နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူရကီကို ဂိုးပြတ် အနိုင်ယူပြီး Play-Off ဗိုလ်လုပွဲ တက်သွားတဲ့ ပေါ်တူဂီ (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီးသုံးသပ်ချက်)

ပေါ်တူဂီ ၃-၁ တူရကီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဆီမီးဖိုင်နယ် မှာတော့ ပေါ်တူဂီတို့ တိုက်စစ် ခြေစွမ်းပြပြီး ၃-၁ ရလဒ်နဲ့ တူရကီကို အနိုင်ရသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ နှစ်သင်းလုံး အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် အပိုင်အသုံးချနိုင်ခဲ့တဲ့ ပေါ်တူဂီတို့ လူငယ် ကစားသမားတွေရဲ့ သွင်းဂိုးနဲ့ တူရကီကို အနိုင်ယူပြီး Play-Off နောက်ဆုံး အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဖာနန်ဒို ဆန်းတို့စ်ရဲ့ အသင်းက ၄-၃-၃ အခင်းအကျင်းနဲ့ အတူ တိုက်စစ်မှာ ခရစ္စတီယာနိုရော်နယ်ဒို၊ ဒီယိုဂို ဂျိုတာနဲ့ အော့တာဗီယိုကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ် မှာ မော်တင်ဟို၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ပါဝင်ခဲ့ပြီး ရူဘင်ဒီးရာ့ဇ်နဲ့ ဂျာအို ကန်ဆယ်လို ကစားနိုင်ခြင်း မရှိတဲ့ ခံစစ် မှာတော့ ဂွါရဲရိုး၊ ဒန်နီလို ပရဲရား၊ ဖွန်တီ၊ ဒါးလော့တ် တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ တူရကီ ကတော့ သူတို့ အသင်းရဲ့ ထုံးစံအတိုင်း ခံစစ် အသားပေး ၃-၅-၂ ကစားကွက်နဲ့ပဲ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ရီလ်မက်ဇ်၊ အန်ဒါ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ချလနောဂလူ၊ ကော့ချူ၊ ကတ်လူ၊ အက်ခ်တာကိုဂလူ၊ ဆီလစ်ခ်၊ ကာဘက်ခ်၊ ဒါမီရယ်၊ ဆွိုင်ယွန်ချူ၊ ဆက်ကီရာ တို့ ပါဝင်လာခဲ့ပါတယ်။

နောက်ပြီး အသင်းခေါင်းဆောင် ရီလ်မက်ဇ်ရဲ့ ပင်နယ်တီ လွဲချော်မှု ကလည်း အဆုံးအဖြတ် တစ်ခု ဖြစ်ခဲ့ပြီး တူရကီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ဗိုလ်လုပွဲ တက်လှမ်းခွင့်ကို ဆုံးရှုံးစေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
၂၀၁၂ ခုနှစ် နောက်ပိုင်း ပေါ်တူဂီ အိမ်ကွင်းမှာ ၁-၃ ရလဒ်နဲ့ပဲ ပြန်လည် အရှုံးပေးခဲ့ရတဲ့ တူရကီ

ပွဲစကတည်းက ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ တိုက်စစ်ရဲ့ ဖိအားပေးမှုကို တူရကီတို့ အလူးအလဲ ခုခံနေခဲ့ရပြီး ပွဲချိန် ၁၄ မိနစ် မှာတင် ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ဂွါရဲရိုးရဲ့ ကန်ချက် တိုင်ထိပြီး ပြန်ထွက်လာတာကို အသင့်စောင့်နေတဲ့ အိုတာဗွီယိုက ပြေးဝင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။အဲ့နောက် ပေါ်တူဂီတို့ ဆက်လက် ဖိအားပေးနိုင်ခဲ့သလို တူရကီ ကလည်း ထိရောက်တဲ့ တန်ပြန် တိုက်စစ်နဲ့ ပြိုင်ဘက် နောက်တန်းကို ပြန်လည် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပေါ်တူဂီ နောက်တန်းက ဒန်နီလို မကြာခဏ အမှားတွေ လုပ်ခဲ့သလို ခံစစ်မှူးတွေ အနေနဲ့ ချိတ်ဆက်မှု အပိုင်းမှာ နားလည်မှုတွေ လွဲချော်နေခဲ့လို့ တူရကီ တို့ အခွင့်အရေးတွေ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ ပေါ်တူဂီတို့ ဒုတိယ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ အော့တာဗီယို မပေးလိုက်တဲ့ ဘောလုံးကို ဒီယိုဂို ဂျိုတာက ခေါင်းတိုက် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း အပြီးမှာတင်ပဲ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့တာကြောင့် ပေါ်တူဂီတို့ ဒုတိယပိုင်းမှာ ကစားပုံ သိသိသာသာ လျော့ရဲသွားခဲ့လို့ တူရကီက ဆက်တိုက် ဖိအားပေးခြင်းကို ခံခဲ့ရပါတယ်။ အဲ့နောက် ချေပဂိုးပါ ခွင့်ပြုပေးလိုက်ရပြီး ရီလ်မက်ဇ်နဲ့ အန်ဒါ တွဲလုံး ကနေ ရီလ်မက်ဇ် ကပဲ ဂိုးသမား ကော်စတာရဲ့ ညာဘက် ထောင့်ထဲကို ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ၂-၁ ဖြစ်သွားချိန်မှာ ပေါ်တူဂီ ဘက်က ဂျာအိုဖီးလစ်၊ ကာဗယ်ဟို၊ မားသီးယက်စ် လူးဝစ်ဇ်၊ မန်းဒက်စ်၊ ရာဖေး လီယောင်တို့နဲ့ အားဖြည့်ခဲ့သလို တူရကီ ကလည်း လိုအပ်နေတဲ့ ချေပဂိုးတွေ ရဖို့ အူနဲလ်၊ ယက်ဇီရှီ တို့ထည့်ပြီး တိုက်စစ် မြှင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ရီလ်မက်ဇ် ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် ပေါ်တူဂီတို့ ကံကောင်းသွားခဲ့ပြီး နာကျင်အချိန်ပို ၄ မိနစ် မှာတော့ လီယောင်ရဲ့ ပေးပို့မှု ကနေ လူးဝစ်ဇ်က တတိယဂိုး သွင်းယူခဲ့လို့ ပွဲအပြီးမှာ ပေါ်တူဂီတို့ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

