နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ္တလန္တာ – တိုရီနို | စီးရီးအေ ပွဲစဉ် ၂၀ (ပွဲကြိုသုံးသပ်ချက်)

အတ္တလန္တာ – တိုရီနို

လာမယ့် ကြာဿပတေးနေ့ မှာတော့ ကိုဗစ် ၁၉ ကြောင့် ရွှေ့ဆိုင်းထားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၂၀)ရဲ့ ပွဲကျန် နှစ်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အတ္တလန္တာတို့ တိုရီနိုကို ဂီဝစ်ကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ကနေ လှည့်ပြန်ခဲ့ရတဲ့ အတ္တလန္တာတို့ လာမယ့်နှစ် ဥရောပပြိုင်ပွဲ ဝင်ခွင့်ရဖို့ စီးရီးအေကို အာရုံပြန်စိုက်ရမှာ ဖြစ်ပြီး ခြေပျက်နေတဲ့ တိုရီနိုနဲ့ အတွေ့မှာ အနိုင် ၃ မှတ် ရှာတွေ့သွားနိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

စီးရီးအေ
ကာဂလီယာရီ
ဟဲလက်စ် ဗာရိုနီကာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အတ္တလန္တာတို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက စပြီး ခြေစွမ်းပိုင်း မတည်ငြိမ်မှုကြောင့် ရလဒ်တွေ တောက်လျောက် ဆိုးရွားနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားခဲ့ပါတယ်။ ယူရိုပါလိဂ် ကစားခဲ့ရတာကြောင့် စီးရီးအေကို အပြည့်အဝ အာရုံမစိုက်နိုင်ခဲ့တဲ့ အတ္တလန္တာတို့ လက်တလော အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် အဆင့် ၅ နေရာက ရိုးမားနဲ့ ၄ မှတ်သာ ကွာဟတာကြောင့် အခုကစားမယ့် ပွဲကျန်မှာ ရလဒ်ကောင်းခဲ့မယ် ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ တော်တော်လေး ရှင်သန်သွားမှာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက အတ္တလန္တာတို့ ဒီရာသီ စီးရီးအေမှာ အဝေးကွင်း စွမ်းဆောင်ရည် ကောင်းနေပေမယ့် အိမ်ကွင်း စွမ်းဆောင်ရည် ကတော့ ညံ့နေပြီး ၄ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၆ ပွဲ ရှုံးထားခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာတော့ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့ပြီး စီးရီးအေ နောက်ဆုံး ၅ ပွဲမှာတော့ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပါတယ်။ လက်တလော အသင်းမှာ မယ်လင်နော့ဗ်စကီး၊ တိုလွိုင်း၊ ဂျိုအာကင်မ် မာအဲလီ၊ ပက်ဇဲလ်လာ တို့ ဒဏ်ရာကြောင့် အနားယူနေရလို့ အခုပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – မူဆို၊ ဆကဲလ်ဗီနီ၊ ဒါမီရယ်၊ ပယ်လိုမီနို၊ ဟိတ်ဘိုးဝါး၊ ဒီရွန်၊ ကူ့ပ်မိုင်းနားစ်၊ ဇာပါကော်စတာ၊ ပါဆာလစ်၊ လူးဝစ် မူရီရယ်၊ ဇာပါတာ

