စပီဇီယာ – အင်တာမီလန်
အခုတစ်ပတ် စီးရီးအေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အမှတ်လုပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ စပီဇီယာနဲ့ အင်တာမီလန်တို့ရဲ့ပွဲဟာလည်း ကြာသပတေးနေ့ မနက် အစောပိုင်းမှာပဲ ကစားဖို့ ရှိနေပါတယ်။ စကူဒက်တို ချန်ပီယံဆုဖလားနဲ့ တဖြေးဖြေး နီးကပ်လာတဲ့ အင်တာမီလန်တို့ အမှတ်ပေးဇယားထိပ်ဆုံးမှာ အမှတ်ဖြတ် ဆက်လက်ဦးဆောင်နိုင်ဖို့ အမှားလုံးဝခံမှာ မဟုတ်ပဲ နိုင်ပွဲရဖို့ ကျိန်းသေပေါက် အားစိုက်လာပါလိမ့်မယ်။
အန်တိုနီယို ကွန်တီရဲ့ အသင်းက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ပြီး ဒုတိယရာသီမှာတင် ၁၀နှစ်ကျော်ကြာ ဝေးကွာနေတဲ့ စီးရီးအေ ဆုဖလားကို တကျော့ပြန်သိမ်းပိုက်ဖို့ အတွက် နီးစပ်သထက် နီးစပ်လာပါပြီ။ လက်ကျန် ၇ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ အင်တာမီလန်တို့ မြို့ခံပြိုက်ဘက် အေစီမီလန်ကို ၉ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အင်တာမီလန် တကယ်တမ်း ပြီးခဲ့တဲ့ ပွဲတွေတုန်းကလိုမျိုးသာ ကစားနေမယ်ဆိုရင် ၉ မှတ်ဆိုတဲ့ ပမာဏဟာ မလုံလောက်ပါဘူး။ အင်တာမီလန်တို့ရဲ့ စီးရီးအေ နောက်ဆုံး ၇ ပွဲကို ပြန်ကြည့်မယ်ဆိုရင် ၁-၀၊ ၂-၁ စတဲ့ ရလဒ်တွေ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ကစားပုံကလည်း အားရစရာ မရှိခဲ့ပါဘူး။ အင်တာမီလန်ဟာ အသင်းကြီးတွေနဲ့ ကစားရင်သာ အမောက် ထောင်ပြတတ်ပေမယ့် အသင်းငယ်တွေနဲ့ ဆိုရင် ဟိုမရောက် သည်မရောက် ဖြစ်သွားတတ်ပြီး ဂိုးရဖို့တောင် ခက်ခဲသွားလေ့ ရှိပါတယ်။ နောက်ဆုံး သတင်းတွေအရ ကွင်းလယ်က အာတူရို ဗီဒယ်နဲ့ နောက်တန်းက ကိုလာရော့ဗ်တို့ ဒဏ်ရာရနေလို့ အခုပွဲကို လွဲချော်မယ်လို့ သိရပါတယ်။
စပီဇီယာ ကတော့ အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ပြီး နောက်မှာ ကစားပုံ တိုးတက်လာတာ တွေ့ရတယ်။ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲဆက် ရှုံးပွဲမရှိခဲ့ပဲ ၃ ပွဲနိုင်၊ ၂ ပွဲသရေကျထားပါတယ်။ အိမ်ကွင်းမှာဆိုရင် စပီဇီယာတို့ အေစီမီလန်လို အသင်းကိုတောင် ၂ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။ လက်တလော တန်းဆင်းဇုန်ရဲ့ အထက် ၇ မှတ်အကွာနဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး စီးရီးအေမှာ တင်ကျန်နိုင်ဖို့ သိပ်တော့ စိတ်မချရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခုပွဲမှာတော့ စပီဇီယာ တို့ ဒဏ်ရာရ/ပွဲပယ် ကစားသမားကင်းရှင်းနေလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ အင်တာမီလန်ကို ရင်ဆိုင်လာဖို့ ရှိပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
လောင်းကစားဆိုင်ရာအကြံပြုချက်များ
စပီဇီယာ – အင်တာမီလန် | အချိန်ပြည့် 1X2 အိမ်ရှင် @ 7.40 | |
ဧပြီလ ၂၂ ရက်, ည ၁:၁၅ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၉.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၅.၂၅ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင် အင်တာမီလန်တို့ စပီဇီယာကို မရှုံးပါဘူး။ အိမ်ကွင်း ကစားပုံကောင်းတဲ့ စပီဇီယာကြောင့် အင်တာမီလန်တို့ သရေမကျဖို့ပဲ မျှော်လင့်ရမှာပါ။ ဒီတစ်ကြိမ်မှာလည်း အင်တာမီလန်တို့ ၂-၁ လောက်နဲ့ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.