နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတလီ – ဂျာမနီ | နေးရှင်းလိဂ် A အုပ်စု ၃ (ပွဲကြိုသုံးသပ်ချက်)

အီတလီ – ဂျာမနီ

နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားလျက်ရှိရာ မနက်ဖြန် ည ၁နာရီ ၁၅ မှာတော့ အီတလီတို့ ဂျာမနီကို အိမ်ကွင်းမှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ဥရောပရဲ့ ထိပ်သီး နှစ်သင်း တွေ့ဆုံမှု ဖြစ်တာကြောင့် အကြိတ်အနယ် ကစားကြရဖို့ ရှိနေပြီး ပျောက်ဆုံးနေတဲ့ အီတလီကို ခြေပြန်မှန်နေတဲ့ ဂျာမနီတို့ အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီနှစ် နေးရှင်းလိဂ် A ရဲ့ အုပ်စု ၃ မှာ ယူရို ၂၀၂၀ ချန်ပီယံ အီတလီ၊ ဒုတိယ ရထားတဲ့ အင်္ဂလန်၊ အစဉ်အလာ ရှိတဲ့ ဂျာမနီနဲ့ ခြေစွမ်း မာကျောတဲ့ ဟန်ဂေရီတို့ ပါဝင်နေလို့ မရဏ အုပ်စု အဖြစ်တောင် သတ်မှတ်လို့ ရပါတယ်။ လက်ရှိ ဥရောပ ချန်ပီယံ အီတလီရဲ့ အခြေအနေကို အရင်ဆုံး သုံးသပ်ရရင် ရော်ဘတ်တို မန်ချီနီ ဦးဆောင်တဲ့ အဇူရီတို့ ယူရို ၂၀၂၀ ပြီးကတည်းက ပုံမှန် ခြေစွမ်း ပျောက်ဆုံးနေခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၃ ပွဲသာ အနိုင်ရထားပြီး ၄ ပွဲ သရေကျကာ၊ ၃ ပွဲ ရှုံးထားခဲ့ပါတယ်။ မနှစ်က နေးရှင်းလိဂ် ဆီမီးဖိုင်နယ်မှာ စပိန်ကို ရှုံးနိမ့်ခဲ့သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ် ဆီမီးဖိုင်နယ်မှာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးပြီး ကာတာမှာ ၂၀၂၂ ကမ္ဘာ့ဖလား သွားရောက် ကစားခွင့်နဲ့ လွဲချော်ထားခဲ့ပါတယ်။ ဒါ့အပြင် ဥရောပတိုက် ချန်ပီယံနဲ့ တောင်အမေရိကတိုက် ချန်ပီယံတို့ ဗိုလ်လုရတဲ့ ဖိုင်နယ်လစ်ဆီမာ မှာလည်း အာဂျင်တီးနားကို ပူပူနွေးနွေး ၃ ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ထားပါတယ်။ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက် ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ အီတလီတို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တော်တော်လေး ကျဆင်းနေပြီး လူငယ်ကစားသမားတွေနဲ့ ပြန်လည် တည်ဆောက်နေရတာကြောင့် ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိသေးသလို အတွေ့အကြုံပိုင်းမှာလည်း အားနည်းနေတယ်လို့ ပြောလို့ ရပါတယ်။ ဝါရင့် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ချီလီနီ အနားယူသွားခဲ့ပြီ ဖြစ်တာကြောင့် အခုလာမယ့် ပွဲကိုတော့ ဘွန်နူချီနဲ့ အတူ ဘက်စတိုနီကို တွဲဖက် မြင်တွေ့ရဖွယ် ရှိပါတယ်။ မန်ချီနီ အနေနဲ့ ကွင်းလယ်နဲ့ တိုက်စစ် မှာတော့ အာဂျင်တီးနားနဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ များစွာ ပြုလုပ်လာနိုင်ပြီး ဘာရယ်လာ၊ ဗာရက်တီ၊ တိုနာလီ၊ ပယ်လီဂရီနီ တို့ကို ပွဲထွက်ခွင့်ပေးမယ့် သဘော ရှိပါတယ်။

နေးရှင်းလိဂ်မှာ ဆုဖလား အောင်မြင်မှု မရဖူးသေးတဲ့ ဂျာမနီတို့ အခုနှစ် မှာတော့ သေချာပေါက် အာရုံစိုက်လာဖို့ ရှိပြီး ပွဲတိုင်းကို အမာခံ ကစားသမားတွေနဲ့ပဲ ရင်ဆိုင်လာဖွယ် ရှိပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ ၈ ပွဲနိုင်၊ ၁ ပွဲသရေ ကျထားတဲ့ ဂျာမနီ

