နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိန့်ဂျိမ်းစ်ပါခ့်မှာ အောင်ပွဲခံမယ့် ပူပူနွေးနွေးချန်ပီယံ လစ်ဗာပူးလ်

နယူးကာဆယ် vs လစ်ဗာပူးလ်

လက်ရှိချန်ပီယံ လစ်ဗာပူးလ်ရော နယူးကာဆယ်ရော ဒီပွဲပြီးရင် နောက်ထပ်ဘယ်ပွဲမှကစားရဖို့မကျန်တော့လို့ ဖိအားကင်းကင်းနဲ့ ကစားကြမယ့်ပွဲဖြစ်ပါတယ်။လစ်ဗာပူးလ်တို့ နယူးကာဆယ်ကို နောက်ပိုင်းတွေ့ဆုံချိန်တိုင်းအနိုင်ရရှိအောင်ကစားထားတဲ့အပြင် နိုင်ပွဲပျောက်ဆုံးနေတဲ့နယူးကာဆယ်အတွက် နောက်ထပ်ရှုံးပွဲကြုံရဦးမယ့်ပွဲစဉ် ဖြစ်ပါတယ်။

 

အထင်ကရအချက်အလက်

သမိုင်းအစဉ်အလာကြီးမားတဲ့ နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလို့ ပြောလို့ရပေမယ့် လက်ရှိအချိန်မှာ လစ်ဗာပူးလ်အတွက်နယူးကာဆယ်က ပြိုင်ဘက်လုံး၀မဟုတ်တော့ပါဘူး။နယူးကာဆယ်တို့ လစ်ဗာပူးလ်ကို အနိုင်မရတော့တာ ၂၀၁၆ခုနှစ်ကတည်းကဖြစ်ပါတယ်။ပရီးမီးယားလိဂ်ကို နှစ်ပေါင်း ၃၀ကျော်အကြာမှ ပြန်လည်ရယူထားနိုင်တဲ့ လစ်ဗာပူးလ်တို့ လုပ်တိုင်းဖြစ်တဲ့ကာလဖြစ်နေလို့ နယူးကာဆယ်တို့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရုန်းကန်ရဦးမှာပါ။လစ်ဗာပူးလ်အတွက် အခုပွဲအနိုင်ရရင် ရမှတ်၉၉မှတ်နဲ့ ရာသီသိမ်းနိုင်မှာဖြစ်လို့ အသင်းရဲ့ သမိုင်းတစ်လျှောက် တစ်ရာသီတည်း ရမှတ်အများဆုံးရရှိသွားမှာလည်း ဖြစ်ပါတယ်။နယူးကာဆယ်ကတော့ အခုပွဲအနိုင်ရခဲ့မယ်ဆိုရင် မနှစ်ကလိုပဲ အဆင့်၁၃နေရာမှာရပ်တည်ပြီး ရာသီသိမ်းမှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အောက်တစ်ဆင့်ကျပြီး အဆင့်၁၄နဲ့ ရာသီသိမ်းမှာဖြစ်ပါတယ်။

လစ်ဗာပူးလ်က မိုဆာလက်ဟာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ လေးကြိမ်မှာ ၄ဂိုးသွင်းပြီး၁ဂိုးဖန်တီး
နောက်ဆုံး၃ပွဲ‌ ဂိုးပေါက်‌ပျောက်ဆုံးနေတဲ့ မိုဆာလက်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နယူးကာဆယ်နဲ့ လစ်ဗာပူးလ်တို့ ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု ၄ကြိမ်မှာ လစ်ဗာပူးလ်က ၄ကြိမ်စလုံးအနိုင်ရထားပါတယ်။လစ်ဗာပူးလ်တို့ နယူးကာဆယ်အသင်းကို သမိုင်းတစ်လျှောက်သွင်းဂိုးပေါင်း ၁၀၁ဂိုးထိသွင်းယူထားပြီး ဒီအရည်အတွက်ဟာ လစ်ဗာပူးလ်တို့ တခြားကလပ်တွေကို သွင်းယူထားနိုင်တဲ့ဂိုးထက် သာနေပါတယ်။လက်ရှိလူစုဖွဲမှုအရ လစ်ဗာပူးလ်တို့ရဲ့ လူစာရင်းကို နယူးကာဆယ်တို့ ဘယ်လိုမှယှဉ်နိုင်ဖို့ မလွယ်ပါဘူး။နယူးကာဆယ်ရဲ့ နောက်ဆုံးငါးပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ပွဲရှုံးပြီး၂ပွဲသရေကျထားလို့ နိုင်ပွဲပျောက်နေပါတယ်။လစ်ဗာပူးက‌ တော့နောက်ဆုံး၅ပွဲမှာ အာဆင်နယ်တစ်သင်းထဲကိုပဲ ရှုံးနိမ့်ထားပြီး ၃ပွဲနိုင်ပြီး ၁ပွဲသရေကျထားပါတယ်။ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်း လစ်ဗာပူးလ်က မိုဆာလက်ဟာ နယူးကာဆယ်နဲ့ ကစားခဲ့တဲ့ လေးကြိမ်မှာ ၄ဂိုးသွင်းပြီး၁ဂိုးဖန်တီးပေးထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နယူးကာဆယ် vs လစ်ဗာပူးလ် 1X2 လီဗာပူးလ် @ 1.41
ဇူလိုင်လ ၂၆ရက်, ည ၉:၃၀ (GMT + ၆:၃၀)

လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပူပူနွေးနွေးရရှိထားပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင့်ဆုံးမှာရှိနေပါတယ်။လက်ရှိခြေစွမ်းအရ နယူးကာဆယ်တို့ လစ်ဗာပူးလ်ကို ယှဉ်ဖို့ဆိုတာလုံး၀မဖြစ်နိုင်လို့ အိမ်ကွင်းမှာ ဂိုးပြတ်အရေးမနိမ့်ဖို့ တော်တော်လေးအားထုတ်မှရမှာပါ။နောက်တွေ့ဆုံထားတဲ့ ၅ကြိမ်မှာနှစ်သင်းပေါင်း ၁၇ဂိုးထိရှိထားတဲ့ အတွက်လည်း သွင်းဂိုးအများကို ကြိုက်ပါတယ်။1×2ရဲ့ပေါက်ကြေးတွေအရ လစ်ဗာပူးနိုင်ရင် ၁.၄၀ဆဖြစ်ပြီး အိမ်ရှင်နယူးကာဆယ်နိုင်‌ရင်တော့ ၆.၈၀ဆရမှာဖြစ်ပြီး သရေဆိုရင်တော့ ၄.၇၀ဆဖြစ်ပါတယ်။လစ်ဗာပူးလ်နဲ့ ဂိုးပေါင်းအပေါ်ကို သဘောကျပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်