နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကန်ဆယ်လိုကို ခေါ်ယူဖို့ မန်စီးတီးနဲ့ သဘောတူညီမှု ရထားတဲ့ အဲလ်ဟီလယ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် လက်ရှိ ချန်ပီယံ အဲလ်ဟီလယ် ကတော့ မန်ချက်စတာစီးတီးရဲ့ ပေါ်တူဂီ ညာနောက်ခံလူ ယာအို ကန်ဆယ်လိုကို ယူရို ၂၅ သန်းတန် ပက်ကေ့ချ်နဲ့ ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ အဲလ်ဟီလယ်နဲ့ မန်ချက်စတာစီးတီးတို့ အကြား နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားခဲ့ကြောင်းလည်း သိရပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ် အနေနဲ့ ကစားသမား ဖြစ်သူ ကန်ဆယ်လို နဲ့တော့ သဘောတူညီမှု မရရှိသေးဘူးလို့ သိရပါတယ်။ အဲလ်ဟီလယ် ဘက်က ကန်ဆယ်လို အတွက် တစ်ရာသီ လုပ်ခ အသားတင် ယူရို ၁၅ သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ အပြောင်းအရွှေ့ အထမြောက်ဖို့ အတွက် ကတော့ ကန်ဆယ်လို အပေါ် မှာသာ မူတည်နေကြောင်း သိရပါတယ်။

အစောပိုင်းမှာ ရရှိတဲ့ သတင်းတွေ အရ ဆိုရင် ကန်ဆယ်လိုဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကိုသာ အပြီးသတ် ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာက ကန်ဆယ်လို အတွက် မန်စီးတီး ဘက်က သတ်မှတ် ထားတဲ့ တန်ကြေး အတိုင်း ကမ်းလှမ်းမှု ပြုလုပ်ဖို့တော့ အခက်အခဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပေါ်တူဂီ ကစားသမားတွေ ဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ယာအို ဖီးလစ်တို့ကို အငှားစာချုပ်တွေနဲ့ ခေါ်ယူထားခဲ့ပေမယ့် ဒီကစားသမား ၂ ဦးစလုံးကို အပြီးသတ် ခေါ်ယူဖို့ ကတော့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရ ခက်ခဲနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာက ဘီလ်ဘာအိုရဲ့ စပိန် လက်ရွေးစင် တောင်ပံ ကြယ်ပွင့် နီကို ဝီလီယမ်စ်နဲ့ လိုက်ပ်ဇစ်က ဘာစီလိုနာဟာ စပိန် ကွင်းလယ် တိုက်စစ် ကစားသမား ဒန်နီ အော်လမိုကို ခေါ်ယူထားခဲ့သလို ယာအို ဖီးလစ် ကလည်း ချဲလ်ဆီးကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ 

တကယ်ဆိုရင် ကန်ဆယ်လိုရော၊ ဖီးလစ်ရောဟာ လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲချင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကန်ဆယ်လို အတွက် မန်စီးတီး ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ အထိ လိုချင်နေသလို နောက်တစ်ရာသီ ထပ်ပြီး အငှားချဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ကစားသမား ၃ ဦး ရောင်းချထားပြီး အဲ့ဒီ ကနေမှ ယူရို ၁၈ သန်းသာ ရရှိထားတာကြောင့် ထိပ်တန်း ကစားသမား တစ်ဦး ရောင်းချဖို့ လိုအပ်နေသလို ကန်ဆယ်လိုကို ခေါ်ယူဖို့ အတွက်လည်း လက်လျှော့ရနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာ ကန်ဆယ်လိုရဲ့ အခြေအနေက မန်စီးတီး ကိုလည်း ပြန်မသွားချင်သလို သူပြောင်းချင်တဲ့ အသင်း ကလည်း သူ့ကို ခေါ်ယူဖို့ ခက်ခဲနေတာကြောင့် ဆော်ဒီပရိုလိဂ် ကိုပဲ ရွေးချယ်ရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ဘင်ဖီကာ အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ လက်ရှိ အသက် ၃၀ အရွယ် ကန်ဆယ်လိုဟာ ဗလင်စီယာ၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ မန်ချက်စတာစီးတီး၊ ဘေယန်မြူးနစ်၊ ဘာစီလိုနာ အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ဦး ဖြစ်နေဆဲ ကန်ဆယ်လို အနေနဲ့ ပပ် ဂွာဒီယိုလာနဲ့ ပြန်ပြီး အဆင်ပြေဖို့ ရှိနေပေမယ့် အသင်းပြောင်းဖို့သာ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်