နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာဇီယိုနဲ့ အတ္တလန္တာ တို့ အနိုင် ၃ မှတ်အပြိုင်လုမယ့် ရောမမြို့က စီးရီးအေ စီးချင်းထိုးပွဲ

လာဇီယို vs အတ္တလန္တာ

အောင်တိုဘာလ ၁ ရက်နေ့ မှာတော့ စီးရီးအေ ပွဲစဉ်(၁)ရဲ့ ပွဲကျန်အဖြစ် လာဇီယိုနဲ့ အတ္တလန္တာတို့  ရောမမြို့က အိုလံံပီကိုကွင်းကြီးမှာ ယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။ နောက်ပိုင်း နှစ်တွေ မှာ ခြေစွမ်းပြန်လည် ထက်မြတ်လာပြီး အမှတ်ပေးချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းရှိတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာလို့ အခုပွဲစဉ်ကတော့ SBOTOP စီးရီးအေ ပရိသတ်တွေ အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။

အိမ်ရှင်လာဇီယိုအနေနဲ့ ပြီးခဲ့တဲ့ ပွဲမှာ ကက်ဂလီယာရီကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး ၃ မှတ်အပြည့်ရထားလို့ လင်းယုန်တွေရဲ့ စီးရီးအေ ရာသီအသစ်က အဖွင့်လှပခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက လာဇီယိုတို့ ဘောလုံးပွဲတွေ မရပ်နားခင်အထိ စီးရီးအေ ချန်ပီယံ ဘွဲ့ကို စိန်ခေါ်နိုင်စွမ်းရှိခဲ့ပြီး ရာသီကုန်ခါနီးမှာ ခြေချော်မှုတွေ ရှိခဲ့လို့ အဆင့် ၄နေရာနဲ့ ရာသီသိမ်းခဲ့ရတာဖြစ်ပါတယ်။ လာဇီယို တိုက်စစ်မှူး အင်မိုဘီလီ ဟာ စီးရီးအေ မှာ ၃၆ ပွဲကစားပြီး ၃၆ ဂိုးသွင်းယူ နိုင်ခဲ့တာကြောင့် စီးရီးအေ ရွှေဖိနပ်ဆု ရရှိခဲ့ပါတယ်။ လာဇာရီ၊ ဆာဗစ်၊ အလ်ဘတ်တို တို့ဟာ စီးရီးအေ ရဲ့ အကောင်းဆုံး ကစားသမားတွေစာရင်းမှာ ဖော်ပြခံထားရလို့ လာဇီယိုတို့ ဒီရာသီမှာလည်း ကျိန်းသေပေါက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဦးမှာပါ။ ရာသီကြိုပြင်ဆင်မှုအဖြစ် အဓိကတိုက်စစ်မှူး အင်မိုဘီလီ ကို သက်တမ်းတိုးပြီးသား ဖြစ်လို့တိုက်စစ် နဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းတဲ့ အနေနဲ့ ဂွန်ဇာလို အက်စ်ကယ်လန်တီနဲ့ ဖီနာဘာချီက ဗီဒတ် မူရီကီ နှစ်ဦးတည်းကိုပဲ ခေါ်ယူထားတာတွေ့ရပါတယ်။

စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် တိုရီနိုနဲ့ ကစားခဲ့ရမှာတော့ ဂိုးမက်ဇ်၊ ဒီရွန်၊ ဟိတ်ဘိုးဝါး၊ လူးဝစ်မူရီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ရထားပါတယ်။
ပြီးခဲ့တဲ့ စီးရီးအေ မှာ ၉ ပွဲသရေကျပြီး၊ ၆ ပွဲပဲရှုံးခဲ့သလို သွင်းဂိုး ၉၈ ဂိုးအထိရရှိခဲ့တဲ့ အတ္တလန္တာ

