နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ရှိချန်ပီယံ ပေါ်တူဂီကိုပဲ အပြည့်အဝ ယုံကြည်ထားသင့်တယ် – ယူရို ၂၀၂၀ ပွဲကြိုသုံးသပ်ချက်

ဘယ်ဂျီယံ – ပေါ်တူဂီ

လက်ရှိ ကျင်းပနေတဲ့ ယူရို ၂၀၂၀ ရှုံးထွက်အဆင့်မှာ အကောင်းဆုံးပွဲ ဒါမှမဟုတ် နှမြောစရာ အကောင်းဆုံးပွဲ ဆိုရင်လည်း ဘယ်ဂျီယံနဲ့ ပေါ်တူဂီ ပွဲစဉ်ကိုပဲ လက်ညှိုးထိုးရပါလိမ့်မယ်။ ယူရို ၂၀၂၀ မှာ လက်ရှိချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆက်ထိန်းထားချင်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ပေါ်တူဂီတို့ ဘယ်ဂျီယံလို အသင်းကောင်း တစ်သင်းနဲ့ စောစောစီးစီး တွေ့ဆုံချင်မှာ မဟုတ်ပါဘူး။ အလားတူပဲ ပထမဦးဆုံး ယူရိုချန်ပီယံဆု ရရှိဖို့ မျှော်လင့်နေတဲ့ ဘယ်ဂျီယံ ကလည်း ပေါ်တူဂီလို အဆိပ်ရှိတဲ့ အသင်းနဲ့ ရင်ဆိုင်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရှောင်လွှဲလို့လည်း မရတော့ပါဘူး။ အမှားများတဲ့ အသင်းက မျှော်လင့်ချက်တွေ ခါးသက် သွားနိုင်လို့ သတိကြီးကြီးထားပြီးပဲ ကစားရတော့မှာ ဖြစ်ပါတယ်။

ဘယ်ဂျီယံ အကြောင်း စပြီး ပြောရမယ်ဆိုရင် ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ် ၁၂ ပွဲဆက်တိုက် ရှုံးပွဲ မရှိသေးသလို အဲ့ထဲကမှ ၁၀ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ယူရို ၂၀၂၀ အုပ်စုအဆင့် ၃ ပွဲကစားရာမှာ ရာနှုန်းပြည့် အနိုင်ရခဲ့ပြီး ရဂိုး ၇ ဂိုး၊ ပေးဂိုး ၁ ဂိုးဆိုတဲ့ ဘယ်ဂျီယံရဲ့ စွမ်းဆောင်ရည်ကို လျှော့တွက်လို့တော့ မရပါဘူး။ တစ်ချက်ရှိတာက ဘယ်ဂျီယံ တွေ့ဆုံခဲ့တဲ့ အသင်းတွေထဲမှာ လောက်လောက်လားလား ခြေစွမ်းရှိတာ ဒိန်းမတ်ပဲ ပါပါတယ်။ ပြီးတော့ ဘယ်ဂျီယံတို့ အုပ်စုအဆင့်မှာ ရာနှုန်းပြည့် နိုင်ပွဲရခဲ့တယ် ဆိုပေမယ့် ချန်ပီယံဆုကို မျှော်လင့်နိုင်တဲ့ ခြေစွမ်းမျိုး မတွေ့ရသေးပါဘူး။ ဒိန်းမတ်နဲ့ ပွဲမှာ ဘယ်ဂျီယံတို့ တော်တော်လေး ရုန်းကန်ခဲ့ရသလို ဒီဘရိုင်းနားသာ မကယ်ရင် ရှုံးတောင်ရှုံးနိုင်တဲ့ အခြေအနေပါ။ နောက်ပြီးတော့ လူကာကူ ဖြစ်ပါတယ်။ လူကာကူဟာ ခွန်အားသုံး ကစားတတ်သူ ဖြစ်ပေမယ့် တကယ်တမ်း အရေးကြုံတဲ့ အချိန်ဆို ညဏ်သုံးဖို့ မေ့နေတတ်သူ ဖြစ်ပါတယ်။ အီဒင် ဟာဇက် ပုံမှန်ခြေစွမ်း ပြန်မရသေးသလို သော်ဂန်ဟာဇက်၊ ကာရက်စ်ကို၊ ဝစ်ဆဲလ်တို့ဟာလည်း သိပ်ပြီးယုံကြည်လို့ မရတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ပိုဆိုးတာက သက်ကြီး ကစားသမားတွေ များနေတဲ့ ခံစစ် ဖြစ်ပြီး ရော်နယ်ဒို ဦးဆောင်လာမယ့် ပေါ်တူဂီ တိုက်စစ်ကို ခက်ခက်ခဲခဲ တားဆီးရမှာ သေချာပါတယ်။ ဒါ့အပြင် ချက်ဒလီနဲ့ ကတ်စန်ညာ မပါလာနိုင်တဲ့ အတွက်လည်း ဘယ်ဂျီယံတို့ အားနည်းလာနိုင်ပါတယ်။ သေချာတာက ဘယ်ဂျီယံကို ကယ်တင်နိုင်မှာ ကီဗင်ဒီဘရိုင်းနား ပဲရှိပါတယ်။

