အင်္ဂလန်လက်ရွေးစင်နည်းပြသောမက်စ်တူချယ်ကအသင်းရဲ့ကွင်းလယ်ကစားသမားဂျူ့ဒ်ဘယ်လင်ဟမ်ကိုကွင်းအတွင်းစိတ်ခံစားချက်တွေပြောင်းလဲဖို့လိုအပ်ကြောင်းသတိပေးစကားပြောကြားလာခဲ့ပါတယ်။သောမက်စ်တူချယ်ဟာအဲလ်ဘေးနီးယားနဲ့ကစားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာအင်္ဂလန်ကိုပထမဦးဆုံးအကြိမ်ကိုင်တွယ်ခဲ့ပြီးနိုင်ပွဲလည်းရရှိခဲ့ပါတယ်။
အဲဒီပွဲမှာသောမက်စ်တူချယ်ကဂျူ့ဒ်ဘယ်လင်ဟမ်ကိုပွဲချိန်ပြည့်အသုံးပြုသွားခဲ့ပြီးတော့ဘင်လင်ဟမ်ကလည်းဂိုးဖန်တီးမှု၁ကြိမ်ပြုလုပ်ကာခြေစွမ်းပြနိုင်ခဲ့ပါတယ်။အသက်၂၁နှစ်အရွယ်ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဘယ်လင်ဂမ်ဟာကွင်းအတွင်းဒိုင်လူကြီးတွေကိုပြင်းပြင်းထန်ထန်စောဒကတက်လေ့ရှိပြီးတော့အဝါကတ်နဲ့အနီကတ်တွေပြသခံရဖူးသူဖြစ်ပါတယ်။ဒါကြောင့်ဘောလုံးကျွမ်းကျင်သူတွေနဲ့ပရိသတ်တွေကဘယ်လင်ဟမ်ကိုကွင်းအတွင်းညည်းတွားတတ်သူ၊ကွင်းလယ်ဒိုင်တွေကိုအမြဲတမ်းစောဒကတက်သူအဖြစ်ဝေဖန်နေကြတာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သတ်လို့သောမက်စ်တူချယ်က “သူ (ဘယ်လင်ဟမ်)ကကွင်းလယ်ဒိုင်၊စည်းကြပ်ဒိုင်တွေနဲ့စကားပြောရတာကိုနှစ်သက်သူပါ။သူကကွင်းအတွင်းမှာစိတ်ခံစားမှုအရမ်းများသူလည်းဖြစ်ပါတယ်။ဘယ်လင်ဟမ်အနေနဲ့အရှုံးကိုဘယ်လောက်မုန်းတယ်။သူဘယ်လောက်အထိအနိုင်ရချင်တယ်ဆိုတာအားလုံးမြင်တွေ့ကြမှာပါ။သူကကွင်းအတွင်းသူ့ရဲ့ခံစားချက်ကိုဖော်ပြတတ်သူလည်းဖြစ်ပါတယ်။ဘယ်လင်ဟမ်ရဲ့ဆာလောင်မှုနဲ့အနိုင်ရလိုစိတ်ကိုသဘောကျပါတယ်။ဒါပေမယ့်သူ့အနေနဲ့ကွင်းအတွင်းမှာစိတ်ခံစားချက်ကိုပြောင်းလဲဖို့သင်ယူရပါလိမ့်မယ်။ဒါကပြဿနာမဟုတ်ပါဘူး။ဘယ်လင်ဟမ်အနေနဲ့သူ့ရဲ့ပုံစံအတိုင်းရှိနေတာကိုကျွန်တော်သဘောကျပါတယ်။သူကအသင်းရဲ့အဓိကကစားသမားဖြစ်လို့သူ့ဆီကအကောင်းဆုံးတွေကိုမျှော်လင့်ပါတယ်။”လို့ပြောကြားခဲ့ပါတယ်။
တူချယ်ကတော့ကမ္ဘာ့ဖလားအတွက်အင်္ဂလန်လက်ရွေးစင်အသင်းကိုစတင်ကိုင်တွယ်ချိန်မှာအသင်းသားတွေရဲ့ခြေစွမ်းပိုင်းထက်စိတ်ဓာတ်ပိုင်းကိုအလေးပေးပြောဆိုမှုတွေပြုလုပ်လျက်ရှိနေပါတယ်။တူချယ်ဟာအဲလ်ဘေးနီးယားနဲ့ပွဲမတိုင်ခင်ကလည်းအသင်းရဲ့ကစားသမားတွေအနေနဲ့တစ်ဦးအပေါ်တစ်ဦးအလွန်ရိုးသားကြဖို့နဲ့ညီအစ်ကိုလိုဆက်ဆံကြဖို့တိုက်တွန်းပြောကြားခဲ့ပါသေးတယ်။တူချယ်ကအင်္ဂလန်ကစားသမားတွေနဲ့ပထမဆုံးအကြိမ်တွေ့ဆုံချိန်မှာအမေရိကန် NBA ကစားသမားတွေရဲ့ဆက်ဆံရေးအတိုင်းတစ်ဦးနဲ့တစ်ဦးပေါင်းသင်းဆက်ဆံကြဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်ဟာ၂၀၂၆ကမ္ဘာ့ဖလားခြေစစ်ပွဲပထမအဆင့်အုပ်စု K မှာရမှတ်၃မှတ်နဲ့ဦးဆောင်နေပါတယ်။ဘယ်လင်ဟမ်ကလည်းအင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်၄၁ပွဲကစားရာမှာ၆ဂိုးသွင်းယူထားပြီးတော့ဆုဖလားအောင်မြင်မှုတော့မရရှိသေးပါဘူး။အင်္ဂလန်သားဟာလက်ရှိကလပ်ရီးရဲလ်မက်ဒရစ်အတွက်အကောင်းဆုံးခြေစွမ်းပြကစားနေပြီးတော့လာလီဂါ၊ချန်ပီယံလိဂ်၊ယူအီးအက်ဖ်အေစူပါဖလား၊ဖီဖာကလပ်ကမ္ဘာ့ဖလား၊စပိန်စူပါဖလားတစ်ကြိမ်စီရရှိထားပါတယ်။အသင်းဟောင်းဒေါ့မန်နဲ့တော့ဘယ်လင်ဟမ်ကပိုကယ်ဖလားချန်ပီယံဆုတစ်ကြိမ်ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.