နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၁၉၉၂-၉၃ ခုနှစ် နောက်ပိုင်း အဆင့် ၁၀ နေရာ အတွင်း ဝင်ခဲ့တဲ့ ပထမဆုံး တန်းတက်အသင်း လိဒ်စ်ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန် ၀ – ၂ လိဒ်စ်ယူနိုက်တက်

မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၇)ရဲ့ ပွဲစဉ်တစ်ပွဲမှာ‌တော့ လိဒ်စ်ယူနိုက်တက်တို့ ပြီးခဲ့တဲ့ ပွဲတွေတုန်းကလိုပဲ ခြေစွမ်းပြပြီး ဘမ်းဖို့ဒ်၊ တိုင်လာရောဘတ်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဆောက်သမ်တန်ကို အနိုင်ရရှိသွားပါတယ်။ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် ဂိုးပြတ်နိုင်ပွဲ ကိုယ်စီ ပိုင်ဆိုင်ထားခဲ့ကြတဲ့ ဆောက်သမ်တန်နဲ့ လိဒ်စ်တို့ ပွဲချိန်ပြည့် အကြိတ်အနယ် ကစားခဲ့ကြရပြီး နိုင်ပွဲထပ်ရခဲ့တဲ့ မာဆယ်လို ဘီရဲယ်ဆာ အသင်းက လက်ရှိမှာ အဲဗာတန်၊ အာဆင်နယ်တို့ကို ကျော်ဖြတ်ပြီး အဆင့် ၈ နေရာအထိ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဟက်ဆန်ဟတ်တဲလ်ရဲ့ အသင်းက တိုက်စစ်မှာ တဲလ်လာ၊ ချေးအက်ဒမ်၊ ကွင်းလယ်မှာ ဝက်ဒ်ပရောက်စ်၊ အမ်းစတောင်း၊ ဝဲလ်ကော့တ်၊ ဒီဂျန်ပို၊ နောက်တန်းမှာ ဝေါလ်ကာပီတာစ်၊ စတီဖန်စ်၊ ဗတ်စတာဂတ်၊ ဆယ်လီဆူ၊ ဂိုးမှာ မက်ကာသီနဲ့ ပွဲထွက်လာပါတယ်။ လိဒ်စ်ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့ ပွဲက အသုံးပြုခဲ့တဲ့ ကစားသမား စာရင်းကို ၃ နေရာ အပြောင်းအလဲ ပြုလုပ်လာပြီး မက်စ်လေယာ၊ စရူအစ်ဂ်၊ ကလစ်ချ် အစား ဒီနေ့ပွဲမှာ ကတ်ဆီလာ၊ လီယမ်ကူပါး၊ ရိုဒရီဂိုတို့ ပွဲထွက်ကစားစေခဲ့ပါတယ်။ တိုက်စစ်အားသန်တဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်လို့ ပွဲစချိန်ကတည်းက လျင်လျင်မြန်မြန်နဲ့ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပြီး တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် တော်တော်များများမှာ ဆောက်သမ်တန်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ လိဒ်စ်ယူနိုက်တက် ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် လိဒ်စ်နောက်ခံလူတွေနဲ့ ကတ်ဆီလာရဲ့ ကာကွယ်မှု တချို့ကြောင့် အိမ်ရှင်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ မာဆယ်လို ဘီရဲယ်ဆာရဲ့ အသင်းကတော့ ဘောလုံးရရင် ရသလို တန်ပြန်တိုက်စစ်ကနေ ဆောက်သမ်တန် ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဆောက်သမ်တန် ဘက်က ဝက်ဒ်ပရောက်စ်ရဲ့ အလွတ်တည်ကန်ဘော ဂိုးတိုင်ထိခဲ့သလို အယ်လီယော့စကီးရဲ့ ကန်ချက်ကို မက်ကာသီ ကာကွယ်နိုင်ခဲ့တာအပြင် နှစ်သင်းလုံး ဂိုးရဖို့အထိ နီးစပ်ခဲ့တာ တွေ့ရပါတယ်။ တကယ်တမ်း ဂိုးရရှိသွားခဲ့တာ ကတော့  လိဒ်စ်ယူနိုက်တက်တို့ပဲ ဖြစ်ပြီး ပွဲချိန် ၇၃ မိနစ်မှာ ကွင်းလယ်က ရိုဒရီဂိုရဲ့ ကန်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဘမ်းဖို့ဒ်က ဂိုးသမားနဲ့ အတွေ့မှာ ပါးပါးနပ်နပ်နဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ ဒန်နီအင့်ဂ်ရဲ့ ကန်ချက် ဂိုးဘားတန်းပေါ်က ကျော်သွားတာ အပါအဝင် လိဒ်စ်နောက်ခံလူတွေရဲ့ တားဆီးမှုတွေက အိမ်ရှင်တို့ ချေပဂိုး ပြန်ရဖို့ အားစိုက်ခဲ့ပေမယ့် အချည်းအနှီး ဖြစ်ခဲ့ရပါတယ်။ မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို မှာတော့ လိဒ်စ်ယူနိုက်တက် အတွက် အနိုင် ၃ မှတ်သေချာစေမယ့် ဂိုးကို တိုင်လာရောဘတ်စ် က သွင်းယူပေးခဲ့ပါတယ်။ ဆောက်သမ်တန် နောက်ခံလူတွေကို တိုင်လာရောဘတ်စ် လိမ်ခေါက်ရင်းက ပျက်သွားတဲ့ ဘောလုံးကို ဘမ်းဖို့ဒ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား မက်ကာသီ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် တိုင်လာရောဘတ်စ်ကပဲ အပိုင်ထပ်ပြီး ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

