အခုတစ်ခါ မှာတော့ ဇူလိုင်လ ၁၆ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီဘားလားကို အပြိုင် ကြိုးပမ်းကြမယ့် ရိုးမားနဲ့ နာပိုလီ
အင်တာမီလန် အသင်းထံ မပြောင်းရွှေ့ ဖြစ်ခဲ့တဲ့ ပေါ်လို ဒီဘားလား ကိုတော့ နောက်ထပ် စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ရိုးမားနဲ့ နာပိုလီ တို့က အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ဂုရု ဒီမာဇီယို ရဲ့ အဆိုအရ ဂျူဗင်တပ်စ် ကနေ အလွတ်နဲ့ ထွက်ခွာခွင့် ရထားတဲ့ အာဂျင်တီးနား တိုက်စစ်မှူးကို ရိုးမားတို့ မကြာခင် ကမ်းလှမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးမားတို့ ဒီဘားလား လိုချင်နေတဲ့ ပမာဏ အတိုင်း ကမ်းလှမ်းဖို့တော့ အခက်အခဲ ရှိနိုင်ကြောင်း ဒီမာဇီယို က ဆက်လက် ဖော်ပြပါတယ်။
ဒါ့အပြင် အသက် ၂၈ နှစ် အရွယ် တောင်အမေရိက ကြယ်ပွင့်ကို နာပိုလီ ကလည်း လိုချင်နေတာကြောင့် ရိုးမားတို့ အပြိုင်အဆိုင် ကမ်းလှမ်းရဦး မှာလည်း ဖြစ်ပါတယ်။ ဒီဘားလားဟာ နာပိုလီ အတွက်လည်း ဈေးနှုန်း မြင့်မားနေပေမယ့် နေပဲလ် ကလပ် ကတော့ ကစားသမားကို အရ ခေါ်ယူပြီး သူ့ရဲ့ ပုံရိပ် အသုံးပြုခွင့်ကို အပြည့်အဝ ထိန်းချုပ်ဖို့ မျှော်လင့်နေကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒီဘားလားဟာ ၇ နှစ်ကြာ ကစားခဲ့တဲ့ ဂျူဗင်တပ်စ်ကို စွန့်ခွာပြီးနောက် အသင်း လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
လက်တလော အာဂျင်တီးနား လက်ရွေးစင်ကို ရိုးမားနဲ့ နာပိုလီ နှစ်သင်းတည်းကသာ စိတ်ဝင်စားကြောင်း ပြသထားခဲ့ပြီး တရားဝင် ကမ်းလှမ်းလာတဲ့ အချိန်မှာ ဒီဘားလား အနေနဲ့ သူ့ရဲ့ တောင်းဆိုမှုတွေကို လျှော့ချပြီး လက်ခံသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ရိုးမား ကတော့ လာမယ့် တစ်ပတ် အတွင်း တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စား ခဲ့ပေမယ့် ပရီးမီးယားလိဂ် ကလပ် ဘက်က ရော်နယ်ဒို ထွက်ခွာမှသာ ခေါ်ယူမှာ ဖြစ်လို့ သတင်းတွေ ငြိမ်သွားခဲ့တာ ဖြစ်ပါတယ်။
ကူလီဘာလီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်တဲ့ ချဲလ်ဆီး
ချဲလ်ဆီးဟာ စီးရီးအေ ကလပ် နာပိုလီ နောက်ခံလူ ကာလီဒူ ကူလီဘာလီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒီကနေ့မှာပဲ တရားဝင် ကြေညာလိုက်ပါတယ်။ ဆီနီဂေါ နောက်ခံလူ အတွက် ချဲလ်ဆီးတို့ ယူရို သန်း ၄၀ အသုံးပြုခဲ့ရပြီး ကစားသမားနဲ့ ၄ နှစ် စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ချဲလ်ဆီး ဂိုးသမား အက်ဒ်ဝက်ဒ် မန်ဒီရဲ့ ဆီနီဂေါ လက်ရွေးစင် အသင်းဖော် ကူလီဘာလီ အဓိက ပြောင်းရွှေ့ချင်ခဲ့တဲ့ အသင်းဟာ ဘာစီလိုနာ ဖြစ်ပြီး ချဲလ်ဆီး ကတော့ ဒုတိယ ဦးစားပေး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကတ်တာလန် ကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ကူလီဘာလီ အနေနဲ့ ချဲလ်ဆီး ကိုသာ ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကလည်း အစောပိုင်းက ဂျူဗင်တပ်စ် ခံစစ်မှူး ဒီလစ်ဂျ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် နှစ်သင်း အကြား ညှိနှိုင်းလို့ မရခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း ဘေယန်မြူးနစ် ကိုသာ ပြောင်းရွှေ့ချင်တာကြောင့် အသက် ၃၁ နှစ် အရွယ် ကူလီဘာလီကို ပြောင်းလဲ ပစ်မှတ်ထားခဲ့ရတာ ဖြစ်ပါတယ်။
ခရစ္စတန်ဆန်နဲ့ ရူဒီဂါတို့ စွန့်ခွာသွားတဲ့ ခံစစ်ကို ချဲလ်ဆီးတို့ ပြင်ဆင် ဖြည့်တင်းဖို့ ကြိုးစားနေခဲ့ပြီး နောက်ထပ် ခေါ်ယူမှုတွေလည်း ဆက်လက် ပြုလုပ်သွားဖို့ ရှိနေတာပါ။ အစောပိုင်းက တူချယ်ရဲ့ အသင်းဟာ မန်စီးတီး နောက်ခံလူ နေသန် အေခီကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် လောလောဆယ် မှာတော့ ပီအက်စ်ဂျီက ကင်မ်ပမ်ဘီကို ဆက်လက် ကြိုးစားနေတယ်လို့ သိရပါတယ်။
တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးတို့ ကူလီဘာလီရဲ့ အပြောင်းအရွှေ့နဲ့ အတူ ယူ-၂၃ အတွက် အာဆင်နယ် လူငယ် တောင်ပံ ကစားသမား ဟတ်ချင်ဆန်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း တရားဝင် အတည်ပြုသွားခဲ့ပါတယ်။
ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေတဲ့ ရှက်ခရီနီယာရဲ့ အပြောင်းအရွှေ့
အင်တာမီလန် နောက်ခံလူ မီလန် ရှက်ခရီနီယာရဲ့ အပြောင်းအရွှေ့ ကတော့ လက်တလော ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေတယ်လို့ အီတလီ နာမည်ကြီး သတင်းစာ La Gazzetta dello sport မှာ ဖော်ပြထားပါတယ်။ သတင်းတွေ ဖော်ပြချက်တွေအရ ဆလိုဗက်ကီးယား ဗဟိုခံစစ်မှူး ရှက်ခရီနီယာရဲ့ အပြောင်းအရွှေ့ အတွက် နှစ်သင်းအကြား ဆွေးနွေးမှုဟာ အချိန်တစ်ခု ရောက်လာသည့် တိုင်အောင် တိုးတက်လာတဲ့ အရိပ်အယောင်မျိုး မမြင်ရသေးဘူးလို့ သိရပါတယ်။
ပီအက်စ်ဂျီတို့ ရှက်ခရီနီယာကို ယူရို သန်း ၆၀နဲ့ ပထမ တစ်ကြိမ် ကမ်းလှမ်းထားခဲ့ပေမယ့် စီးရီးအေ ကလပ် ဘက်ကို လိုချင်တဲ့ ပမာဏနဲ့ ကွာဟနေဆဲ ဖြစ်လို့ ပယ်ချခံထားရပါတယ်။ ဒါကြောင့် ပြင်သစ် ကလပ် ဘက်က နောက်ထပ် တစ်ကြိမ် တိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ယူရို သန်း ၇၀ လောက်နဲ့ သဘောတူညီမှု ရသွားဖွယ်ရှိတယ်လို့ La Gazzetta dello sport မှာ ဆက်လက် ဖော်ပြထားပါတယ်။
အင်တာမီလန်တို့ လက်ရှိ အပြောင်းအရွှေ့မှာ တိုရီနို ခံစစ်မှူး ဂလိုက်ဆင် ဘရီမာ ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိပေမယ့် မီလန် ရှက်ခရီနီယာကို အရင်ဦးဆုံး ရောင်းချဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့သော သတင်းတွေ မှာတော့ အင်တာ ဥက္ကဌ မာရော့တာ အနေနဲ့ ရှက်ခရီနီယာကို ရောင်းထုတ်နိုင်ခြင်း မရှိခဲ့ရင်တောင် ဘရီမာနဲ့ သဘောတူညီမှုရဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.