နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ထိုက်တန်တဲ့ခြေစွမ်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ လိုက်ပ်ဇစ်

အက်သလက်တီကို မက်ဒရစ် ၁-၂ ရေဇန်ဘောလ်စပေါ့ လိုက်ပ်ဇစ်

ဒီနေ့မနက် အစောပိုင်းက ကစားသွားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် နဲ့ ရေဇန်ဘောလ်စပေါ့လိုက်ပ်ဇစ်တို့ရဲ့ ပွဲစဉ်မှာ ဂျာမန်ကလပ်ရဲ့ မထင်မှတ်ထားတဲ့ ခြေစွမ်းကြောင့် နာမည်ကြီး အက်သလက်တီကိုမက်ဒရစ်တို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။

လိုက်ပ်ဇစ်ဟာ ၂၀၀၉ခုနှစ်ကမှ စတင်တည်ထောင်တဲ့ အသင်းဖြစ်ပြီး ၈နှစ်အတွင်း ဂျာမန်ဘွန်ဒက်စ်လီဂါအထိ တန်းတက်လာနိုင်တဲ့အပြင် ထိပ်တန်းအသင်းကြီးစာရင်း၀င်ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ကို ဒုတိယအကြိမ်မြောက် ကစားခွင့်ရခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်သွားခဲ့ပါပြီ။ ဟော့ဖန်ဟိန်းအသင်းကို ထိပ်တန်းအဆင့် ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့လူငယ်နည်းပြ နေဂဲလ်စ်မန်းကိုင်တွယ်နေတာ ကြောင့်လည်း လိုက်ပ်ဇစ်တို့ ဒီအခြေအနေထိရောက်ရှိလာတာပါ။ လိုက်ပ်ဇစ်တို့ ၁၆သင်းအဆင့်မှာ စပါးလိုအသင်းကို ဂိုးပြတ်အနိုင်ယူပြီး ကျော်ဖြတ်လာခဲ့ပေမယ့် ဒီအဆင့်မှာတော့ အက်သလက်တီကိုမက်ဒရစ်ကို ယှဉ်နိုင်မယ်လို့ ဘယ်သူမှမထင်ခဲ့ကြပါဘူး။ အက်သလက်တီကိုမက်ဒရစ်ကတော့ ဥရောပပြိုင်ပွဲတွေနဲ့ ဝေးကွာနေတာအပြင် ကိုဗစ်ရောဂါကြောင့် ကစားသမားတွေ ကြံ့ခိုင်မှု အပြည့်ရလို့ ရှုံးနိမ့်ခဲ့တာလို့ နည်းပြဆီမြွန်နီက ဖြေရှင်းထားခဲ့ပါတယ်။ ၂၀၁၄၊၂၀၁၆၊၂၀၁၇ ခုနှစ်တွေမှာ ချန်ပီယံလိဂ် ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တို့ ရောက်ရှိခဲ့ဖူးတဲ့ အက်သလက်တီကို မက်ဒရစ်တို့ ဒီနှစ်မှာ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြန်ပါတယ်။
 

အထင်ကရအချက်အလက်များ

၂၀၁၄၊၂၀၁၆၊၂၀၁၇ ခုနှစ်တွေမှာ ချန်ပီယံလိဂ် ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တို့ ရောက်ရှိခဲ့ဖူးတဲ့ အက်သလက်တီကို မက်ဒရစ်
အဓိကကစားသမားတွေ ခြေစွမ်းမပြနိုင်ခဲ့လို့ ကွာတားဖိုင်နယ်အဆင့်နဲ့ပဲကျေနပ်ခဲ့ရတဲ့ အက်သလက်တီကိုမက်‌ဒရစ်

ပွဲစကတည်းက အက်သလက်တီကိုတို့ အခြေအနေမဟန်ဘူးဆိုတာ သိသာနေပါတယ်။ အက်သလက်တီကို တစ်သင်းလုံးလေးလံနေခဲ့ပြီး ခံစစ်က လိုက်ပ်ဇစ်အသင်းရဲ့ ထိုးဖောက်မှုတချို့ကို ဖြေရှင်းနေရသလို တိုက်စစ်မှူး ဒီယေဂိုကော်စတာ ခြေမပေါ်ခဲ့သလို့ တောင်ပံက ကာရက်စ်ကိုကလည်း အဆုံးသတ်ပိုင်းလိုအပ်ချက်တွေရှိနေခဲ့ပါတယ်။ နေဂဲလ်စ်မန်းရဲ့ အနေနဲ့ အသင်းသားတွေကို ခပ်ကြမ်းကြမ်းကစားစေခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ကို ကစားကွက်တည်မရအောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီအချက်ကလည်း လိုက်ပ်ဇ်တို့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးဖြစ်စေခဲ့ပါတယ်။ ပွဲကစားချိန် မိနစ်၅၀မှာ ဆဘစ်ဇာရဲ့ ဖြတ်‌တင်ပေးပို့မှုကတစ်ဆင့် အိုလ်မိုက ခေါင်းတိုက်အဆုံးသတ်ပြီး လိုက်ပ်ဇစ်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ၇၁မိနစ်အရောက်မှာတော့ အက်သလက်တီကို မက်ဒရစ်က ပေါင် ၁၁၃သန်းတန် ဂျာအိုဖီးလစ်ကို ပင်နယ်တီဧရိယာထဲမှာ ဆွဲလှဲမိလို့ ပင်နယ်တီပေးခဲ့ရပြီး ဂျာအိုဖီးလစ်ကပဲ အဆုံးသတ်ပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။ အနိုင်ဂိုးရရှိရေးအတွက် လက်ကျန်ပွဲချိန်တွေမှာ အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး မိနစ် ၉၀ပြည့်ခါနီးမှာ တန်ပြန်တိုက်စစ်ကတစ်ဆင့် လိုက်ပ်ဇစ်တို့ ဂိုးရသွားခဲ့ပါတယ်။ တောင်ပံက အိန်ဂျယ်လီနို ခင်းပေးတဲ့ ဘောလုံးကို လူစား၀င်ကစားသမား တိုင်လာအဒမ်က အပြင်းကန်သွင်းရာမှာ အက်သလက်တီကို နောက်ခံလူ ဆာဗစ်နဲ့ထိပြီး လမ်းကြောင်းပြောင်း၀င်သွားခဲ့လို့ အိုဘလက်ခ်လည်း ဘယ်လိုမှမတတ်နိုင်ပဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။လက်ကျန်မိနစ်တွေမှာ အက်သလက်တီကိုတို့ ချေပဂိုးရရေး အားထုတ်ခဲ့ပေမယ့် လိုက်ပ်ဇစ်တို့ အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့လို့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဆီမီးဖိုင်နယ်မှာတော့ လိုက်ပ်ဇစ်တို့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေလို့ ခက်ခဲဦးမှာပါ။ အက်သလက်တီကို မက်ဒရစ်ကတော့ ကစားသမားတွေကို အနားပေးပြီး လာမယ့်ရာသီသစ်အတွက် စပြီးပြင်ဆင်တော့မယ်လို့ နည်းပြဆီမြွန်နီကပွဲပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားသွားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်