နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ဒီရဲ့ ပွဲပြီးခါနီး သွင်းဂိုးနဲ့ အတ္တလန်တာကို အနိုင်ရခဲ့တဲ့ ရီးရဲယ်မက်ဒရစ် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

အတ္တလန်တာ၀ – ၁ ရီးရဲယ်မက်ဒရစ်

ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ်တို့ အတ္တလန်တာကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ခြေစွမ်းမတည်မငြိမ် ဖြစ်နေတဲ့ ရီးရဲယ်မက်ဒရစ်တို့ အခုပွဲမှာတော့ အကောင်းဆုံး ပုံစံတစ်ခု ပြန်ရခဲ့ပြီး ဖာလန်းမန်ဒီရဲ့ သွင်းဂိုး တစ်ဂိုးက အနိုင်ရရှိဖို့ အတွက် လုံလောက်ခဲ့ပါတယ်။

 
အိမ်ရှင် အတ္တလန်တာ အသင်းဘက်မှာ ဇာပါတာ၊ မူရီရယ်၊ ပက်ဆီနာ၊ ဒီရွန်၊ ဖရီအူလာ၊ တိုလွိုင်း၊ ရိုမဲရိုး တို့လို အဓိက ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ဧည့်သည် ရီးရဲယ်မက်ဒရစ် အသင်းဘက်မှာတော့ တိုက်စစ်က ဗင်နီးဆီးယပ်စ် ဂျူနီယာ၊ အစ်စကို၊ အက်ဆန်ဆီရို၊ ကွင်းလယ်မှာ တိုနီခရူးစ်၊ ကတ်ဆီမီယို၊ မိုဒရစ်၊ နောက်တန်းမှာ ဖာလန်းမန်ဒီ၊ ဖာနန်ဒက်စ်၊ ဗာရန်း၊ လူးကပ်စ်ဗက်စကွက်စ်၊ ကော့တွိုက်စ်တို့ ပါဝင်လာခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲယ်မက်ဒရစ်တို့ အဝေးကွင်းမှာ လာရောက်ကစားခဲ့ရပေမယ့် အတ္တလန်တာကို တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ရီးရဲယ်မက်ဒရစ်ရဲ့ တစ်ဖက်သတ်ဖိအားပေးမှုကို မခံနိုင်တော့တဲ့ အတ္တလန်တာတို့ ပွဲချိန် ၁၇ မိနစ်မှာတော့ ကွင်းလယ်က အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဖရီအူလာ အနီကတ်ပစ်ဒဏ်ထိခဲ့ပြီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ချက်ချင်းဆိုသလို ခံစစ်ကစားပုံပြောင်းလဲခဲ့တဲ့ အတ္တလန်တာတို့ကြောင့် ရီးရဲယ်မက်ဒရစ်တို့ အခက်တွေ့ခဲ့ပြီးအရေးပါတဲ့ သွင်းဂိုးတွေတော့ သွင်းယူနိုင်ခဲ့ခြင်းမရှိလို့ ၈၅ မိနစ်လောက်အထိ ရုန်းကန်နေခဲ့ရပါတယ်။ ဒါပေမယ့် ၈၆ မိနစ်မှာတော့ လူကာမိုဒရစ်ရဲ့ ပံ့ပိုးမှုကနေ ဖာလန်းမန်ဒီက ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး အနိုင်ဂိုး သွင်းယူပေးခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ပွဲအပြီးမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

အတ္တလန်တာကတော့ဒုတိယအကျော့ကိုမျှော်လင့်လို့ရသေးတယ်ဆိုပေမယ့်အခုနှစ်ချန်ပီယံလိဂ်ခရီးကတော့ဒီမှာတင်ပဲရပ်တန့်ဖို့များသွားခဲ့ပါတယ်။
အခုနှစ် စီးရီးအေမှာ ရုန်းကန်နေရတဲ့ အတ္တလန်တာ

 

ပွဲပြီးသုံးသပ်ချက်

အတ္တလန်တာ ကွင်းလယ်က ဖရီအူလာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာ အခုပွဲမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါတယ်။ အတ္တလန်တာတို့ ခြေစွမ်းမကောင်းတဲ့ ရီးရဲယ်မက်ဒရစ်ကို အိမ်ကွင်းမှာ အကောင်းဆုံး အလဲထိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် တစ်ယောက်လျော့နဲ့ ဘယ်လိုမှမစွမ်းသာတော့ပဲ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ အနေနဲ့ အဝေးဂိုး အားသာချက်လည်း ရှိခဲ့ပြီဖြစ်လို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းခဲ့ပါပြီ။ အတ္တလန်တာ ကတော့ ဒုတိယအကျော့ကို မျှော်လင့်လို့ရသေးတယ်ဆိုပေမယ့် အခုနှစ် ချန်ပီယံလိဂ် ခရီးကတော့ ဒီမှာတင်ပဲ ရပ်တန့်ဖို့ များသွားခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အတ္တလန်တာတို့ လာမယ့်ရက်မှာ ဆမ်ဒိုးရီးယားနဲ့ စီးရီးအေ ပွဲစဉ်ကစားဖို့ရှိနေပြီး ရီးရဲယ်မက်ဒရစ်ကတော့ ရီးရဲယ်ဆိုစီဒက်နဲ့ လာလီဂါပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်