နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီရန် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အီရန် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။

အီရန် လက်ရွေးစင် အသင်း အကျဉ်းချုပ်

အီရန်ဟာ အာရှရဲ့ ကျားသစ် တစ်ကောင် ဖြစ်ပေမယ့် ကမ္ဘာ့ဖလား ရောက်ရင်တော့ ယုန်သငယ်လေး ဖြစ်သွားတတ်တဲ့ အသင်း ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ်မြောက် ကစားခွင့်ရထားခဲ့ပြီး ပြီးခဲ့တဲ့ ၅ ကြိမ်စလုံး အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရသလို မှတ်မှတ်ရရ နိုင်ပွဲ ၂ ပွဲသာ ရဖူးပါတယ်။ အီရန်ရဲ့ လက်တလော ဖီဖာရဲ့ အဆင့် ရပ်တည်မှုဟာ အထင်ကြီးစရာ ကောင်းပြီး ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကျော်ဖြတ်မှု ကလည်း အားရစရာပါ။ တောင်ကိုရီးယား၊ ယူအေအီး တို့ ပါဝင်တဲ့ အာရှဇုန် အုပ်စု A မှာ ၈ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး၊ ၂၅ မှတ် ရရှိပြီး အုပ်စုဗိုလ် အဖြစ်နဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ခရိုအေးရှား လူမျိုး နည်းပြ ဒရာဂန် ဆကိုချစ် ကိုင်တွယ်နေတဲ့ အီရန်တို့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း တောင်ကိုရီးယားနဲ့ အဲလ်ဂျီးယား နှစ်သင်းထဲကိုသာ ရှုံးနိမ့်ထားတာကြောင့် ပြိုင်ပွဲစုံမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေတယ်လို့လည်း ပြောလို့ ရပါတယ်။ ဥရောပ အခြေစိုက် ကစားသမားတွေ ဖြစ်တဲ့ မာဒီ တာရီမီ၊ အက်ဇ်မွန်၊ ဂျာဟန် ဘာကတ်ရှ်၊ ဆေးယက်ဒ် မန်ဆာ့ရ်၊ အန်ဆာရီဖက်ဒ်၊ ဂေါ်ဒို့စ်၊ မိုဟာရာမီ တို့ ပါဝင်နေလို့ လျှော့တွက်လို့ မရသလို အရှေ့အလယ်ပိုင်းဒေသမှာ ကျင်းပမှာ ဖြစ်တာကြောင့်လည်း အီရန်တို့ အိမ်ကွင်းလိုပဲ ကစားနိုင်ဦးမှာပါ။

အမည်ပြောင် – ကျားသစ်များ၊ မဲလ်လီ အသင်း

အဖွဲ့ချုပ် – အီရန် အစ္စလာမ္မစ် သမ္မတ နိုင်ငံ ဘောလုံးအဖွဲ့ချုပ်

စတင် တည်ထောင်သည့် ခုနှစ် – ၁၉၂၀

ဂျေလိဂ်
ဆီရီဇို အိုဆာကာ
ကာဝါစကီ ဖရန့်တေးလ်
1X2 ဆီရီဇို အိုဆာကာ @ 3.15
ဂိုးပေါ် 2.50 @ 2.06
ဂိုးပေါင်း 0-1 @ 2.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အရောင် – အဖြူရောင်နှင့် အနီရောင်

နည်းပြချုပ် – ဒရာဂန် ဆကိုချစ်

အသင်းခေါင်းဆောင် – အလီယေဇာ ဂျာဟန်ဘက်ရှ်

ပွဲအများဆုံး ကစားထားသူ – ဂျာဗက် နီကူနမ် (၁၅၁ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – အလီဒါယီ (၁၀၉ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၂၃ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)


ပထမဦးဆုံး နိုင်ငံတကာပွဲ

အီရန် ၀-၀ အာဖဂန်နစ္စတန် (ဩဂုတ် ၂၅၊ ၁၉၄၁)


အကြီးမားဆုံး နိုင်ပွဲ

အီရန် ၁၉-၀ ဂူအမ် (နိုဝင်ဘာ ၂၄၊ ၂၀၀၀)


အကြီးမားဆုံး ရှုံးပွဲ

တူရကီ ၆-၁ အီရန် (မေ ၂၈၊ ၁၉၅၀)

တောင်ကိုရီးယား ၅-၀ အီရန် (မေ ၂၈၊ ၁၉၅၈)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

အီရန်တို့ ၁၉၇၈၊ ၁၉၉၈၊ ၂၀၀၆၊ ၂၀၁၄၊ ၂၀၁၈ ကမ္ဘာ့ဖလား တွေမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ဖူးပေမယ့် အမြဲတမ်း အုပ်စု အဆင့် ကနေပဲ လှည့်ပြန်ခဲ့ရတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ပြီး အီရန်ဟာ ကမ္ဘာ့ဖလား နောက်ဆုံး အဆင့်မှာ နိုင်ပွဲ ၂ ပွဲသာ ရခဲ့ဖူးပြီး ၁၉၉၈မှာ အမေရိကန်နဲ့ ၂၀၁၈မှာ မော်ရိုကို ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အီရန်တို့ လက်ရှိ ၂၀၂၂ ကမ္ဘာ့ဖလား မှာတော့ အင်္ဂလန်၊ အမေရိကန်၊ ဝေးလ်စ်တို့ ပါဝင်တဲ့ အုပ်စု B ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


အခြား အောင်မြင်မှု

အီရန်ဟာ ကမ္ဘာ့ဖလားမှာ အမြဲတမ်းလိုလို အိမ်ဖြည့်အဆင့်သာ ရှိခဲ့ပေမယ့် အာရှဖလား အပါအဝင် အခြားသော နိုင်ငံတကာ အဆင့် ပြိုင်ပွဲတွေ မှာတော့ ဆုဖလား များစွာ သိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်။ ၁၉၆၈၊ ၁၉၇၂၊ ၁၉၇၆ အာရှဖလား တို့မှာ ချန်ပီယံ ၃ ကြိမ် ဖြစ်ထားပြီး အာရှဂိမ်း မှာလည်း ၁၉၇၄၊ ၁၉၉၀၊ ၁၉၉၈၊ ၂၀၀၄ တို့မှာ ၄ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ဒါ့အပြင် အနောက်အာရှဘောလုံးအဖွဲ့ချုပ် ချန်ပီယံရှစ်မှာ ၄ ကြိမ်၊ အနောက်အာရှဂိမ်းမှာ ၁ ကြိမ်၊ ECO ဖလားမှာ ၃ ကြိမ်၊ AFC စိန်ခေါ်ဖလားမှာ ၁ ကြိမ်၊ LG ဖလား မှာ ၃ ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။


ကစားမည့် ရက်

အင်္ဂလန် – အီရန် (နိုဝင်ဘာ ၂၁)

ဝေးလ်စ် – အီရန် (နိုဝင်ဘာ ၂၅)

အီရန် – အမေရိကန် (နိုဝင်ဘာ ၃၀)

ချန်ပီယံ ဖြစ်ရန် အလေးပေးမှု

+၅၀၀၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်