နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက် ပစ်မှတ်ကို ရောင်းချရဖွယ် ရှိနေတဲ့ အတ္တလန္တာ၊ ချန်ပီယံလိဂ် ကနေ အထုတ်ခံနိုင်ချေ ရှိနေသေးတဲ့ ဂျူဗင်တပ်စ် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ယူနိုက်တက် ပစ်မှတ်ကို ရောင်းချရဖွယ် ရှိနေတဲ့ အတ္တလန္တာ၊ ချန်ပီယံလိဂ် ကနေ အထုတ်ခံနိုင်ချေ ရှိနေသေးတဲ့ ဂျူဗင်တပ်စ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၂၆ ရက်နေ့ရဲ့ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက် ပစ်မှတ်ကို ရောင်းချရဖွယ် ရှိနေတဲ့ အတ္တလန္တာ 

အတ္တလန္တာ နည်းပြ ဂီယန်ပီရို ဂက်စ်ပါရီနီက လာမယ့် နွေရာသီမှာ အသင်းရဲ့ အထောင် တိုက်စစ်မှူး ရာမက်စ် ဟို့ဂျ်လန်း အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့ရင် ရောင်းချသွားရမှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ 

အသက် (၂၀) အရွယ် အဆိုပါ ဒိန်းမတ် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒီနှစ် ဘောလုံးရာသီမှာ နိုင်ငံအသင်း အတွက်ရော၊ ကလပ် အသင်း အတွက်ပါ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ ဟို့ဂျ်လန်း အနေနဲ့ ဒီရာသီမှာ စီးရီးအေ ကလပ် အတွက် ပြိုင်ပွဲစုံ (၂၃) ပွဲ ကစား၊ (၈) ဂိုး သွင်းယူပေးထားပြီး မန်ချက်စတာယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ အထူး စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်‌ပေါ်နေတာပါ။ 

ဂက်စ်ပါရီနီက အသက် (၂၀) အရွယ်မှာ ဟို့ဂျ်လန်းလောက် ကောင်းတဲ့ တိုက်စစ်မှူး အများကြီး မမြင်ခဲ့ဖူးကြောင်း၊ သူက အများကြီး တိုးတက်ဖို့ ရှိသေးပြီး ဥရောပထိပ်တန်း အသင်းကြီးတွေကို ဆွဲဆောင်ထားနိုင်ကြောင်း၊ သူ့အတွက် ငြင်းဆန်ရ ခက်တဲ့ ကမ်းလှမ်းမှုအချို့ ရှိလာနိုင်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။


စီးရီးအေ ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ မက်ဂွိုင်းယား 

မန်ချက်စတာယူနိုက်တက်မှာ အမြဲတမ်းလိုလို ဝေဖန် ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းခေါင်းဆောင် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းရားကို ခေါ်ယူဖို့ အတွက် စီးရီးအေ အသင်းတွေက စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ 

အဆိုပါ အင်္ဂလန် လက်ရွေးစင် နောက်ခံလူဟာ လာမယ့် နွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာရဖွယ် ရှိနေပြီး သူ့အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့ရင် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပါတယ်။ မက်ဂွိုင်းယားကို ခေါ်ယူဖို့ အတွက်တော့ ဂျူဗင်တပ်စ် အပါအဝင် မီလန် မြို့ခံ နှစ်သင်း ဖြစ်တဲ့ အေစီမီလန်နဲ့ အင်တာမီလန် တို့က စိတ်ဝင်စားနေကြောင်း သတင်း အရင်းမြစ်အချို့က ဖော်ပြခဲ့တာပါ။ 

ဒါပေမယ့် အသက် (၃၀) အရွယ် ကစားသမား ကိုယ်တိုင် ကတော့ သူ့ဆန္ဒနဲ့သူ ယူနိုက်တက်ကို စွန့်ခွာမှာ မဟုတ်ဘဲ အသင်းမှာ ပုံမှန်တစ်နေရာ ရဖို့ အတွက်သာ ဆက်လက် တိုက်ပွဲဝင်သွားဖို့ မျှော်လင့်ထားကြောင်း အရင်ကတည်းက ဖွင့်ဟခဲ့ဖူးပါတယ်။ 

စီးရီးအေ
တိုရီနို
အတ္တလန်တာ
1X2 သရေ (Draw) @ 3.15
ဂိုးပေါ် 2.25 @ 1.90
ဂိုးပေါင်း 2-3 @ 1.89
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချန်ပီယံလိဂ် ကနေ အထုတ်ခံနိုင်ချေ ရှိနေသေးတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ စီးရီးအေမှာ ရမှတ် (၁၅) မှတ်လျှော့ ပြစ်ဒဏ် ကနေ ကင်းလွတ်ခွင့် ရခဲ့ပေမယ့် လာမယ့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပါဝင်ကစားခွင့် ရဖို့ အတွက်တော့ မသေချာသေးကြောင်း သိရပါတယ်။ 

ဂျူဗင်တပ်စ်ဟာ အပြောင်းအရွှေ့ ကိစ္စရပ်တွေ၊ ငွေကြေး ကိစ္စရပ်တွေမှာ စာရွက်စာတမ်း မသမာမှုတွေ ကျူးလွန်ခဲ့တာကြောင့် အခုလို ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ် ကပဲ ဂျူဗင်တပ်စ် အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ပြန်လည် ရုပ်သိမ်းပေးခဲ့တာကြောင့် တူရင် ကလပ် အနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၃) နေရာ အထိ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အခုလိုမျိုး ပြည်တွင်းမှာ ဂျူဗင်တပ်စ်တို့ အခြေအနေ ပြန်ကောင်းသွားပေမယ့် ဥရောပ ဘောလုံးအဖွဲ့ချုပ် ဘက်ကတော့ ဂျူဗင်တပ်စ်ရဲ့ ပြဿနာကို စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ဂျူဗင်တပ်စ်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်