နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ထရော့ဆက်ဒ်ကို ပေါင်သန်း ၄၀ နဲ့ ခေါ်ယူချင်နေတဲ့ အဲလ်အစ်တီဟတ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ် ကတော့ အာဆင်နယ် တိုက်စစ် ကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကို ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ထရော့ဆက်ဒ်ဟာ အာဆင်နယ်မှာ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။ အဲလ်အစ်တီဟတ်ဟာ ထရော့ဆက်ဒ်ကို ပြီးခဲ့တဲ့ နွေရာသီကတည်းက အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးပြီး လက်ရှိမှာတော့ အရ ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အနေနဲ့ ထရော့ဆက်ဒ်ကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေပြီးတော့ အာဆင်နယ် ကလည်း လက်ခံစဉ်းစားဖွယ် ရှိနေတယ်လို့ ဗြိတိန် အခြေစိုက် Mirror သတင်းစာက ဖော်ပြခဲ့ထားခဲ့ပါတယ်။ အာဆင်နယ် အနေနဲ့ ထရော့ဆက်ဒ်ကို ရောင်းထုတ်ပြီးတော့ ဝက်စ်ဟမ်းရဲ့ အသက် ၂၄ နှစ် အရွယ် ဂါနာ လက်ရွေးစင် တောင်ပံကစားသမား မိုဟာမက် ကူဒုစ် ပေါင် သန်း ၉၀နဲ့ ခေါ်ယူသွားဖို့ ရည်ရွယ်နေကြောင်းလည်း Mirror က ဖော်ပြထားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမှုကို အာဆင်နယ် အနေနဲ့ သဘောတူသွားနိုင်ဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။
အာဆင်နယ် အတွက် နောက်ပိုင်း ပွဲစဉ်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ ထရော့ဆက်ဒ်

လက်ရှိမှာ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လီအန်ဒရို ထရော့ဆက်ဒ်ဟာ ဘယ်လ်ဂျီယံ ကလပ် ဂန့်မှာ စတင် တောက်ပခဲ့သူလည်း ဖြစ်ပါတယ်။ ဘယ်တောင်ပံ နေရာ သာမက တိုက်စစ် နေရာစုံမှာ ကစားနိုင်တဲ့ ထရော့ဆက်ဒ်က ဘရိုက်တန် မှာတော့ လူသိများလာခဲ့ပြီးတော့ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်တိုင်း ခြေစွမ်းပြ ဂိုးတွေ သွင်းယူနိုင်လေ့ ရှိသူ ဖြစ်ပါတယ်။ ထရော့ဆက်ဒ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာတော့ ပရီးမီးယားလိဂ် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီရာသီဝက်မှာတင်ပဲ ပြိုင်ပွဲစုံ ၂၂ ပွဲအထိ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ အဲဒီနောက် အာဆင်နယ် အတွက် ပြီးခဲ့တဲ့ ရာသီမှာတော့ ၄၆ ပွဲ ကစားကာ ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မှန်ဘီလူးလေးလို့ အာဆင်နယ် ပရိသတ်တွေ ချစ်စနိုး ခေါ်ဝေါ်ရတဲ့ အထိ ထရော့ဆက်ဒ်က ပရိသတ် အချစ်တော် ကစားသမား ဖြစ်ခဲ့ပြီး ဒီရာသီ မှာတော့ ပြိုင်ပွဲစုံ ၁၃ ပွဲ ကစားကာ ၂ ဂိုး သွင်းယူပေးထားပါတယ်။

အာဆင်နယ်ဟာ ထရော့ဆက်ဒ်ကို မခေါ်ယူခင်က ယူကရိန်း တောင်ပံကစားသမား မီခိုင်လို မူဒရစ်ခ်ကို အရင် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မူဒရစ်ခ်ကို ချဲလ်ဆီးက ဖြတ်ခေါ်သွားခဲ့တာကြောင့် အာဆင်နယ်က ထရော့ဆက်ဒ်ကို ပေါင် သန်း ၂၀ ကျော်နဲ့ ခေါ်ယူခဲ့ပြီး မှန်ကန်တဲ့ အပြောင်းအရွှေ့လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာမှုကို အာဆင်နယ် အနေနဲ့ သဘောတူသွားနိုင်ဖွယ် ရှိနေပြီလည်း ဖြစ်ပါတယ်။

ကစားသမား အနေနဲ့ ကတော့ ဥရောပမှာသာ သူ့ရဲ့ ကစားသမားဘဝကို ကျင်လည်ချင်နေသေးပုံရပြီး စာချုပ်သက်တမ်း ပြည့်ချိန်မှသာ အသင်း ပြောင်းရွှေ့ဖွယ်လည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်