နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် – အီတလီ | နေးရှင်းလိဂ် A အုပ်စု ၃ (ပွဲကြိုသုံးသပ်ချက်)

အင်္ဂလန် – အီတလီ

လာမယ့်ရက် မှာတော့ နေးရှင်းလိဂ် အုပ်စု ပွဲစဉ်တွေထဲက ပွဲကြီး ပွဲကောင်း အဖြစ် အင်္ဂလန်နဲ့ အီတလီတို့ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ အနည်းငယ် ပိုပြီး တည်ငြိမ်နေတဲ့ အင်္ဂလန်တို့ အီတလီကို ယူရို ၂၀၂၀ ဗိုလ်လုပွဲ ရှုံးကြွေးဆပ်နိုင်မလား။ ဒါမှမဟုတ် ရှုံးကြွေးပဲ ထပ်တင်သွားမလား ဆိုတာ စိတ်ဝင်စားစရာတော့ ကောင်းနေခဲ့ပါတယ်။

အင်္ဂလန်တို့ ၁၉၆၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီးနောက်ပိုင်း အဓိက ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု မရတာကြာပါပြီ။ ဒါပေမယ့် ဆောက်ဂိတ် လက်ထက် မှာတော့ ခြင်္သေ့ သုံးကောင်တို့ အရင်လို နာမည်ကြီး ထမင်းငတ် မဟုတ်တော့ပဲ အောင်မြင်မှုနဲ့ လက်တစ်ကမ်း အကွာကို ရောက်လာခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အနီးစပ်ဆုံး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်၊ ၂၀၂၀ ယူရိုမှာ ဗိုလ်လုပွဲ တက်ခဲ့တဲ့ အင်္ဂလန်ရဲ့ ခြေစွမ်းက ပြန်ပြီး လူရှိန်စရာ ဖြစ်လာခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား မှာတောင် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ၃ သင်းထဲမှာ ပါဝင်နေတာကို ကြည့်ခြင်းအားဖြင့် အင်္ဂလန်ကို ဘယ်လောက်တောင် အထင်ကြီးကျသလဲ ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် စာရွက်ပေါ်တွေမှာ ဘယ်လောက်ပဲ ချီးမွမ်းထောပနာ ပြုခံနေရစေကာမူ အင်္ဂလန်ရဲ့ ခြေစွမ်းက အခုထိတော့ အားရစရာ အခြေအနေမှာ ရှိမနေသေးပါဘူး။ ယူရို ၂၀၂၀ ပြီးကတည်းက ရှုံးပွဲ မရှိသေးတဲ့ အင်္ဂလန်တို့ နေးရှင်းလိဂ် မှာတော့ စိတ်ပျက်စရာ ခြေစွမ်းနဲ့အတူ ဟန်ဂေရီရဲ့ ဈေးဦးဖောက်ခြင်းကို ခံခဲ့ရသလို ပွဲစဉ် ၂ မှာလည်း ဂျာမနီနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျထားပါတယ်။ ဒါကြောင့် နေးရှင်းလိဂ် A ရဲ့ အုပ်စု ၃ မှာ အောက်ဆုံးကို ရောက်ရှိနေပြီး ဒီပုံ အတိုင်း ဆက်သွားနေဦးမယ် ဆိုရင်တော့ လာမယ့် ကမ္ဘာ့ဖလား အတွက်ပါ စိုးရိမ်စရာ ရှိလာနိုင်ပါတယ်။ လူငယ်ကစားသမား တချို့ ရင့်ကျက်သင့်သလောက် ရင့်ကျက်လာပြီး အသင်းကြီး ဆိုတဲ့ ဟန်ကို အကောင်းဆုံး ထိန်းထားနိုင်ဆဲ ဆိုပေမယ့် နေရာစုံမှာ အားနည်းချက်တွေ များနေဆဲ ဖြစ်ပါတယ်။ အခုပွဲဟာ အင်္ဂလန် အတွက် နေးရှင်းလိဂ် အုပ်စု ပွဲစဉ် ၁ ပွဲ ဆိုတာထက် ပိုပြီး ဆောက်ဂိတ် တို့ အုပ်စု အလားအလာ ဘယ်လောက် ရှိသလဲ ဆိုတာ အတိုင်းအတာ တစ်ခု အထိ အဖြေထုတ်ပေးမယ့် ပွဲဖြစ်ပါတယ်။ ၃-၄-၃၊ ၄-၂-၃-၁ ကစားကွက် မျိုးစုံ သုံးနေတဲ့ ဆောက်ဂိတ် အနေနဲ့ အခုပွဲ မှာတော့ ၄-၃-၃ အခင်းအကျင်းကို ရွေးချယ်လာနိုင်ပြီး အဓိက ကစားသမား အများစုနဲ့ပဲ ပွဲထွက်လာဖို့ များပါတယ်။ 

