နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်စတာကို အိမ်ကွင်းမှာ ရှံးပြီး ၂ ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး ၀ – ၂ လက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးဟာ လက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံကစားရပေမယ့် ခြေစွမ်းပိုင်း မယှဉ်နိုင်ခဲ့လို့ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ရှုံးပွဲ ရင်ဆိုင်ခဲ့ရပါတယ်။ အခုပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ အဆင့် ၅ နေရာအထိ ပြန်လည်ကျဆင်းခဲ့ပြီး လက်စတာစီးတီးကတော့ အဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

လက်စတာစီးတီးတို့ လာမယ့်ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး စပါးကတော့ စတုတ်စီးတီးနဲ့ ခရာဘောင်ဖလားပွဲစဉ် ကစားဖို့ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

တော့တင်ဟမ်ဟော့စပါးတို့ ပြီးခဲ့တဲ့ ပွဲမှာတုန်းက ပရီးမီယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို ခြေစွမ်းပိုင်း အပြတ်အသတ် ရှုံးနိမ့်ပြီး ပွဲအပြီးမှာ ရလဒ်ပိုင်းလည်း အရေးနိမ့်ခဲ့လို့ ရမှတ် ၃ မှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါ့ကြောင့် အခုအိမ်ကွင်းပွဲစဉ်မှာ လက်စတာကို ကျိန်းသေပေါက် အနိုင်ရဖို့ ဂျိုဆေး မော်ရင်ဟို အနေနဲ့ ပြင်ဆင်ခဲ့ပေမယ့် ခြေစွမ်းပိုင်း မှာလည်း အပြတ်အသတ် အရေးနိမ့်ခဲ့သလို ရလဒ်ပိုင်းမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂျိုဆေးမော်ရင်ဟိုရဲ့ အသင်းက လစ်ဗာပူးလ်နဲ့ပွဲတုန်းက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ပဲ ကစားကွက်ပဲ ပြောင်းလဲပြီး လက်စတာစီးတီးကို ရင်ဆိုင်ခဲ့ပါတယ်။ လက်စတာစီးတီး ဘက်မှာတော့ ထုံးစံအတိုင်း ဂျင်မီဗာဒီ ဦးဆောင်တဲ့ တိုက်စစ်ကို ဘန်းစ်၊ မက်ဒီဆင်၊ တိုင်လီမန့်စ်၊ အလ်ဘရိုင်တန်တို့နဲ့ ပံ့ပိုးပေးပြီး ကွင်းလယ်မှာ အန်ဒီဒီကို အထိုင်ထားကာ နောက်တန်းမှာ ကတ်စတန်နီ၊ ဂျန်နီအီဗန့်စ်၊ ဖိုဖာနာ၊ ဂျက်စတင်၊ ကတ်စပါရှမိုက်ကယ်တို့နဲ့ ပွဲထွက်လာပါတယ်။ ပွဲစတာနဲ့ နှစ်သင်းစလုံးက ဟန်ချက်ညီညီနဲ့ ထိုးဖောက်မှုတွေ မြိုင်ဆိုင်လို့ ကြည့်ကောင်းခဲ့ပြီး တိုက်စစ်မှူးတွေ အဆုံးသတ် ညံ့နေလို့သာ ဂိုးမရပဲ ရှိနေခဲ့ပါတယ်။ စပါးတိုက်စစ်က ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့လည်း လက်စတာ နောက်တန်းရဲ့ လူကပ်ကစားမှုကြောင့် လုပ်ကွက်သိပ်မရှိခဲ့ပဲ ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာတော့ လက်စတာစီးတီးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ဖိုဖာနာကို ဂိုးဧရိယာထဲမှာ ဆာ့ဂျ်အော်ရီရာ ပြစ်ဒဏ်ကျူးလွန်ရာမှ ရရှိခဲ့တဲ့ ပင်နယ်တီကို ဂျင်မီဗာဒီက ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ အိမ်ရှင်တို့ ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပဲ ဒုတိယပိုင်းမှာ နောက်တန်းက တိုဘီအန်ဒါဝီရယ်က ကိုယ့်ဂိုးကိုယ်ထပ်ပြီး သွင်းယူခဲ့ပါတယ်။ ဒီဂိုးကို ခွင့်ပြုခဲ့ရအပြီးမှာ တော့တင်ဟမ်ဟော့စပါးတို့ ကစားပုံ ပျက်သွားခဲ့လို့ လက်စတာစီးတီးရဲ့ ဖိအားပေးမှုအောက်မှာ ဆက်လက် ရုန်းကန်ခဲ့ရပါတယ်။ ဒီပွဲမှာ လက်စတာစီးတီးက ဂိုးပေါက်ခြိမ်းခြောက်မှု ၁၇ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှုက ၄ ကြိမ်သာရရှိခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ကတ်စပါရှမိုက်ကယ်ရဲ့ ကာကွယ်မှုတွေကလည်း လက်စတာတို့ ချေပဂိုး ပေးရမယ့် အခြေအနေ ကနေ လွတ်မြောက်စေခဲ့ပြီး တော့တင်ဟမ်ဟော့စပါးတို့ကို ၂ ပွဲဆက် ရှုံးပွဲတွေ့သွားစေခဲ့တာ ဖြစ်ပါတယ်။
 

 

ပွဲပြီးသုံးသပ်ချက်

မော်ရင်ဟို အနေနဲ့ အခုပွဲမှာ အကောင်းဆုံးအသင်း ရှုံးနိမ့်ခဲ့တယ်လို့ ထပ်ပြီး ဆင်ခြေပေးရင် ကျိန်းသေပေါက် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ ပြီးခဲ့တဲ့ ပွဲမှာ လစ်ဗာပူးလ်ကို ခြေစွမ်းပိုင်း ကွာဟလို့ ရှုံးနိမ့်ခဲ့တာက အဝေးကွင်းမှာ ဖြစ်လို့ လက်ခံလို့ရပေမယ့် အခုပွဲကတော့ အိမ်ကွင်းမှာ ကစားပြီး ခြေပြတ်၊ ဂိုးပြတ်ရှုံးခဲ့တာ ကတော့ လက်ခံနိုင်စရာတော့ မရှိပါဘူး။ အခုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု၊ ဘောလုံးပေးပို့မှု အပိုင်းတွေမှာ လက်စတာထက် အသာရခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ဂိုးပေါက်ကို ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်မှု အပိုင်းမှာတော့ လက်စတာ ကပိုပြီး အသာရခဲ့တာ တွေ့ရမှာပါ။ လက်စတာစီးတီးဟာလည်း ပြီးခဲ့တဲ့ ပွဲစဉ်မှာ အဲဗာတန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် အခုပွဲမှာတော့ ဂျိမ်းမက်ဒီဆင်ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည် မြင်တွေ့ခဲ့ရပြီး သူ့ရဲ့ သွင်းဂိုး ၁ ဂိုးကလည်း VAR ပြန်ကြည့်ပြီး လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရလို့ နစ်နာခဲ့ရပါတယ်။
 

လာမယ့်ပွဲစဉ်များ

လက်စတာစီးတီးတို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး စပါးကတော့ စတုတ်စီးတီးနဲ့ ခရာဘောင်ဖလားပွဲစဉ် ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်