နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | အီတလီ – အင်္ဂလန် (နေးရှင်းလိဂ်)

အီတလီ – အင်္ဂလန်

နေးရှင်းလိဂ် (A) အုပ်စု (၃) ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် အီတလီတို့ ဆန်စီရို ကွင်းမှာ အင်္ဂလန်ကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ အစဉ်အလာ ကြီးတဲ့ အသင်းတွေ ဖြစ်ပေမယ့် လက်တလော ပုံစံကောင်းတွေ ပျောက်ဆုံးနေခြင်းနဲ့ အတူ အုပ်စု အောက်ဆုံးကို ရောက်ရှိနေတာကြောင့် ရမှတ် လိုအပ်ချက် အတွက် အားကုန်ထုတ် ရုန်းကန်လာကြမယ့်ပွဲ ဆိုရင်လည်း မမှားပါဘူး။

ယူရို ပြိုင်ပွဲ ပြီးကတည်းက ခြေမမှန် ဖြစ်သွားတဲ့ အီတလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို နေးရှင်းလိဂ် မှာလည်း နိုင်ပွဲ ၁ ပွဲသာ ရရှိထားပါသေးတယ်။ နေရှင်းလိဂ် (A) အုပ်စု (၃)မှာ ရမှတ် ၅ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဟန်ဂေရီ တစ်သင်းတည်းကိုသာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ ဂျာမနီကို အဝေးကွင်းမှာ ၅-၂ ရလဒ်နဲ့ ဂိုးပြတ် အရေးနိမ့်ထားခဲ့ပြီး ဒါကို ကြည့်ခြင်းအားဖြင့် အီတလီတို့ ခြေစွမ်းပိုင်း တော်တော်လေး ယိမ်းယိုင်နေတယ် ဆိုတာ သိသာနေပြီး အသင်းကြီး အချင်းချင်း ယှဉ်ကစားဖို့ ခက်ခဲနေပြီလို့တောင် ဆိုရပါမယ်။ နောက်ဆုံး ၅ ပွဲမှာ ရဂိုး ၅ ဂိုး၊ ပေးဂိုး ၁၀ ဂိုးအထိ ရှိထားပြီး အီတလီတို့ ခံစစ်ပိုင်း လျော့ရဲနေသလို တိုက်စစ် ကလည်း အရင်ကလောက် အားမကောင်းတော့တာ တွေ့ရပါတယ်။ အခုလာမယ့် ပွဲကိုတော့ အဓိက ကွင်းလယ်လူ မာကို ဗာရက်တီ၊ လိုရန်ဇို ပယ်လီဂရီနီနဲ့ မက်တီယို ပိုလီတာနို တို့ ဒဏ်ရာပြသနာကြောင့် လွဲချော်မယ်လို့ သိရပါတယ်။

လီဂူး၀မ်း
အန်ဂါ
မာဆယ်လီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အင်္ဂလန်က အီတလီထက် အခြေအနေ ဆိုးပါတယ်။ ယူရို ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့လို့ အင်္ဂလန် တို့ တစ်ခေတ် ဆန်းတော့မလား ဆိုပြီးတောင် မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေနဲ့ ခြေစမ်းပွဲတွေ အထိကို အင်္ဂလန်တို့ အခြေအနေ ကောင်းခဲ့ပါသေးတယ်။ ဒါပေမယ့် ဇွန်လဆန်း နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ စတင် ကစားချိန်မှာတော့ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်းက ခြေစွမ်းပိုင်း တော်တော်လေး ယိမ်းယိုင်သွားခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ထားပါတယ်။ ဟန်ဂေရီလို အသင်းကိုတောင် နှစ်ကျော့စလုံး အရေးနိမ့်ခဲ့သလို အဆိုးဆုံး ကတော့ ဝင်ဘလေမှာ စံချိန်တင် ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ အခု ပွဲကိုတော့ ကယ်ဗင် ဖီးလစ်၊ ဂျော်ဒန် ပစ်ခ်ဖို့ဒ် တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ကိုင်လ် ဝေါလ်ကာ၊ ဂျော်ဒန် ဟန်ဒါဆင် တို့ ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဒါပေမယ့် ဇွန်လဆန်း နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ စတင် ကစားချိန်မှာတော့ ဂါရက်သ် ဆောက်ဂိတ်ရဲ့ အသင်းက ခြေစွမ်းပိုင်း တော်တော်လေး ယိမ်းယိုင်သွားခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ထားပါတယ်။
နေးရှင်းလိဂ် (A) အုပ်စု (၃)ရဲ့ ဇယားအောက်ဆုံးကို ရောက်ရှိနေတဲ့ အင်္ဂလန်

အီတလီ – ဒွန်နာရမ်းမား၊ အကာဘီ၊ ဘိုနူချီ၊ ဘက်စတိုနီ၊ အီမာဆင်၊ ဒီလော်ရန်ဇို၊ ဘာရယ်လာ၊ တိုနာလီ၊ ဂျော်ဂျင်ဟို၊ ဆကမ်မက်ကာ၊ အင်မိုဘီလီ

အင်္ဂလန် – ရမ်းစ်ဒေးလ်၊ စတုန်းစ်၊ ဒိုင်ယာ၊ မက်ဂွိုင်းယား၊ ထရစ်ပီယာ၊ ဂျိမ်းစ်၊ ဘယ်လင်ဂမ်၊ ရိုက်စ်၊ ကိန်း၊ မောင့်၊ စတာလင်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ တွေ့ဆုံမှု နောက်ဆုံး ၇ ကြိမ်မှာ အီတလီက ၃ ကြိမ် အနိုင်ရပြီး ၃ ကြိမ် သရေကျကာ အင်္ဂလန်က ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ နေးရှင်းလိဂ် ပထမအကျော့ အင်္ဂလန် အိမ်ကွင်း မှာတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဒီပွဲ အတွက် အီတလီ နိုင်ရင် ၂.၈၀ ဆ၊ အင်္ဂလန် နိုင်ရင် ၂.၅၀ ဆနဲ့ သရေ အတွက် ကိုတော့ ၃.၁၀ ဆ ဆိုပြီး ကြေးဖွင့်လှစ်ပေးထားပါတယ်။ ရွေးချယ်ရခက်တဲ့ ဖွင့်လှစ်မှု ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုအရ ပိုကောင်းတဲ့ အသင်း ဆိုတာထက် အမှား ပိုပြီး နည်းတဲ့ အသင်း အနိုင်ရသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သရေ ရလဒ်နဲ့ ဂိုးအောက် ကသာ အသင့်လျော်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။


ခန့်မှန်းရလဒ်

အီတလီ ၁-၁ အင်္ဂလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်