ဖြစ်နိုင်ဖွယ်လူစာရင်း – ဒွန်နာရမ်းမား၊ ဘွန်နူချီ၊ ဘက်စတိုနီ၊ ဒီလော်ရန်ဇို၊ စပင်နာဇိုလာ၊ ဘာရယ်လာ၊ လိုကတ်တယ်လီ၊ တိုနာလီ၊ ပယ်လီဂရီနီ၊ ဘာနက်ဒက်ရှီ၊ ဘယ်လော့တီ

ဂျာမနီ ကတော့ ယူရို ၂၀၂၀ ၁၆ သင်း ရှုံးထွက် ပွဲစဉ်မှာ အင်္ဂလန်ကို ၂-၀ ရလဒ်နဲ့ အရေးနိမ့်ပြီးကတည်းက နောက်ဆုံး ၉ ပွဲဆက် မရှုံးသေးသလို ၈ ပွဲနိုင်၊ ၁ ပွဲ သရေ ရလဒ် ရရှိထားပါတယ်။ ပြောရမယ် ဆိုရင် ဂျာမနီတို့ ဘေယန်မြူးနစ် နည်းပြဟောင်း ဟန်ဆီဖလစ်ခ်ကို နည်းပြချုပ် တာဝန်ပေးအပ်ပြီးချိန်က စလို့ ရလဒ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ပိုပြီး အားရစရာ ကောင်းတာက အဲ့ဒီ ၉ ပွဲမှာ ဂျာမနီတို့ သွင်းဂိုး ၃၄ ဂိုး ရရှိခဲ့ပြီး ပေးဂိုး ကတော့ ၃ ဂိုးသာ ရှိခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ဟန်ဆီဖလစ်ခ် အနေနဲ့ ဘေယန်မြူးနစ်မှာ အမြင့်ဆုံး အောင်မြင်မှုတွေ ရခဲ့တဲ့ စုဖွဲ့မှု အတိုင်း လက်ရွေးစင် အသင်းကြီးမှာ ပြန်လည် အသုံးပြုနေလို့ ဂျာမနီ တို့ ရလဒ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ နေးရှင်းလိဂ်မှာ ဆုဖလား အောင်မြင်မှု မရဖူးသေးတဲ့ ဂျာမနီတို့ အခုနှစ် မှာတော့ သေချာပေါက် အာရုံစိုက်လာဖို့ ရှိပြီး ပွဲတိုင်းကို အမာခံ ကစားသမားတွေနဲ့ပဲ ရင်ဆိုင်လာဖွယ် ရှိပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ချက်သမ္မတနိုင်ငံ
စပိန်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – နော်အာ၊ ဇူလာ၊ ရူဒီဂါ၊ ရှလော့တာဘက်ခ်၊ ခါရာ၊ ရမ်း၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ ဟာဗက်ဇ်၊ မူလာ၊ ဆာနေး၊ ဗာနာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ အီတလီက ၁ ကြိမ်နိုင်၊ ဂျာမနီက ၂ ကြိမ် နိုင်ပြီး ၄ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ အဓိက ပြိုင်ပွဲကြီး တွေ့ဆုံမှု ၂ ကြိမ် မှာတော့ ၁ ကြိမ်စီ အနိုင်ရထားကြပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အီတလီ အတွက် ၂.၈၀ ဆ၊ ဂျာမနီ အတွက် အတွက် ၂.၃၇ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ပြိုင်ပွဲစုံမှာ ရုန်းကန်ခဲ့ရတဲ့ ဂျာမနီ အတွက် ဟန်ဆီဖလစ်ခ်က အဖြေတစ်ခု ဖြစ်ခဲ့ပြီး ရလဒ်တွေက အားရစရာ အရမ်းကောင်းနေပါတယ်။ အီတလီ ကတော့ ယူရို ချန်ပီယံ ဖြစ်ပြီး ကတည်းက တောက်လျောက် ခြေကျသွားပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့သလို အာဂျင်တီးနားကို ပူပူနွေးနွေး ရှုံးထားတာ ကလည်း သက်ရောက်မှုတွေ အများကြီး ရှိနေစေပါလိမ့်မယ်။ ဒီလို အခြေအနေတွေမှာ အစဉ်အလာကို မေ့ပြီး တက်ရိပ်ပြနေတဲ့ ဂျာမနီ ဘက်မှာ ရပ်တည်တာက ပိုပြီး စိတ်ချရမယ် ထင်ပါတယ်။ ဂျာမနီနဲ့ ဂိုး အနည်းက အသင့်လျော်ဆုံး ရွေးချယ်မှုပါ။

ခန့်မှန်းရလဒ်

အီတလီ ၀-၁ ဂျာမနီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်