နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲမက်ဒရစ်တို့ ရလဒ်ဆိုးတွေကနေ ရုံးထွက်မယ့် ပွဲပါ – လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဗီလာရီးရဲ vs ရီးရဲမက်ဒရစ်

နိုင်ငံတကာ ဘောလုံးပွဲစဉ် အသီးသီး ကစားလို့ ပြီးဆုံးချိန် အခုတစ်ပတ် နိုဝင်ဘာလ ၂၁ ရက်နေ့ မှာတော့ ဥရော ထိပ်သီးလိဂ်ပွဲစဉ်တွေ ပြန်လည်ကစားဖို့ ရှိနေခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်တွေထဲကမှ စပိန်လာလီဂါရဲ့ ထိပ်သီးနှစ်သင်းတွေ့ဆုံမှု ဖြစ်တဲ့ ဗီလာရီးရဲယ်နဲ့ ရီးရယ်မက်ဒရစ်တို့ရဲ့ တွေ့ဆုံမှုကလည်း SBOTOP လာလီဂါ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။

 
လက်တလော လာလီဂါ ရဲ့ အဆင့် ၂ နေရာ မှာ ရပ်တည်နေတဲ့ ဗီလာရီးရဲယ်တို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအနိုင်ရပြီး ၁ ပွဲပဲ သရေကျထားတာ တွေ့ရပါတယ်။ နည်းပြ အူနိုင်းအန်မေရီ ကိုင်တွယ်နေတဲ့ ဗီလာရီးရဲလ်တို့ ဒီရာသီအစမှာ ပြုပြင်ပြောင်းလဲမှု တော်တော်များများ ပြုလုပ်ခဲ့တာ တွေ့ရပြီး ပြီးခဲ့တဲ့ ရာသီတွေထက်စာရင် ခြေစွမ်းပိုင်း ကောင်းမွန်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီရာသီမှာ ဘာစီလိုနာ တစ်သင်းတည်းကို ၄ ဂိုးပြတ် ရှုံးနိမ့်ထားတာကလွဲရင် ကျန်ပွဲစဉ်တွေ အကုန်လုံးမှာ ရှုံးပွဲလုံးဝ မရှိတာ တွေ့ရပြီး လာလီဂါရော ယူရိုပါလိဂ်မှာပါ ပုံစံကောင်းတစ်ခု ရရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၅ ပွဲကနေ ရမှတ် ၁၁ မှတ်အထိ ရရှိအောင် စုဆောင်းထားနိုင်ပြီး ဂီတာဖေး၊ ဗလင်စီယာ စတဲ့ အသင်းကောင်းတွေကိုတောင် အနိုင်ယူထားနိုင်တာ တွေ့ရပါတယ်။ တိုက်စစ်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲမှာ ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ခံစစ်ကလည်း ၁ ဂိုးသာ ပြန်ပေးထားခဲ့ရတာ တွေ့ရပါတယ်။ အသင်းရဲ့ တိုက်စစ်မှူး စပိန်တိုက်စစ်မှူး ဂျရတ် မိုရီနို ခြေစွမ်းပြနေတာ တွေ့ရပြီး အဲလ်ဖွန်ဆို၊ ပယ်ရီဂျို၊ အဲလ်ကာဆာ၊ ပေါင်တောရက်စ်၊ ဂျပန်မက်ဆီ ကူဘိုတို့လည်း ခြေစွမ်းပြနေတာ တွေ့ရပါတယ်။ တိုက်စစ်က မိုရီနို ၇ ပွဲကစားပြီး ၄ ဂိုးသွင်းထားသလို အဲလ်ကာဆာကလည်း ၉ ပွဲကစားပြီး ၅ ဂိုးအထိ သွင်းယူထားနိုင်တာ တွေ့ရပါတယ်။

ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ်တို့ လက်တလော လာလီဂါ မှာတော့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ ပွဲရှုံးထားတာ တွေ့ရပြီး
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးထားတဲ့ ရီးရဲမက်ဒရစ်

 
လာလီဂါ ဘီလူးကြီး ရီးရဲယ်မက်ဒရစ် ကတော့ ဒီရာသီမှာ ကစားသမားသစ် ခေါ်ယူဖို့အတွက် ငွေကြေးလုံးဝ သုံးစွဲထားခြင်း မရှိလို့ ရှိတဲ့ လူစာရင်းနဲ့ အကောင်းဆုံးပုံစံ ရရှိဖို့ နည်းပြ ဇီဒန်းအနေနဲ့ အတတ်နိုင်ဆုံး အားထုတ်နေရပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲရှုံးပြီး၊ ၁ ပွဲ သရေကျထားပြီးတော့ ဗလင်စီယာ နဲ့ပွဲစဉ်မှာတော့ အဝေးကွင်းမှာ ၄-၁ နဲ့ ဂိုးပြတ် ရှုံးနိမ့်ထားလို့ တော်တော်လေး ဝေဖန်ခံနေရပါတယ်။ ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ်တို့ လက်တလော လာလီဂါ မှာတော့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ ပွဲရှုံးထားတာ တွေ့ရပြီး ဗလင်စီယာကို ရှုံးနိမ့်ခဲ့တာ လက်ခံလို့ ရနိုင်သေး ပေမယ့် တန်းတက် ကာဒစ်ဇ် လို အသင်းကို အိမ်ကွင်းမှာ ရှံးနိမ့်ခဲ့တာ ကတော့ တော်တော်လေးကို ခြေစွမ်းကျဆင်းနေတယ် လို့ ဆိုရမှာပါ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဗီလာရီးရဲယ် နဲ့ ရီးရဲယ်မက်ဒရစ်တို့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၁၈ကြိမ်မှာ ရီးရဲမက်ဒရစ်က ၉ ကြိမ်အနိုင်ရပြီး ဗီလာရီးရဲယ်က ၂ ကြိမ်ပဲ အနိုင်ရထားတာတွေ့ရပါတယ်။ သရေပွဲကတော့ ၇ ပွဲအထိ ရှိထားပြီး ပြီးခဲ့တဲ့ ရာသီက တွေ့ဆုံမှု နှစ်ကြိမ်မှာတော့ ဗီလာရီးရဲယ်ကွင်းမှာ တစ်ဖက် ၂ ဂိုးစီသရေကျခဲ့ပြီး ဘာနေဗျူး မှာတော့ ၂-၁ နဲ့ ရီးရဲယ်တို့ အနိုင်ရ ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဗီလာရီးရဲ vs ရီးရဲယ်မက်ဒရစ် 1X2 ရီးရဲယ်မက်ဒရစ် @ ၂.၄၉
နိုဝင်ဘာလ ၂၁ ရက်, ည ၉:၄၅ နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၇၂ ဆ၊ ဧည့်သည်အသင်းအတွက်က ၂.၄၉ ဆနဲ့ သရေအတွက် ၃.၃၅ ဆ ကြေးဖွင့်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်းအရ ဗီလာရီးရဲဘ်တို့ ရီးရဲယ်မက်ဒရစ် ပိုပြီး ခြေစွမ်းတည်ငြိမ်နေတယ်ဆိုပေမယ့် အစဉ်အလာအရတော့ မက်ဒရစ်ကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သေးပါဘူး။ ရီးရဲမက်ဒရစ်မှာ နောက်ခံလူ ရာမို့စ် ပါဝင်လာနိုင်ခြင်း ရှိမရှိဆိုတာ မသေချာသေးလို့ နောက်တန်းက စိတ်မချရပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ဖို့ အနိုင်ကစားပါလိမ့် မယ်။ ရီးရဲယ်မက်ဒရစ်တို့ ကပ်နိုင်သွားမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်