နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစဉ်အလာအရ မကြည့်ပဲ လက်ရှိခြေစွမ်းအရ စီးတီးဘက်မှာ ရပ်တည်ကြမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် vs မန်ချက်စတာစီးတီး

အခုတစ်ပတ် တနဂ်နွေနေ့ရဲ့ အစောဆုံး၊ အကောင်းဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အကြိုက်ပွဲစဉ် တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လက်ရှိရာသီမှာ ခြေစွမ်းအတက်အကျ မမှန်ဖြစ်တဲ့ မန်ချက်စတာမြို့ခံနှစ်သင်းရဲ့ တွေ့ဆုံမှု က အစဉ်အလာအတိုင်း ပြိုင်ဆိုင်မှု ခပ်ပြင်းပြင်းနဲ့ ပရိသတ်တွေကို စွဲဆောင်နိုင်ဦးမှာလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ ပူပူနွေးနွေး ချန်ပီယံလိဂ် အုပ်စု နောက်ဆုံး ပွဲစဉ်မှာ လိုက်ပ်ဇစ်ကို ရှုံးနိမ့်ခဲ့ပြီးတော့ လက်ရှိမှာ ယူရိုပါလိဂ်ကို ဆင်းခဲ့ရပြီ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် တို့ ချန်ပီယံလိဂ်မှာ ရလဒ်တွေ မကောင်းခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။ ပွဲစဉ် ၇ မှာ အာဆင်နယ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ် မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက တောက်လျောက် နိုင်ပွဲဆက်နေခဲ့တာ ဖြစ်ပြီး အဲဗာတန်၊ ဝက်စ်ဘရွန်း၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့ကို အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ လူထုတ်ပုံကို ကြည့်မယ်ဆိုရင်တစ်ပွဲမှန်လိုက် တစ်ပွဲမှားလိုက်နဲ့ အားရစရာမရှိတာ တွေ့ရပါတယ်။ အဆိုးဆုံးက အသင်းငယ်တွေနဲ့ ကစားရင် ခြေစွမ်းကောင်းနေသလောက် အသင်းကြီးတွေနဲ့ ကစားတဲ့အချိန်မှာဆိုရင် ခံစစ်ကစားသမားတွေ သိသိသာသာ အမှားများနေလို့ ဂိုးတွေ တောက်လျောက် ပေးနေရပြီး ရှုံးပွဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ဆိုးလ်ရှားရဲ့အသင်းက ဘယ်လောက်ပဲ ခြေစွမ်း ဆိုးရွားနေပါစေ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်နဲ့ တွေ့ရင် ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် အားစိုက် ကစားလေ့ရှိတာကြောင့် ဒီနှစ်မှာ ခြေပျက်နေတဲ့ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ အနိုင် ၃ မှတ် အတွက် မဖြစ်မနေ ကြိုးစားကြမယ့် သဘောမှာ ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်ပြီး ၂ ပွဲရှုံးထားပါတယ်။ တိုက်စစ်ကတော့ ရဂိုး ၁၃ ဂိုး ပေးဂိုး ၁၀ ဂိုးအထိ ရှိထားပါတယ်။

 
အဝေးကွင်းမှာ လာရောက်ကစားမယ့် မန်ချက်စတာစီးတီးရဲ့ လက်ရှိ ခြေစွမ်းပိုင်းကို ပြန်ကြည့်မယ် ဆိုရင် ပရီးမီးယားလိဂ်မှာ ခြေပြန်မှန်နေပြီး မန်ချက်စတာယူနိုက်တက် ထက်တော့ အားရစရာပိုကောင်းနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။ အားရစရာကောင်းတဲ့ နောက်ထပ်အချက် တစ်ချက်က အဲ့ဒီ ၅ ပွဲမှာ ပေးဂိုး လုံးဝ မရှိခဲ့တာ ဖြစ်ပြီး သွင်းဂိုး အနေနဲ့ကလည်း ၁၁ ဂိုး အထိ ရှိထားခဲ့ပါတယ်။ မန်ချက်စတာစီးတီး ဂိုးသမား အီဒါဆင် အနေနဲ့ ချန်ပီယံလိဂ်မှာ ၅ ပွဲဆက်တိုက် ဂိုးမပေးခဲ့ရတဲ့ ကစားသမားအဖြစ် စံချိန်တင်ထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ ဂျီးဆပ်စ်၊ စတာလင်၊ မားရက်ဇ်တို့ ခြေစွမ်းပြန်ပြနေပြီး ဖိုဒန်၊ ရိုဒရီ၊ ကီဗင် ဒီဘရိုင်းတို့ကလည်း အကောင်းဆုံး ပံ့ပိုးပေးနေလို့ ခြေစွမ်းအတက်အကျ မမှန်တဲ့ မန်ချက်စတာယူနိုက်တက်တို့ မလွယ်ကူနိုင်ပါဘူး။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နဲ့ ၇ နေရာမှာ အထက်အောက် ရပ်တည်နေတဲ့ အသင်း ၂ သင်းဖြစ်ပြီး အခုပွဲ ရလဒ်က ဇယားထိပ်ပိုင်းကို တက်လှမ်းနိုင်ဖို့ အထောက်အကူ ပြုမှာ ဖြစ်လို့ အနိုင် ၃ မှတ်အတွက် ကျိန်းသေပေါက် အားစိုက်ကစားလာကြမှာတော့ အသေအချာပါပဲ။

မန်ချက်စတာယူနိုက်တက်တို့ချန်ပီယံလိဂ်မှာရလဒ်တွေမကောင်းခဲ့ပေမယ့်ပရီးမီးယားလိဂ်မှာတော့နောက်ဆုံးကစားခဲ့တဲ့၄ပွဲဆက်တိုက်အနိုင်ရထားခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာရလဒ်တွေဆိုးရွားခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရလဒ်တွေကောင်းနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ အဓိက ပြိုင်ပွဲစုံ ၁၈၂ ပွဲ ထိပ်တိုက်တွေ့ဆုံထား ပြီး မန်ချက်စတာယူနိုက်တက်က ၇၆ ကြိမ်ထိအနိုင်ရထားပြီး စီးတီးကတော့ ၅၄ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာတော့ မန်ချက်စတာယူနိုက်တက်က နှစ်ကျော့စလုံးမှာ အနိုင်ရထားပါတယ်။ မနှစ်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မာစီရယ်၊ မက်တော်မီနေးတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး တော်တော်လေး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သလို ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာယူနိုက်တက် vs မန်ချက်စတာစီးတီး 1X2 မန်ချက်စတာစီးတီး @ ၁.၇၆ဆ
ဒီဇင်ဘာလ ၁၃ ရက်, ည ၁၂:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၁၀ ဆ၊ သရေအတွက် ၃.၉၀ဆနဲ့ ဧည့်သည် အသင်း အတွက် ၁.၇၆ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင် အဝေးကွင်းမှာ လာကစားရမယ့် မန်ချက်စတာစီးတီး ကတောင် အကျောပေးထားတာ တွေ့ရမှာပါ။ မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းနေပေမယ့် အထက်မှာ ပြောခဲ့သလိုပဲ အသင်းကြီးတွေ နဲ့တွေ့ရင် ခံစစ်ကစားသမားတွေ အမှားများတတ်လို့ မန်ချက်စတာစီးတီးတို့ ဒီအချက် ကို အကောင်းဆုံး အသုံးချနိုင်ဖို့ ကြိုးပမ်းလာမှာပါ။ ဘရူနိုဖာနန်ဒက်စ်နဲ့ ဒီဘရိုင်းရဲ့ အားပြိုင်ပွဲမှာ အဘက်ဘက်ကတောင့်တင်းနေတဲ့ မန်ချက်စတာစီးတီးပဲ အနိုင်ရသွားမယ် ထင်ပါတယ်။ အပြန်အလှန် ဂိုးသွင်းပြီး ၁-၂ လောက်နဲ့ မန်ချက်စတာစီးတီး အနိုင်ရသွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်