နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂျရူး၊ မော်ရင်ဟိုကို လက်လွှတ်မှာ မဟုတ်တဲ့ ရိုးမား (စီးရီးအေ နောက်ဆုံးရ သတင်းများ)

မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဂျရူး၊ မော်ရင်ဟိုကို လက်လွှတ်မှာ မဟုတ်တဲ့ ရိုးမား စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၅ ရက်နေ့ အတွက် ရရှိထားသမျှ နောက်ဆုံးရ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားတဲ့ ဂျရူး

အေစီမီလန် အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အိုလစ်ဗီယာ ဂျရူးက အနာဂတ်မှာ သူ့အနေနဲ့ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

အသက် (၃၆) နှစ်အရွယ် တိုက်စစ်မှူးကြီးဟာ လက်ရှိအချိန်မှာ စီးရီးအေရဲ့ လက်ရှိ ချန်ပီယံ အတွက်ရော၊ ပြင်သစ် လက်ရွေးစင် အသင်း အတွက်ပါ ခြေစွမ်းပြပြီ ဂိုးတွေ သွင်းပေးနေသေးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ 

ဂျရူးကို ခေါ်ယူဖို့ အတွက်လည်း မေဂျာလိဂ် အသင်းအချို့က ချိတ်ဆက်မှု ရှိခဲ့ပြီး ဒီကစားသမားရဲ့ စာချုပ်သက်တမ်း ကလည်း လာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။


မော်ရင်ဟိုကို လက်လွှတ်ခံမှာ မဟုတ်ဘူးဆိုတဲ့ ရိုးမား ဒါရိုက်တာ

အဆိုပါ စီးရီးအေ ကလပ်ရဲ့ နည်းပြကို ခေါ်ယူဖို့ မိခင်နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းက စိတ်ဝင်စားနေကြောင်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ မပြီးဆုံးခင်တည်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ရိုးမားနဲ့ ၂၀၂၄ အထိ စာချုပ်သက်တမ်း ကျန်ရှိနေတဲ မော်ရင်ဟို

ရိုးမားရဲ့ ဒါရိုက်တာ တီယာဂို ပင်တိုက အသင်းရဲ့ နည်းပြ ဖြစ်သူ ဟိုဆေး မော်ရင်ဟိုကို လက်လွှတ်ခံသွားမှာ မဟုတ်ကြောင်း အတိအလင်း ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ စီးရီးအေ ကလပ်ရဲ့ နည်းပြကို ခေါ်ယူဖို့ မိခင်နိုင်ငံ ဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်းက စိတ်ဝင်စားနေကြောင်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ မပြီးဆုံးခင်တည်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ပင်တို ကတော့ အသင်းနဲ့ (၂၀၂၄) အထိ စာချုပ်သက်တမ်း ရှိနေတဲ့ မော်ရင်ဟိုက အသင်းကို စွန့်ခွာသွားမှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ မော်ရင်ဟိုကို ခေါ်ယူဖို့ ဘရာဇီးလ် ကလည်း စိတ်ဝင်စားသေးကြောင်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။


အန်ဇိုဖာနန်ဒက်ဇ်ကို ယူရို (၁၈) သန်းနဲ့ခေါ်ယူခွင့်ရခဲ့ဖူးတဲ့ အေစီမီလန်

စီးရီးအေ ကလပ် အေစီမီလန်ဟာ လက်ရှိ ဥရောပထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ယူရို (၁၈) သန်းနဲ့ ခေါ်ယူခွင့် ရခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့ဖူးပါတယ်။ 

အဆိုပါ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့နောက် ဘင်ဖီကာက သူ့ရဲ့ တန်ကြေးကို ယူရို သန်း (၁၂၀) အထိ သတ်မှတ်ခဲ့ပါတယ်။

အေစီမီလန် ကတော့ ဒီကစားသမားကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ခေါ်ယူခွင့် ရခဲ့ပေမယ့် ဒီအခွင့်အရေးကို ငြင်းဆန် ပယ်ချခဲ့ကြောင်း ကစားသမားရဲ့ အေးဂျင့် ဖိလစ်ပို ကိုလာဆန်တိုက အခုချိန်မှာ ထုတ်ဖော် ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်