ယူရို ၂၀၂၀ အုပ်စုအဆင့်မှာ ဂျာမနီကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ဟန်ဂေရီ၊ ပြင်သစ်တို့နဲ့ ကစားတဲ့ ပွဲတွေမှာ ပေါ်တူဂီရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းက အထင်ကြီးစရာပါ။
ရှုံးထွက်အဆင့်မှာ ဘယ်ဂျီယံနဲ့ တွေ့ဆုံနေပေမယ့် နိုင်ပွဲနဲ့ အတူ စံချိန်သစ်တွေ ထပ်တင်နိုင်ဖို့ ရည်ရွယ်နေတဲ့ ရော်နယ်ဒို

ပေါ်တူဂီရဲ့ လက်ရှိ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး မပြောခင် ရော်နယ်ဒိုနဲ့ ကံတရားကို ယုံကြည်လားလို့ပဲ အရင် မေးပါရစေ။ သင်ဟာ ကံတရားကို မယုံကြည်တတ်သူ ဆိုရင်တောင် ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးစား အားထုတ်မှုကို ယုံကြည်သင့်ပါတယ်။ ဒါမှ မယုံကြည်သေးရင် ယူရို ၂၀၁၆ က သက်သေပါပဲ။ ယူရို ၂၀၂၀ အုပ်စုအဆင့်မှာ ဂျာမနီကို ဂိုးပြတ် ရှုံးခဲ့ပေမယ့် ဟန်ဂေရီ၊ ပြင်သစ်တို့နဲ့ ကစားတဲ့ ပွဲတွေမှာ ပေါ်တူဂီရဲ့ ကြိုးစားအားထုတ်မှုနဲ့ ခြေစွမ်းက အထင်ကြီးစရာပါ။ နောက်ပြီး ပေါ်တူဂီဟာ ပွဲချိန် မပြည့်မချင်း အရှုံးမပေးတတ်တဲ့ အသင်း ဖြစ်လို့ စိတ်ဓာတ် မာကျောသလို ရော်နယ်ဒိုရဲ့ ဦးဆောင်နိုင်မှု စွမ်းရည်ကလည်း အသင်းသားတွေရဲ့ နိုင်လိုစိတ်ကို ပိုပြီး ပြင်းထန်နေစေတာ တွေ့ရပါတယ်။ ဘယ်ဂျီယံကို အဆိုးတွေပဲ ဝေဖန်ပြီး ပေါ်တူဂီကို အကောင်းတွေချည်း သုံးသပ်နေတယ်လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ပေါ်တူဂီရဲ့ အားနည်းချက် ဆိုရင်တော့ ညာနောက်ခံလူ ဖြစ်တဲ့ နယ်လ်ဆင် ဆီမီဒိုကို အရင်ဆုံး ဝေဖန်ရမှာပါ။ ဟန်ဂေရီနဲ့ ပွဲမှာ သိပ်မသိသာခဲ့ပေမယ့် ဂျာမနီနဲ့ ပွဲမှာ အမှားတွေ များခဲ့သလို ပြင်သစ်နဲ့ ပွဲမှာ ဆိုရင် ဆီမီဒိုကြောင့်ပဲ ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။ လူစားလဲတဲ့ နေရာမှာ မှန်ကန်လွန်းတဲ့ နည်းပြကြီး ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ ကန်ဆယ်လို မရှိတော့တဲ့ အချိန်မှာ ဆီမီဒိုကို ကြိတ်မှိတ် သုံးနေမှာထက် လူငယ် ကစားသမား ဒီယိုဂို ဒါးလော့တ်ကို နေရာပေးတာ ပိုပြီး မှန်ကန်မယ်လို့ ထင်ပါတယ်။ မဟုတ်ရင်တော့ တိုးအားကောင်းတဲ့ ဘယ်ဂျီယံ တိုက်စစ်က လူကာကူ အကြိုက် ဖြစ်သွားမယ်လို့ ထင်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် စုစုပေါင်း ၁၁ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာ ဘယ်ဂျီယံက ၅ ပွဲနိုင်၊ ပေါ်တူဂီက ၆ ကြိမ် အနိုင်ရထားပေမယ့် ဘယ်ဂျီယံတို့ ၁၉၈၉ ခုနှစ် နောက်ပိုင်း ကတည်းက ပေါ်တူဂီကို အနိုင်မရတော့တာ တွေ့ရပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ဘယ်ဂျီယံတို့ အမြင့်ဆုံး သရေ ၂ ပွဲသာ ကစားနိုင်ခဲ့ပြီး ကျန် ၃ ပွဲမှာတော့ ၄-၀၊ ၁-၂၊၂-၁ တွေနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။

