နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရော်နယ်ဒိုပါဝင် ကစားသည် ဖြစ်စေ၊ မကစားသည် ဖြစ်စေအသင်းရဲ့ အခြေအနေကအတူတူပဲဖြစ်တယ်လို့ ဆိုလိုက်တဲ့ ရော်ဘတ်တိုမာတီနက်ဇ် |နေးရှင်းလိဂ်

ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြရော်ဘတ်တိုမာတီနက်ဇ်ကအသင်းခေါင်းဆောင်ဝါရင့်ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုပါဝင်ကစားသည်ဖြစ်စေပါဝင်မကစားသည်ဖြစ်စေသူတို့အသင်းအခြေအနေအတူတူပဲဖြစ်တယ်လို့ပြောကြားလိုက်ပါတယ်။မာတီနက်ဇ်ကိုဒိန်းမတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အပြီးမှာအခုလိုပဲပြောကြားခဲ့တာဖြစ်ပါတယ်။

အသက်၄၀အရွယ်ခရစ္စတီယာနိုရော်နယ်ဒိုဟာလစ္စဘွန်းမှာကစားခဲ့တဲ့ပေါ်တူဂီနဲ့ဒိန်းမတ်တို့ကစားခဲ့တဲ့နေးရှင်းလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပေမယ့်အခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပါဘူး။ဒါပေမယ့်လည်းရော်နယ်ဒိုကအသင်းအတွက်လိုအပ်နေတဲ့သွင်းဂိုး၁ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ပထမအကျော့မှာပေါ်တူဂီကဒိန်းမတ်ကို၁-၀ရလဒ်နဲ့ရှုံးနိမ့်ခဲ့တာကြောင့်ဒုတိယအကျော့မှာမဖြစ်မနေအနိုင်ရဖို့အရေးကြီးခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ပေါ်တူဂီအတွက်ဂိုးသွင်းနိုင်ပြီးနောက်ဒုတိယပိုင်းပြီးခါနီးမှာတော့နည်းပြမာတီနက်ဇ်ကဂွန်ဆာလိုရာမိုစ်နဲ့လူစားလဲခဲ့ပါတယ်။ရော်နယ်ဒိုနေရာမှာဝင်ရောက်ကစားခဲ့တဲ့ဂွန်ဆာလိုရာမို့စ်ကလည်းအသင်းအတွက်ပွဲသိမ်းအနိုင်ဂိုးကိုသွင်းယူခဲ့သလိုမန်းဒက်စ်နေရာမှာဝင်လာကစားခဲ့တဲ့ထရင်ကာအိုကလည်းပေါ်တူဂီအတွက်အရေးပါတဲ့သွင်းဂိုး၂ဂိုးကိုရယူပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်ပေါ်တူဂီကဒုတိယအကျော့မှာဒိန်းမတ်ကိုအနိုင်ယူပြီးနေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပေါ်တူဂီကဒုတိယအကျော့မှာဒိန်းမတ်ကိုအနိုင်ယူပြီးနေးရှင်းလိဂ်ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။
ပေါ်တူဂီမှာရော်နယ်ဒိုရှိ၊ မရှိကအရေးမကြီးကြောင်းပြောလာတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုကိုလူစားလဲဖိုဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်လို့တော့နည်းပြရော်ဘတ်တိုမာတီနက်ဇ်ကအခုလိုပဲပြောကြားသွားခဲ့ပါတယ်။မာတီနက်ဇ်က “အသင်းကလုံးဝအတူတူပဲလို့ကျွန်တော်မြင်မိပါတယ်။ခရစ္စတီယာနိုကကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ဂွန်ဆာလိုလည်းကောင်းကောင်းကစားခဲ့ပါတယ်။သူတို့ကမတူညီတဲ့စရိုက်လက္ခဏာတွေရှိနေကြတဲ့ကစားသမားတွေပါ။ကျွန်တော့်အနေနဲ့ခြားနားမှုသိပ်မတွေ့ခဲ့ပါဘူး။”လို့ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ဒီနေးရှင်းလိဂ်ပွဲစဉ်မတိုင်ခင်နိုင်ငံတကာပွဲတွေပါဝင်ကစားရင်းနိုင်ပွဲအများဆုံးရရှိထားတဲ့ဘောလုံးသမားဖြစ်လာတာကြောင့်ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့ရဲ့ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ရော်နယ်ဒိုဟာပေါ်တူဂီအတွက်ပွဲပေါင်း၂၁၉ပွဲပါဝင်ကစားခဲ့ပြီးနိုင်ပွဲပေါင်း၁၃၆ပွဲရရှိထားကာဒီတစ်ကြိမ်နဲ့ဆိုရင်တော့ဂင်းနစ်စံချိန်မှတ်တမ်းဟာရော်နယ်ဒိုအတွက်၄ကြိမ်မြောက်လည်းဖြစ်ပါတယ်။

ဒါ့အပြင်ရော်နယ်ဒိုဟာကစားသမားဘဝသက်တမ်းတစ်လျှောက်သွင်းဂိုး၉၂၉ဂိုးအထိရှိလာခဲ့ပြီးတော့သွင်းဂိုး၁၀၀၀ပြည့်ဖို့၇၁ဂိုးသာလိုအပ်တော့တာဖြစ်ပါတယ်။သူ့အနေနဲ့လက်ရှိခြေစွမ်းကိုသာဆက်ထိန်းထားနိုင်ရင်တော့သွင်းဂိုး၁၀၀၀ဆိုတာမဖြစ်နိုင်တော့ပမာဏတော့မဟုတ်ပါဘူး။ဒါ့အပြင်ရော်နယ်ဒိုကပေါ်တူဂီနဲ့အတူကမ္ဘာ့ဖလားအောင်မြင်မှုလည်းရရှိဖို့မျှော်လင့်ထားပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်