အတ္တလန္တာဟာလည်း မနှစ်က စီးရီးအေ မှာ လာဇီယိုနဲ့ ရမှတ်တူ ၇၈ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ နည်းပြ ဂတ်စ်ပီရီနီ ရဲ့ အတ္တလန္တာအသင်းအနေနဲ့ အကယ်ဒမီထွက် လူငယ်ကစားသမားလေးတွေရဲ့ စွမ်းဆောင်ရည်တွေနဲ့ တစ်ရာသီလုံး ၃၈ ပွဲကစားရာမှာ ၉ ပွဲသရေကျပြီး၊ ၆ ပွဲပဲရှုံးခဲ့သလို သွင်းဂိုး ၉၈ ဂိုးအထိရရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အတ္တလန္တာရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ရှိလဲဆိုတာ သိသာပါတယ်။ ဇာပါတာ၊ အီလစ်၊ ဂိုဆန်၊ အလီဂျန်ဒရို ဂိုးမက်ဇ်၊ မာတန်ဒီရွန်၊ ပါဆာလစ်တို့ ခြေစွမ်းပြခဲ့ပြီး ဒီနှစ်မှာလည်း လိုကိုမိုးတစ်ဗ် မော်စကို က ရုရှားကွင်းလယ်လူ အလက်ခ်ဆီ မီရန်ချက်ခ် အပါအဝင် ပစ်ဆီနီ၊ ဆမ်လမ်မားစ်၊ ဂျိုဟန်မိုဂျီကာ တို့ ကိုခေါ်ယူပြီး အင်အားဖြည့်တင်းထား ပါတယ်။ အတ္တလန္တာတို့ ပြီးခဲ့တဲ့ သြဂုတ်လ ကမှ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကစားခဲ့ရလို့ ခြေစမ်းပွဲစဉ်တွေ ကစားထားတာမရှိပဲ စီးရီးအေ အဖွင့်ပွဲစဉ်အဖြစ် တိုရီနိုနဲ့ ကစားခဲ့ရမှာတော့ ဂိုးမက်ဇ်၊ ဒီရွန်၊ ဟိတ်ဘိုးဝါး၊ လူးဝစ်မူရီရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ၂-၄ နဲ့ အနိုင်ရထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဉ်အလာ

လာဇီယိုနဲ့ အတ္တလန္တာ တို့ဟာ ၂၈ ကြိမ်ထိပ်တိုက် တွေ့ဆုံထားခဲ့ပြီး လာဇီယိုက ၁၃ ကြိမ်အနိုင်ရပြီး အတ္တလန္တာက ၁၀ ကြိမ်အနိုင်ရထားပါတယ်။ သရေ ၅ ပွဲသာရှိထားခဲ့ပြီး တွေ့ဆုံတဲ့ပွဲအများစုမှာတော့ တစ်သင်းနဲ့ တစ်သင်း အပြန်အလှန်ဂိုးသွင်းပြီး အကြိတ်အနယ်ရှိခဲ့တာကိုတွေ့ရပါတယ်။ လာဇီယိုတို့ ရာသီအကြိုခြေစမ်းပွဲ ၄ပွဲကစားထားပြီး ၃ပွဲနိုင်ပြီး ၁ပွဲသရေကျထားပါတယ်။ နည်းပြကောင်းတွေ လက်အောက်မှာ ကစားသမားကောင်းတွေ အသီးသီး ပိုင်ဆိုင်ထားခဲ့ကြတဲ့ အသင်းနှစ်သင်း ဖြစ်လို့ ဒီတစ်ကြိမ် တွေ့ဆုံမှုကလည်း ဖျော်ဖြေမှု ရသအပြည့် ပေးနိုင်ဦးမှာပါ။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လာဇီယို vs အတ္တလန္တာ ဂိုးပေါင်း 2-3 @ 2.10
အောက်တိုဘာလ ၁ ရက်, ညနေ ၁:၁၅နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၂.၅၁ ဆ၊ ဧည့်သည် ဘက်က ၂.၅၇ဆ၊ သရေအတွက် ၃.၅၅ ဆ ကြေးဖွင့် ထားပါတယ်။ ပေါက်ကြေး အရရော လက်ရှိ ခြေစွမ်းပိုင်းအရရော ဘယ်အသင်းဘက်က ရပ်တည်ရမလဲ ဆိုတာ စဉ်းစားရ ကြပ်ပါတယ်။ တိုက်စစ် ထက်မြတ်တဲ့ နှစ်သင်း တွေ့ဆုံမှုဖြစ်လို့ သွင်းဂိုးအများကို ရွေးချယ်တာ ပိုပြီး သင့်တော်မယ် ထင်ပါတယ်။ အမှားနည်းတဲ့ အသင်းက အနိုင်ရသွားမှာ ဖြစ်လို့ နှစ်သင်းပေါင်း သွင်းဂိုး ၂ဂိုးနဲ့ အထက်ကို ရွေးချယ်တာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်