နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လိုအပ်ချက်တွေ အားစိုက်လာမယ့် စပါးတို့ ရလဒ်ကောင်းနိုင်တယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အဲဗာတန် – တော့တင်ဟမ်ဟော့စပါး

အခုတစ်ပတ် ပရီးမီးယားလိဂ်ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲမှာတော့ အဲဗာတန်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ အခုရာသီ တွေ့ဆုံမှု ၂ ကြိမ် စလုံးမှာ စပါးတို့ အဲဗာတန်ကို အရေးနိမ့်ထားခဲ့လို့ ဒီတစ်ကြိမ် ဂူဒီဆင်ပါ့ခ်မှာ မြောက်လန်ဒန်သားတို့ ပြန်ပြီး လက်စားချေနိုင်မလား စောင့်ကြည့်ရပါတယ်။

အဲဗာတန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ချဲလ်ဆီးနဲ့ ဘန်လေကို ရှုံးပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်ကို သရေကျထားပါတယ်။ အန်ဆယ်လော့တီရဲ့ အသင်းဟာ ရာသီတစ်ဝက် ကျိုးချိန်ကစလို့ ကစားသမားတွေ ပွဲပန်းမှုဒဏ်ကြောင့် ခြေစွမ်းအတက်အကျ မမှန်ဖြစ်လာပြီး လက်ရှိမှာတော့ ခြေစွမ်း လုံးဝကို ကျဆင်းနေတာ ဖြစ်ပါတယ်။ ရာသီအစက ခြေစွာခဲ့တဲ့ ရစ်ချာလီဆင်၊ ဂျိမ်းစ် ရိုဒရီဂွက်ဇ်၊ ဒေါမနစ် ကလဲဗက်လီဝင်းတို့ ပုံစံကောင်းတစ်ခု ပျောက်ဆုံးသွားပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာဆိုရင် တိုက်စစ်က သွင်းဂိုး ၂ ဂိုးသာ ရရှိခဲ့တာ တွေ့ရပါတယ်။ မာဆေးလ်ဆိုဒ်ကလပ် အတွက် လက်ကျန်ပွဲစဉ်တွေဟာ ယူရိုပါလိဂ် ဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်ချက် ဖြစ်လို့ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ ရလဒ်ကောင်းဖို့ အတွက် အသင်းကို  အတတ်နိုင်ဆုံး ပြင်ဆင်လာပါလိမ့်မယ်။ လက်တလော အသင်းမှာ အဘ်ဒူလာရီ ဒူကိုရေး၊ ဂိုးမက်စ်၊ ဘာနက်ဒ်၊ ကလဲဗက်လီဝင်း၊ ဒက်ဖ်၊ ဂါဘာမင်၊ အဲလန်နဲ့ မီနာတို့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ပါဝင်နေလို့ စပါးနဲ့ အရင်ပွဲတွေတုန်းက ပြသနိုင်ခဲ့တဲ့ ခြေစွမ်းမျိုးတော့ မြင်ရမှာ မဟုတ်ပါဘူး။

အဲဗာတန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ချဲလ်ဆီးနဲ့ ဘန်လေကို ရှုံးပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရိုက်တန်ကို သရေကျထားပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ အဲဗာတန်

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးကြီးနေတဲ့ အချိန်ရောက်မှ တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့လို့ နည်းပြ မော်ရင်ဟိုရဲ့ စွမ်းဆောင်ရည်ကိုတော့ မေးခွန်းထုတ်နေကြပါပြီ။ အက်စတွန်ဗီလာကို အနိုင်ရပြီး စပါးတို့ရဲ့ ခြေစွမ်းပြန်မှန်ပြီလို့ ထင်ခဲ့ကြပေမယ့် နယူးကာဆယ်ကို ဦးဆောင်ဂိုးတွေ သွင်းပြီးမှ သရေကျခဲ့သလို ယူနိုက်တက် ကိုတော့ ဆွန်ရဲ့ ဂိုးနဲ့ ဦးဆောင်ထားပြီးမှ ဒုတိယပိုင်းမှာ ဂိုးတွေ ဆက်တိုက် ပြန်ပေးခဲ့လို့ ရှုံးနိမ့်ထားပါတယ်။  ခံစစ် ကစားတဲ့ နေရာမှာ ဆရာကျတဲ့ မော်ရင်ဟို အနေနဲ့ လက်ရှိအချိန်ထိ စပါးရဲ့ ခံစစ်ပြသနာကို မဖြေရှင်းနိုင်သေးပဲ တစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ ခံစစ်လူစာရင်းကို စမ်းသပ် အသုံးပြုနေရတာ တွေ့ရပါတယ်။ စပါးတို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး ဝေဝါးနေတဲ့ ဥရောပ ဝင်ခွင့်တစ်နေရာ အတွက် အားတင်းပြီး ဆက်လျှောက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ဘန်ဒေးဗီးစ်နဲ့ ဒိုဟာတီ တို့ နှစ်ဦးတည်း ဒဏ်ရာရနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပေမယ့် ကျန်ကစားသမားတွေ အားလုံးကတော့ ပွဲထွက်ကစားဖို့ အဆင်သင့် ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အဲဗာတန်နဲ့ စပါးတို့ရဲ့ တွေ့ဆုံမှု မှတ်တမ်းကို ပြန်ကြည့်ရရင် ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ၂၂ ကြိမ် အထိ တွေ့ဆုံကစားခဲ့ပြီး အဲဗာတန်က ၅ ကြိမ် အနိုင်ရကာ စပါးကတော့ ၉ ပွဲ အနိုင်ရထားပါတယ်။ ဒီရာသီ နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ် ရှိထားပြီး ပရီးမီးယားလိဂ် ပထမအကျော့မှာ အဲဗာတန်တို့ ကလဲဗက်လီဝင်းရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပြီး အက်ဖ်အေဖလားမှာလည်း ၅-၄ ရလဒ်နဲ့ အဲဗာတန်က အနိုင်ရထားပါတယ်။ အဲဗာတန်တို့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၅ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ စပါးကလည်း အဝေးကွင်း နောက်ဆုံး ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အဲဗာတန် vs တော့တင်ဟမ် ဟော့စပါး 1X2 တော့တင်ဟမ် ဟော့စပါး @ 2.29
ဧပြီလ ၁၇ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးမှာ ဆိုရင် အိမ်ရှင်ဘက် ၃.၃၀ ဆနဲ့ ဧည့်သည် ဘက်က ၂.၁၅ ဆ ဖွင့်ပြီး သရေဆိုရင် ၃.၄၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အဲဗာတန်နဲ့ စပါးတို့ လက်ရှိမှာ ခြေရည်တူနေတယ်လို့ ထင်ရပေမယ့် တကယ်ကစားရင် မော်ရင်ဟိုရဲ့ အသင်းက လုပ်နိုင်စွမ်း ပိုထွက်တတ်ပါတယ်။ ဟယ်ရီကိန်း၊ ဆွန်၊ အန်ဒွန်ဘီလီတို့ ရှိနေတဲ့ တိုက်စစ်က အဝေးကွင်းမှာ သွင်းဂိုးတွေ ရှာဖွေနိုင်မယ်လို့ ယုံကြည်နေတာကြောင့် စပါးကိုပဲ ရွေးပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်