နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖေမီနိုကို အပြိုင်အဆိုင် ခေါ်ယူချင်နေတဲ့ တူရကီ ထိပ်သီး ကလပ် နှစ်သင်း | ဆော်ဒီပရိုလိဂ်

တူရကီ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ဂါလာတာဆာရေးနဲ့ ဖီနာဘာချီ တို့ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီ တိုက်စစ်မှူး ရော်ဘတ်တို ဖေမီနိုကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဖေမီနို ကတော့ ၂၀၂၃ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အာလီကို ပြောင်းရွှေ့ကစားနေခဲ့သူ ဖြစ်ပါတယ်။ 

ဘရာဇီးလ် ဝါရင့် တိုက်စစ်မှူး ရော်ဘတ်တို ဖေမီနိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီမှ တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀ ရရှိနေပြီးတော့ စာချုပ်သက်တမ်း ကလည်း ၂၀၂၆ ခုနှစ်မှ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖေမီနိုက အဲလ် အာလီ အသင်းမှာ ပုံမှန် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် အသင်း ဘက်က ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အဲလ် အာလီက ဖေမီနိုကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။ 

ဘရာဇီးလ် ဝါရင့် တိုက်စစ်မှူး ရော်ဘတ်တို ဖေမီနိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီမှ တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀ ရရှိနေပြီးတော့ စာချုပ်သက်တမ်း ကလည်း ၂၀၂၆ ခုနှစ်မှ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
ဂါလာတာဆာရေးနဲ့ ဖီနာဘာချီရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ ဖေမီနို

ဖေမီနိုဟာ ပြီးခဲ့တဲ့ ရာသီက အဲလ် အာလီ အတွက် ဆော်ဒီပရိုလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၃၄ ပွဲ ကစားခဲ့ပေမယ့် ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ ဖေမီနိုက ပြိုင်ပွဲစုံ ၁၉ ပွဲ ကစားပြီး ၆ ဂိုး သွင်းထားပေမယ့် ကလပ် ဘက်က ဘရာဇီးလ်သားရဲ့ စွမ်းဆောင်ရည်ကို အားရခြင်း မရှိတာကြောင့် ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲလ် အာလီကို ဖေမီနိုကို ရောင်းထုတ်ပြီးရင်တော့ ထိပ်တန်း အဆင့် ခြေစွမ်းရှိတဲ့ တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

လစ်ဗာပူးလ် တိုက်စစ်မှူးဟောင်း ရော်ဘတ်တို ဖေမီနို ကိုတော့ ဂါလာတာဆာရေးနဲ့ ဖီနာဘာချီ တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီးတော့ ကစားသမား ကိုယ်တိုင် ကလည်း ဥရောပမှာ ပြန်လည် ကစားလိုနေတယ်လို့ သိရပါတယ်။ ဖေမီနိုဟာ ဘရာဇီးလ် ကလပ် ဖလူဂီရန်ဆေး အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့သူ ဖြစ်ပြီး ၂၀၁၁ ခုနှစ် မှာတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဟော့ဖန်ဟိမ်းကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ ဖေမီနိုဟာ ဟော့ဖန်ဟိမ်းမှာတော့ ၅ ရာသီ နီးပါး ဖြစ်သန်းခဲ့ပြီးတော့ ၁၅၃ ပွဲ ကစားကာ ၄၉ ဂိုး သွင်းယူခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၅ ခုနှစ် မှာတော့ လစ်ဗာပူးလ်က ဖေမီနိုကို ခေါ်ယူခဲ့ပြီးတော့ ကလော့ပ်ရဲ့ စိတ်ကြိုက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဖေမီနိုဟာ ၂၀၁၅ ကနေ ၂၀၂၃ ခုနှစ် အထိ လစ်ဗာပူးလ် အတွက် ၃၆၂ ပွဲ ကစားပြီး ၁၁၁ ဂိုး သွင်းယူနိုင်ခဲ့ကာ မိုဆာလာ၊ မာနေး တို့နဲ့ အတွဲအဖက် ညီခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်