·         ဘယ်လ်ဂျီယံတို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ ၁၀ ပွဲနိုင်၊ ၂ပွဲ သရေကျ ထားခဲ့ပါတယ်။

·         ဘယ်လ်ဂျီယံတို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုး တစ်ပွဲပျမ်းမျှ (၃)ဂိုး အထိ ရှိခဲ့ပါတယ်။

·         ပေါ်တူဂီ ခံစစ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နိုင်ငံတကာပွဲစဉ် ၁၀ ပွဲမှာ ဂိုးမပေးရတဲ့ပွဲ ၄ ပွဲသာ ရှိပြီး ပေးဂိုးကတော့ ၁၂ ဂိုးအထိ ရှိခဲ့ပါတယ်။

·         ပေါ်တူဂီတို့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ နိုင်ငံတကာပွဲစဉ် ၇ ပွဲမှာ နှစ်သင်းပေါင်း သွင်းဂိုး တစ်ပွဲပျမ်းမျှ ၃.၅ ဂိုး အထိ ရှိခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဘယ်ဂျီယံ vs ပေါ်တူဂယ် 1X2 ပေါ်တူဂယ် @ 2.93
ဇွန် လ ၂၈ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဘယ်ဂျီယံ အတွက် ၂.၄၅ ဆနဲ့ ပေါ်တူဂီ အတွက် ၃.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၂၅ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေးအရတော့ ဘယ်ဂျီယံကို အကြောပေးထားတာပါ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပဲ ဘယ်ဂျီယံဟာ အသင်းကောင်း တစ်သင်းပေမယ့် ခြေစွမ်းက မှန်းရခက်ပါတယ်။ ပေါ်တူဂီ ကတော့ ဘယ်ဂျီယံ ထက်စာရင် အသင်းကြီးတွေနဲ့ တောက်လျောက် ကစားခဲ့ရပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် စံချိန်များရှင် ရော်နယ်ဒို ဆွဲတင်ဦးမယ့် ပေါ်တူဂီကိုပဲ ပိုကြိုက်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်