တိုရီနိုတို့ ပြီးခဲ့တဲ့ ရာသီက တန်းမဆင်းရရေး အသည်းအသန် ရုန်းခဲ့ရပေမယ့် ဒီရာသီ မှာတော့ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းပါ သိသိသာသာ တိုးတက်လာခဲ့တယ်လို့ ပြောလို့ရပါတယ်။ စီးရီးအေ ပွဲစဉ် ၃၃ ပွဲ ကစားပြီးချိန်မှာ ၁၁ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၂ ပွဲ ရှုံးနိမ့်ထားပြီး ၄၃ မှတ် ရရှိထားတဲ့ တိုရီနို တို့ လက်တလော အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ အဆင့် ၉ နေရာက ဗီရိုနာနဲ့ ၆ မှတ်သာ ကွာဟနေပေမယ့် တန်းဆင်းဇုန် ကိုတော့ ၁၈ မှတ် အထိ ဖြတ်ထားနိုင်လို့ တိုရီနိုတို့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ရေး မျှော်လင့်ချက် ရှိပါသေးတယ်။ ဒါပေမယ့် နောက်ဆုံး ၁၂ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားတဲ့ တိုရီနိုရဲ့ ခြေစွမ်းက ယုံကြည်ရခက်ပါတယ်။ အိုင်ဗန် ဂျူရစ်ရဲ့ အသင်းက စီးရီးအေ နောက်ဆုံး ၅ ပွဲမှာတော့ ဂျီနိုအာ တစ်သင်းတည်းကို ရှုံးထားပြီး ဆယ်လာနီတာနာနဲ့ စပီဇီယာ တို့ကို အနိုင်ရခဲ့သလို အေစီမီလန်နဲ့ လာဇီယို တို့လို အသင်းကြီးတွေ ကိုလည်း သရေကစားထားခဲ့ပါတယ်။ လက်တလော အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘယ်လော့တီ ကြွက်သား ဒဏ်ရာကြောင့် အနားယူနေရပြီး အစ်ဇို၊ ပိုဘီဂါ၊ ဖာရက်စ်၊ ဆိုင်မွန် ဇာဇာ တို့လည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဘာရီရှာ၊ အစ်ဇို၊ ဘရီမာ၊ ရိုဒရီဂတ်ဇ်၊ ဆင်ဂို၊ မန်ဒရာဂိုရာ၊ ရစ်ဆီ၊ ဗိုဂျ်ဗိုဒါ၊ လူကစ်၊ ဘရီကာလို၊ ပယ်လီဂရီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု ၂၁ ကြိမ်မှာ အတ္တလန္တာက ၈ ကြိမ်၊ တိုရီနိုက ၈ ကြိမ်စီ အနိုင်ရထားကြပြီး ၅ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အတ္တလန္တာတို့ တိုရီနိုကို ၁ ကြိမ်သာ ရှုံးနိမ့်ခဲ့ပြီး ၃ ကြိမ် နိုင်၊ ၁ ကြိမ် သရေကျထားပါတယ်။ နောက်ပိုင်း တွေ့ဆုံမှုတွေမှာ နှစ်သင်းပေါင်း သွင်းဂိုး များလေ့ရှိပြီး အနည်းဆုံး ဂိုးပေါင်း ၃.၀၀ ရှိခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အတ္တလန္တာ အတွက် ၁.၅၈ ဆ၊ တိုရီနို အတွက် ၅.၄၀ ဆ၊ သရေ အတွက် ၃.၉၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ စီးရီးအေ တစ်ခုတည်းကို အာရုံ ပြန်စိုက်ရမယ့် အတ္တလန္တာ အတွက် အရေးပါနေတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ တိုရီနို ကတော့ အမှတ်မလိုတာကြောင့် အတ္တလန္တာ လောက်တော့ အားစိုက်လာမှာ မဟုတ်သလို အဓိက ကစားသမား အများစု ဒဏ်ရာရနေခြင်းက အသင်းကို အားနည်းနေစေဦးမှာ သေချာပါတယ်။ အစဉ်အလာအရလည်း နောက်ပိုင်း တွေ့ဆုံမှုတွေမှာ အတ္တလန္တာ တို့ပဲ အသာရခဲ့တာ များလို့ အခုပွဲမှာလည်း အိမ်ရှင် ဘက်ကပဲ ခြေစုံပစ် ရပ်တည်ထားရဦးမှာပါ။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး အတ္တလန္တာတို့ ၁ ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားဖို့ များနေတဲ့ ပွဲပါ။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်