နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အေစီနဲ့ အင်တာ ဂိုးသမားတွေကို ချီးကျူးလိုက်တဲ့ ဘက်ဖွန်၊ အင်ဇာဂီ အသင်းမှာ ဆက်ရှိနေမယ်လို့ အင်တာ ပိုင်ရှင် အတည်ပြု (စီးရီးအေ နောက်ဆုံးရ သတင်းများ)

အေစီနဲ့ အင်တာ ဂိုးသမားတွေကို ချီးကျူးလိုက်တဲ့ ဘက်ဖွန်၊ အင်ဇာဂီ အသင်းမှာ ဆက်ရှိနေမယ်လို့ အင်တာ ပိုင်ရှင် အတည်ပြု အစရှိတဲ့ သတင်းတွေ အပါအဝင် မေလ ၂၀ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အေစီနဲ့ အင်တာ ဂိုးသမားတွေကို ချီးကျူးလိုက်တဲ့ ဘက်ဖွန်

အီတလီ ဂန္တဝင် ဂိုးသမားကြီး ဂီဂီ ဘက်ဖွန်က စီးရီးအေ ထိပ်သီး မီလန် မြို့ခံ နှစ်သင်းရဲ့ ဂိုးသမားတွေ ကိုတော့ ချီးကျူးစကား ပြောလိုက်ပါတယ်။ 

အင်တာမီလန် ဂိုးသမား အန်ဒရီ အိုနာနာနဲ့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုင်ဂ်နန် တို့ဟာ ဒီရာသီမှာ သက်ဆိုင်ရာ အသင်းတွေနဲ့ အတူ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အထိ ရောက်ရှိခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ 

ဒီဂိုးသမား နှစ်ဦးနဲ့ ပတ်သက်လို့ ဘက်ဖွန်က မိုင်ဂ်နန် စွမ်းဆောင်ပြနေတာတွေက အံ့အားသင့်စရာ မရှိကြောင်း၊ ပြီးခဲ့တဲ့ နှစ်ကတည်းက သူ့ရဲ့ အရည်အသွေးကို သက်သေပြခဲ့ပြီး ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဘူဖွန်က အိုနာနာ ကလည်း အင်တာမီလန်မှာ သူ့ရဲ့ အရည်အချင်းကို ဆမ်မာ ဟန်ဒါနိုဗစ်နဲ့ နေရာယှဥ်လုရင်း ပြသခဲ့ပြီး ဖြစ်ကြောင်း၊ ဒီဂိုးသမား နှစ်ဦးစလုံးက လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား (၅) ဦးစာရင်းထဲ ပါဝင်ဖို့ ထိုက်တန်နေပြီ ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ 


အင်ဇာဂီ အသင်းမှာ ဆက်ရှိနေမယ်လို့ အင်တာ ပိုင်ရှင် အတည်ပြု

နည်းပြ ဆိုင်မွန် အင်ဇာဂီ အနေနဲ့ လာမယ့် ဘောလုံးရာသီ မှာလည်း အသင်း မှာပဲ ဆက်ရှိနေလိမ့်မယ်လို့ အင်တာမီလန် ဥက္ကဌ စတီဗင် ကျန်းက အတည်ပြု ပြောကြားလိုက်ပါတယ်။ 

ပရီးမီးယား လိဂ်
AFC ဘုန်းမောက်
မန်ချက်စတာ ယူနိုက်တက်
1X2 သရေ (Draw) @ 4.80
ဂိုးပေါ် 3.25 @ 2.03
ဂိုးပေါင်း 2-3 @ 2.13
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်တာမီလန်ဟာ ဒီရာသီ စီးရီးအေမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် ချန်ပီယံလိဂ် မှာတော့ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အင်ဇာဂီဟာ (၁၃) နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် အင်တာကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင် ပို့ဆောင်ပေးထားနိုင်ပြီး ဒါကလည်း သူ့ရဲ့ နည်းပြ ရာထူး အတွက် အာမခံချက် ဖြစ်စေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

စတီဗင် ကျန်းက ကျွန်တော်တို့ရဲ့ ပစ်မှတ်က အမြဲတမ်း အနိုင်ရဖို့ ဖြစ်ကြောင်း၊ အင်ဇာဂီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ကတော့ အပြောင်းအလဲ လုပ်ဖို့ အစီအစဉ် မရှိကြောင်း၊ သူနဲ့ အတူတူ တတိယမြောက် ရာသီကို အစပြုဖို့ အဆင်သင့် ဖြစ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။


ရှက်ဖို့ ကောင်းတဲ့ ကစားပုံလို့ မော်ရင်ဟိုကို ဝေဖန်လိုက်တဲ့ ဒီမာဘေး

လေဗာကူဆင် ကွင်းလယ်လူ ကီရမ် ဒီမာဘေးက ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုဟာ ရှက်ဖို့ကောင်းတဲ့ ပုံစံမျိုးနဲ့ သူ့ရဲ့ အသင်းကို ကစားစေခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ 

လေဗာကူဆင် ကွင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မော်ရင်ဟိုက အဓိက ခံစစ် ကိုပဲ အားပြု ကစားစေခဲ့ပြီး စီးရီး‌အေ ကလပ်ဟာ တစ်ပွဲလုံးမှ ဂိုးပေါက် ကန်သွင်းခွင့် ၁ ကြိမ်သာ ရခဲ့ပါတယ်။ 

လေဗာကူဆင် ကတော့ တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးပေါက် ကန်သွင်းခွင့် အသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ပထမအကျော့က ၁ ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်ကို ချေဖျက်နိုင်ခြင်း မရှိတာကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ 

ပွဲအပြီး မှာတော့ ဒီမာဘေးက ဒီလို အဆင့်အတန်း မြင့်မားတဲ့ ပွဲတစ်ပွဲမှာ ဒီလို ကစားပုံမျိုးနဲ့ ဗိုလ်လုပွဲ တက်သွားတယ် ဆိုတာ ရှက်ဖို့ ကောင်းကြောင်း၊ အဆုံးသတ် မှာတော့ ရိုးမား တို့ဟာ အရာရာကို အကျည်းတန်အောင် လုပ်သွားခဲ့ကြောင်း ဝေဖန် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်