို အဝေးကွင်းမှာ သရေ၊ ဆွီဒင်ကို အိမ်ကွင်းမှာ အနိုင်ကစားထားတဲ့ ဂရိဟာ လက်ကျန် ပွဲတွေမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂရိ အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play_Off နေရာ အတွက်ပဲ မျှော်လင့်ရမယ့် အခြေအနေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆီမီကတ်စ်၊ မက်ဗ်ရိုပါးနို့စ် တို့လောက်ပဲ လူသိများတဲ့ ကစားသမား‌ ရှိပေမယ့် အသင်းလိုက် စုစည်းမှု ကောင်းကောင်းနဲ့ ပြိုင်ဘက်တိုင်းကို အမာကျောဆုံး တုန့်ပြန်ထားနိုင်ခဲ့တဲ့ ဂရိတို့ ဒီပွဲကနေ အနိမ့်ဆုံး ၁ မှတ် ရဖို့ မျှော်လင့်လာဦးမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ ထိပ်တိုက်တွေ့ဆုံမှု ၇ ကြိမ်မှာ ဆွီဒင်တို့ ဂရိကို ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ကျန်ပွဲတွေ မှာတော့ သရေသာ အမြင့်ဆုံး ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ခြေစစ်ပွဲ ပထမအကျော့ ပွဲစဉ်မှာတုန်း ကလည်း ဂရိတို့ အိမ်ကွင်းမှာ အကောင်းဆုံး ထိန်းချုပ် ကစားသွားပြီး ၂-၁ ရလဒ်နဲ့ ဆွီဒင်ကို အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆွီဒင် vs ဂရိ 1X2 သရေ 3.40
အောက်တိုဘာလ ၁၃ ရက် , ည ၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဆွီဒင် အတွက် ၁.၈၉ ဆ၊ ဂရိ အတွက် ၃.၆၅ ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိမှာ ခြေစွမ်းအရရော၊ ကစားသမား အင်အားအရပါ ဆွီဒင်တို့ အဘက်ဘက်က အသာရနေတယ် ဆိုပေမယ့် ဂရိ ကလည်း မာကျောတဲ့ အသင်းပါ။ နောက်ပြီးတော့ Play_Off နေရာ မျှော်လင့်ချက် အတွက် အားကုန်ထုတ် ရုန်းလာနိုင်လို့ ဆွီဒင် ဘက်မှာ ရပ်တည်ဖို့ သံသယ ရှိနေပါတယ်။ သရေ လောက်ပဲ အမြင့်ဆုံး မျှော်လင့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်