Play-Off နောက်ဆုံး အဆင့်ကို တက်လှမ်းနိုင်ဖို့ နှစ်သင်းလုံး ရေကုန်ရေခမ်း ကစားသွားခဲ့ကြတာ ဖြစ်ပါတယ်။ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် ပေါ်တူဂီရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းတဲ့ ကစားသမားတွေက ပွဲအဖြေကို ထုတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူးကြီး ရော်နယ်ဒို ဂိုးမရခဲ့ပေမယ့် တူရကီ နောက်ခံလူတွေကို ပွဲချိန်ပြည့် အလုပ်ပေးနိုင်ခဲ့သလို ဂျိုတာ၊ အော့တာဗီယို၊ လူးဝစ်ဇ် တို့ လွတ်လွတ်လပ်လပ် ကစားနိုင်အောင် နေရာလွတ်တွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီးရာ့ဇ်နဲ့ ကန်ဆယ်လို မပါတဲ့ ခံစစ်က အားနည်းချက်တွေ မြင်တွေ့ခဲ့ရပေမယ့် တူရကီ တိုက်စစ်ရဲ့ အဆုံးသတ် အားနည်းချက်တွေကြောင့် ပေါ်တူဂီတို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီး အသင်းခေါင်းဆောင် ရီလ်မက်ဇ်ရဲ့ ပင်နယ်တီ လွဲချော်မှု ကလည်း အဆုံးအဖြတ် တစ်ခု ဖြစ်ခဲ့ပြီး တူရကီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ဗိုလ်လုပွဲ တက်လှမ်းခွင့်ကို ဆုံးရှုံးစေခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။
ခြုံငုံ သုံးသပ်ရရင် ဒီနေ့ပွဲမှာ ပေါ်တူဂီတို့ ခံစစ်ပိုင်း အနည်းငယ် အားနည်းခဲ့တာ ကလွဲလို့ တူရကီကို ပွဲချိန်ပြည့် လွှမ်းမိုး ကစားနိုင်ခဲ့ပြီး လိုချင်တဲ့ ရလဒ်နဲ့ အတူ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off နောက်ဆုံး အဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်တစ်ဆင့်မှာ တွေ့ဆုံရမယ့် အသင်းဟာ အီတလီ မဟုတ်ပဲ မြောက်မက်ဆီဒိုးနီးယား ဖြစ်သွားခဲ့တာ ကြောင့်ပေါ်တူဂီ အတွက် ကာတာ သွားဖို့ လက်မှတ် ကတော့ လက်တစ်ကမ်း အကွာကို ရောက်နေခဲ့ပြီလို့ပဲ ဆိုရပါမယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဆောက်သမ်တမ်
1X2 သရေ (Draw) @ 3.45
ဂိုးပေါ် 2.75 @ 1.88
ဂိုးပေါင်း 0-1 @ 4.30
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

ဒီနိုင်ပွဲကြောင့် ပေါ်တူဂီတို့ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ မြောက်မက်ဆီဒိုးနီးယားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး တူရကီ ကတော့ ဇွန်လ ၆ ရက်နေ့မှ ဖာရိုးကျွန်းစုနဲ့ နေးရှင်းလိဂ် (C) အုပ်စု ပွဲစဉ် ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်