၁ ဂိုး ထပ်သွင်းနိုင်ခဲ့တဲ့ ပက်ထရစ် ဘမ်းဖို့ဒ် ကတော့ ဒီရာသီအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးဖန်တီးမှုကလည်း ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးတွေက ခေါ်ယူဖို့ ပစ်မှတ်ထားခြင်းခံလာရတဲ့ ဘမ်းဖို့ဒ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာလည်း ပုံစံကောင်းတစ်ခုနဲ့အတူ ရလဒ်ကောင်းတွေ တောက်လျောက် ရှာဖွေနေတဲ့ မာဆယ်လို ဘီရဲယ်ဆာရဲ့ လိဒ်စ်ယူနိုက်တက်ကို စိန့်တို့ ဘယ်လိုမှ မရပ်တန့်နိုင်ခဲ့ပါဘူး။ နိုင်ပွဲဆက်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ဟာ သူတို့ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၁၀ နေရာ အတွင်းကနေ ရာသီသိမ်းနိုင်ဖို့ သေချာသွားပါတယ်။ တန်းတက်အသင်း ဖြစ်ပေမယ့် တစ်ရာသီလုံး အဝေးကွင်း ၁၉ ပွဲ ကစားခဲ့ရာမှာ ၁၀ ပွဲအထိ အနိုင်ရခဲ့တဲ့ လိဒ်စ်ယူနိုက်တက်တို့ရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို အားရစရာ ကောင်းပါတယ်။ ဒီခြေစွမ်း အတိုင်းသာဆိုရင် ဘီရဲယ်ဆာနဲ့ လိဒ်စ်ယူနိုက်တက်ကို လာမယ့်ရာသီမှာ ပြိုင်ဘက်အသင်းတွေ သတိကြီးကြီးထား ကစားရမယ့် သဘောရှိပါတယ်။ ၁ ဂိုး ထပ်သွင်းနိုင်ခဲ့တဲ့ ပက်ထရစ် ဘမ်းဖို့ဒ် ကတော့ ဒီရာသီအတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၆ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးဖန်တီးမှုကလည်း ၇ ကြိမ်အထိ ပြုလုပ်ထားနိုင်ပါတယ်။ အခုလို စွမ်းဆောင်ရည် တွေကြောင့် ဘမ်းဖို့ဒ်ဟာ လာမယ့် ယူရို ၂၀၂၀ မှာ အင်္ဂလန်နည်းပြ ဆောက်ဂိတ် အကြိုက်တွေ့တဲ့ ပွဲထွက်ကစားသမား ဖြစ်လာဖို့တောင် အလားအလာ ကောင်းနေပါတယ်။ ဟတ်ဆန်ဟတ်တဲလ်ရဲ့ အသင်းကတော့ ပြီးခဲ့တဲ့ ပွဲတွေတုန်းကလိုပဲ အသင်းလိုက်ကစားပုံ ကောင်းပြီး တိုက်စစ်ကလည်း ထက်မြတ်ခဲ့တာ တွေ့ရပါတယ်။ ပွဲချိန်တော်တော်များများ ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တဲ့ အပြင် လိဒ်စ်ရဲ့ တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အခုရှုံးပွဲကြောင့် ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

နောက်ဆုံးပွဲမှာတော့ ဆောက်သမ်တန်က ဥရောပဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ ဝက်စ်ဟမ်းကို လန်ဒန်ကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး လိဒ်စ်ယူနိုက်တက် ကတော့ တန်းဆင်းသွားတဲ့ ဝက်စ်ဘရွန်းကို အဲလန်ရုတ်ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်