စပယ်ရှယ်ဝမ်းကြီး ဟိုဆေး မော်ရင်ဟို ကတော့ သူ့ အနေနဲ့ အနာဂတ်မှာ နိုင်ငံ လက်ရွေးစင် အသင်း တစ်သင်းကို နည်းပြချင်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုလောက် ပါဝင်ဆင်နွှဲချင်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ လက်ရှိ တူရကီ စူပါလိဂ် ထိပ်သီး ကလပ် ဖီနာဘာချီရဲ့ နည်းပြ မော်ရင်ဟိုက အီတလီ သတင်းဌာန တစ်ခု ဖြစ်တဲ့ Corriere Dello Sport နဲ့ အင်တာဗျူးမှာ အခုလို ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ လက်ရှိ အချိန်ထိတော့ နိုင်ငံ လက်ရွေးစင် အသင်း နည်းပြ အဖြစ် မလုပ်ကိုင်ဖူးသေးပါဘူး။ ဒါပေမယ့်လည်း သူက အင်္ဂလန်၊ အီတလီ၊ စပိန်၊ တူရကီနဲ့ ပေါ်တူဂီ ထိပ်တန်း ကလပ်တွေမှာ ကျင်လည်ခဲ့ဖူးတဲ့ နာမည်ကျော် နည်းပြ တစ်ဦး ဖြစ်ပါတယ်။ ဒါ့ကြောင့် မော်ရင်ဟိုက အတွေ့အကြုံပိုင်းအရ နိုင်ငံ လက်ရွေးစင် အသင်း တစ်သင်းကို ကိုင်တွယ်ဖို့ မခက်ခဲနိုင်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှု ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အသက်အရွယ်အရ ဆိုရင်လည်း မော်ရင်ဟို အနေနဲ့ နိုင်ငံ အသင်း တစ်သင်းကို ကိုင်တွယ်ဖို့ အချိန်ကောင်းကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မော်ရင်ဟိုက “ရိုးမား ကစားတာကို ကျွန်တော် ဘယ်တော့မှ ထပ်မကြည့်ဖြစ်တော့ပါဘူး။ အင်တာမီလန် ပွဲတွေ ကိုတော့ ကြည့်ဖြစ်ပါသေးတယ်။ ကျွန်တော် ဥရောပဖလား ပြိုင်ပွဲ ဒါမှမဟုတ် ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခု လောက် ပါဝင် ဆင်နွဲသွားချင်ပါသေးတယ်။ ပြီးတော့ ကျွန်တော် ကလပ် တော်တော်များများမှာ အကြိမ်ပေါင်း များစွာ လုပ်ကိုင်ခဲ့ဖူးသလို နိုင်ငံ အသင်း တစ်သင်း ကိုလည်း အကောင်းဆုံး ကိုင်တွယ်သွားချင်ပါတယ်။ ဒါကို ဘောလုံး အားကစား အတွက် လုပ်ဆောင်ပေးချင်ပါတယ်။ အားကစားနဲ့ နိုင်ငံကို ကိုယ်စားပြုတာမျိုးလည်း လုပ်ပေးချင်ပါတယ်။ ဒါက မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်လာပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒီလို ပြောစကားတွေ အရ မော်ရင်ဟို အနေနဲ့ ဖီနာဘာချီ နဲ့သာ လက်တွဲဖြုတ်မယ် ဆိုရင် နိုင်ငံ လက်ရွေးစင် အသင်း တစ်သင်းကို ပြောင်းလဲ ကိုင်တွယ်သွားဖွယ် ရှိနိုင်ပါတယ်။
မော်ရင်ဟိုဟာ ပေါ်တိုမှာ အောင်မြင်မှုတွေ စတင်ရရှိခဲ့ပြီးတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် မှာလည်း ဆုဖလား အောင်မြင်မှု များစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ရိုးမား တို့မှာလည်း ဆုဖလားတွေ ရရှိခဲ့ပြီး စပါး မှာတော့ မော်ရင်ဟို တစ်ယောက် ဘာအောင်မြင်မှုမှ မရပဲ ပြဿနာတွေနဲ့ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ မော်ရင်ဟိုက လက်ရှိမှာ ကလပ် ဖီနာဘာချီ မှာလည်း လုံးဝ အဆင်ပြေနေတာမျိုး မဟုတ်ပဲ သူ့ရဲ့ ပုံစံ အရ ဆိုရင် မကြာခင်မှာ နှုတ်ထွက်သွားဖွယ်တောင် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မော်ရင်ဟိုက လက်ရွေးစင် အသင်း တစ်သင်းကို ကိုင်တွယ်ချင်နေပြီး ဘယ်အသင်းကို ကိုင်တွယ်ဖို့ စဉ်းစားနေသလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။မော်ရင်ဟိုက သူရဲ့ မိခင် နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို နီးစပ်ဖူးခဲ့သလို အင်္ဂလန်၊ ဆော်ဒီအာရေဗျ အသင်းတွေနဲ့လည်း သတင်းတွေ ထွက်ဖူးခဲ့ပါသေးတယ်။ ဒါ့အပြင် ဘရာဇီးလ် လက်ရွေးစင် အသင်း ကလည်း မော်ရင်ဟိုကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိခဲ့ပါသေးတယ်။ ဒါကြောင့် မော်ရင်ဟို ကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ မြင်တွေ့ရမလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.