နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မူနီယာရဲ့ သွင်းဂိုးနဲ့ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ဆီဗီလာ (ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်)

ဆီဗီလာ ၁-၀ ဝက်စ်ဟမ်း

မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ ပွဲစဉ် တစ်ပွဲ မှာတော့ ဆီဗီလာတို့ ဝက်စ်ဟမ်းကို ခြေစွမ်းပိုင်း အပြတ်အသတ် အသာရခဲ့ပေမယ့် မူနီယာ အဲလ်ဟက်ဒါဒီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်သွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ လိုပက်တက်ဂီရဲ့ အသင်းရော ဒေးဗစ် မွိုက်စ်ရဲ့ အသင်းပါ ၄-၂-၃-၁ ကစားကွက်တွေနဲ့ ပွဲထွက်လာခဲ့ကြပြီး အဓိက ကစားသမား အစုံအလင်နဲ့ ရင်ဆိုင်သွားခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ရှင် ဆီဗီလာရဲ့ တိုက်စစ်မှာ အန်နက်ဆီရီ ဦးဆောင်ပြီး ကိုရိုနာ၊ အိုကမ်ပို့စ်၊ ဟက်ဒါဒီ၊ တောရက်စ်၊ ဂျော်ဒန်၊ အကူနာ၊ ဂူဒယ်လီ၊ ကွန်ဒေး၊ နာဗက်စ်နဲ့ ဘွန်နူတို့ ပါဝင်ခဲ့ကြပါတယ်။ ဧည့်သည် ဝက်စ်ဟမ်း ကလည်း ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်း အန်တိုနီယိုကို ဖော်နယ်စ်၊ ဗလာဆစ်၊ လန်ဇီနီ တို့နဲ့ ရံကစားစေတဲ့ တိုက်စစ်နဲ့ ပွဲထွက်လာပြီး ကွင်းလယ်နဲ့ ခံစစ်မှာ ရိုက်စ်၊ ဆိုရှက်ခ်၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒေါ်ဆင်၊ ဂျွန်ဆန်၊ ဂိုးမှာတော့ အာရီယိုလာပဲ တာဝန်ယူခဲ့ပါတယ်။

ကစားသမား စုဖွဲ့မှုအရရော၊ ကစားဟန်ချင်း သိပ်ပြီး မကွာတဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပြီး တိုက်စစ်ဖွင့် ကစားလာခဲ့ကြပါတယ်။ ပွဲချိန် ၃ မိနစ် ကျော်မှာတင် တောင်ပံက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ဟက်ဒါဒီ အပိုင် ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့လို့ ဆီဗီလာတို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၁၁ မိနစ်မှာလည်း အလွတ်တည်ကန်ဘော ကတစ်ဆင့် ဂိုးဧရိယာထဲမှာ ရိုက်စ် ခေါင်းတိုက်ပြီး ပြန်ချပေးတဲ့ ဘောလုံးကို ဗလာဆစ် လွတ်လွတ်ကျွတ်ကျွတ် သွင်းယူခွင့်ရခဲ့ပေမယ့် ဆီဗီလာ ဂိုးသမား ဘွန်နူ ကာကွယ်သွားတာကြောင့် ဧည်သည်တို့ ဦးဆောင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ အဲ့နောက် ဟက်ဒါဒီနဲ့ ဗလာဆစ် တို့ရဲ့ ကန်ချက်တွေ ဂိုးတိုင်ဘေး ကနေပဲ ကပ်ထွက်နေခဲ့သလို ဆိုရှက်ခ်ရဲ့ အဝေးကန်ချက်ကို ဘွန်နူ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့်လည်း ပထမပိုင်း အပြီးမှာ ၀-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း ကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကို တက်လှမ်းနိုင်ရေး မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဆိုပေမယ့် အခုထက် ပိုပြီး အားစိုက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း

ဒုတိယပိုင်း မှာတော့ အိမ်ရှင်တို့ ကစားကွက် ပိုစီးလာခဲ့ပြီး ဝက်စ်ဟမ်း ဘက်ကို အချိတ်အဆက်မိမိ ထိုးဖောက်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ အရောက်မှာတော့ ဆီဗီလာတို့ လိုအပ်နေတဲ့ ဂိုးရရှိသွားခဲ့ပြီး အကူနာရဲ့ ကန်တင်ပေးပို့မှုကို ဧရိယာ ထိပ်မှာ အသင့်စောင့်နေတဲ့ ဟက်ဒါဒီက ဂိုးသမား အာရီယိုလာရဲ့ ဘယ်ဘက်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေ မှာလည်း ဆီဗီလာတို့ပဲ ဝက်စ်ဟမ်း ဂိုးပေါက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး အိုကမ်ပို့စ်နဲ့ တိုက်စစ်မှူးတွေ ဂိုးပေါက် မတည့်ခဲ့လို့သာ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဆီဗီလာတို့ အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ရရေး အားစိုက်ခဲ့သလို ဝက်စ်ဟမ်း ကလည်း စပိန်မြေမှာ အနိမ့်ဆုံး သရေ ရဖို့ ကစားခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားကျသွားခဲ့လို့ ဆီဗီလာရဲ့ လွှမ်းမိုး ကစားတာ ခံခဲ့ရပြီး ခံစစ် ကလည်း သတိထား ခုခံခဲ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင် ဆီဗီလာတို့ ဂိုးပေါက်ကန်ချက် ၂၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဂိုးပေါက်တည့် ကန်ချက် မှာတော့ လိုပက်တက်ဂီရဲ့ အသင်းက ၆ ကြိမ် ရှိခဲ့ပြီး ဝက်စ်ဟမ်း ကတော့ ၃ ကြိမ်သာ ရှိခဲ့ပါတယ်။ ဆီဗီလာ တောင်ပံက ဖြတ်တင်ပေးပို့မှုတွေ တိကျ ကောင်းမွန်ခဲ့ပေမယ့် တိုက်စစ် အဆုံးသတ် လိုအပ်ချက်တွေကြောင့်သာ ၁-၀ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ
ဂီတာဖေး
ဗလင်စီယာ
1X2 ဂီတာဖေးး @ 2.40
ဗလင်စီယာ အာရှ ဟန်းဒီးကပ် 0.00 @ 2.31
ဂိုးပေါ် 2.25 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပုံ အတိုင်းဆိုရင် အခုနှစ် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ဆီဗီလာတို့ နောက်တစ်ဆင့် တက်ရေး အတွက် ဒုတိယအကျော့မှာ ကျိန်းသေပေါက် ရုန်းကန်ရဖို့ ရှိလာခဲ့ပါပြီ။ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်း ကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကို တက်လှမ်းနိုင်ရေး မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဆိုပေမယ့် အခုထက် ပိုပြီး အားစိုက်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဝက်စ်ဟမ်းနဲ့ ဆီဗီလာ တို့ရဲ့ ယူရိုပါလိဂ် ဒုတိယအကျော့ ပွဲစဉ် ကတော့ မတ်လ ၁၈ ရက်နေ့ လန်ဒန်ကွင်းမှာ ဆက်လက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဆီဗီလာတို့ မတ်လ ၁၃ ရက်နေ့မှာ ရေယို ဗလက်ကာနိုနဲ့ လာလီဂါ ပွဲစဉ် ကစားရဖို့ ရှိပြီး ဝက်စ်ဟမ်း ကတော့ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်