ဒါနဲ့တင်ပဲ မပြီးသေးပဲ လက်ရှိ နေးရှင်းလိဂ် မှာလည်း စိတ်ပျက်စရာ ခြေစွမ်းနဲ့ နိုင်ပွဲ တစ်ပွဲ ရအောင် မနည်း ကန်နေရဆဲ ဖြစ်ပါတယ်။
နေးရှင်းလိဂ် ၂ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၁ ပွဲ သရေကျထားတဲ့ အီတလီ

ဖြစ်နိုင်ဖွယ်လူစာရင်း – ပစ်ခ်ဖို့ဒ်၊ မက်ဂွိုင်းယား၊ စတုန်းစ်၊ ထရစ်ပီယာ၊ ဂျိမ်းစ်၊ ဘယ်လင်ဂမ်၊ ဂယ်လက်ဂါ၊ ရိုက်စ်၊ ဂရီးလစ်ရှ်၊ ကိန်း၊ ဖိုဒန်

အီတလီ ကတော့ ယူရို ၂၀၂၀ တုန်းက အောင်ပွဲခံခဲ့ပေမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့သလို ကိုပါယူရို ချန်ပီယံလုပွဲ မှာလည်း အာဂျင်တီးနားကို အပြတ်အသတ် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါနဲ့တင်ပဲ မပြီးသေးပဲ လက်ရှိ နေးရှင်းလိဂ် မှာလည်း စိတ်ပျက်စရာ ခြေစွမ်းနဲ့ နိုင်ပွဲ တစ်ပွဲ ရအောင် မနည်း ကန်နေရဆဲ ဖြစ်ပါတယ်။ ရော်ဘတ်တို မန်ချီနီ တစ်ယောက် သွေးသစ်လောင်းနေတယ် ဆိုတာ လက်ခံလို့ ရပေမယ့် ထင်သလောက် ကစားအား တက်မလာခဲ့တာ ကတော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ နောက်ဆုံး ပွဲမှာ ဟန်ဂေရီကို ၂-၁ နဲ့ နိုင်ခဲ့တယ် ဆိုပေမယ့် အီတလီတို့ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဆိုရင်တော့ အင်္ဂလန်ကို ယှဉ်ဖို့ မလွယ်ပါဘူး။ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာနိုင်ပြီး ဟန်ဂေရီနဲ့ ပွဲက လူစာရင်း ကိုတော့ အနည်းငယ် အပြောင်းအလဲ လုပ်လာနိုင်ပါတယ်။ ကွင်းလယ်ချင်း ယှဉ်ဖို့ တိုနာလီ၊ ပယ်လီဂရီနီ၊ ဘာရယ်လာ တို့ကို ပွဲထုတ်လာနိုင်သလို ခံစစ်မှာလည်း ဘိုနူချီ၊ ဘက်စတိုနီ အတွဲနဲ့ အတူ စပင်နက်ဇိုလာ၊ ဒီလော်ရန်ဇို တို့ကို သုံးလာဖို့ များပြီး တိုက်စစ် မှာတော့ လူငယ် အများစုကိုပဲ မြင်တွေ့ရမယ် ထင်ပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဒွန်နာရမ်းမား၊ ဘက်စတိုနီ၊ ဘိုနူချီ၊ ဒီလော်ရန်ဇို၊ စပင်နက်ဇိုလာ၊ တိုနာလီ၊ ပယ်လီဂရီနီ၊ ဘာရယ်လာ၊ ပိုလီတာနို၊ ရက်စ်ပါဒိုရီ၊ ဂနိုတို

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
သြစတြီးယား
ပြင်သစ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်မှာ အင်္ဂလန်တို့ ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး၊ အီတလီက ၃ ကြိမ်နိုင်ကာ၊ ၂ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှု ၃ ကြိမ် စလုံး မိနစ် ၉၀ အတွင်း ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တာ ကတော့ ထူးခြားချက် ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ 

SBOTOPရဲ့ 1X2 မှာ အင်္ဂလန် အတွက် ၁.၈၂ ဆ၊ အီတလီ အတွက် အတွက် ၄.၄၀ ဆ၊ သရေ အတွက် ၃.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ကြည့်ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာနိုင်တယ်လို့ အာမမခံသလို ဘယ်အသင်းနိုင်မယ် ဆိုတာလည်း ခန့်မှန်းရခက်ပါတယ်။ အီတလီတို့ တပ်ပျက်နေတာ မှန်ပေမယ့် အင်္ဂလန်ရဲ့ ခြေစွမ်းကလည်း အခုချိန်ထိကို ယုံကြည်လို့ ရတဲ့ အထဲ မပါသေးပါဘူး။ မဖြစ်မနေ ရွေးချယ်ပါဆိုရင်တော့ ခြေစွမ်း အနည်းငယ် ပိုတည်ငြိမ်တဲ့ အင်္ဂလန်ကိုပဲ ရွေးချယ်မိမှာပါ။ ဒါပေမယ့် စိတ်ချရဖို့ အတွက် ကတော့ ဂိုးအောက် ကိုပဲ ရွေးချယ်သင့်တယ် ထင်ပါတယ်။

ခန့်မှန်းရလဒ် အင်္ဂလန် ၁-၀ အီတလီ

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်