ပီအက်စ်ဂျီ ၁ – ၁ ဘာစီလိုနာ
ယနေ့မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီတို့ ဘာစီလိုနာကို အိမ်ကွင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေကစားပြီး နှစ်ကျော့ပေါင်း ရလဒ် ၅-၂ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။ ပီအက်စ်ဂျီတို့ ပထမအကျော့တုန်းက ဘာစီလိုနာကို ပေါ့ပေါ့ပါးပါး ကစားနိုင်ခဲ့သလိုပဲ ဒုတိယအကျော့မှာလည်း သက်တောင့်သက်သာ ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒီနေ့ပွဲမှာ ပီအက်စ်ဂျီတို့ တိုက်စစ်က နေမာ၊ မွိုက်စ်ကိန်းတို့ ဒဏ်ရာရရှိနေလို့ အီကာဒီကို အထောင်ထားပြီး ကွင်းလယ်မှာ ဒရက်စ်လာ၊ ဗာရက်တီ၊ အမ်ဘာပေး၊ ပယ်ရီဒက်စ်၊ ဂူရီ၊ နောက်တန်းမှာ ဖလော်ရန်ဇီ၊ မာကွင်ဟိုစ်၊ ကင်ဘမ်ပေ၊ ကူဇာဝါ၊ နားဗက်စ်တို့နဲ့ ပွဲထွက်လာပါတယ်။ ဘာစီလိုနာ ဘက်မှာတော့ အားထားရတဲ့ အူစမန်နီ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်း၊ မက်ဆီ တို့အပြင် ဒီယောင်၊ အဲလ်ဘာ၊ ဘူးစကွက်၊ စတီဂန်တို့ ပါဝင်လာခဲ့ပါတယ်။ ပထမအကျော့မှာ ကတည်းက ၁-၄ ရလဒ်နဲ့ ဘာစီလိုနာတို့ အရေးနိမ့်ထားပြီး ဖြစ်လို့ အခုပွဲမှာ ၄ ဂိုးပြတ်အနိုင်ရမှ နောက်တစ်ဆင့် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာ တို့ ပွဲစတာနဲ့ တိုက်စစ်ဖွင့် ကစားခဲ့ပေမယ့် ပီအက်စ်ဂျီ နောက်တန်းက မာကွင်ဟို၊ ဖလော်ရန်ဇီတို့ရဲ့ တားဆီးမှုတွေ အပြင် ဂိုးသမား နားဗက်စ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် ဘာစီလိုနာတို့ ပိုချက်တီနိုရဲ့ အသင်းကို ဘယ်လိုမှ မကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးတွေ မဖြစ်မနေ လိုအပ်နေခဲ့တဲ့ ဘာကာတို့ ဘောလုံးပိုင်ဆိုင်မှု သိသိသာသာ အသာစီးရယူနိုင်ခဲ့ပြီး ကွင်းတစ်ဝက်အထိ ဖိကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဘာစီလိုနာ တိုက်စစ်က အူစမန်နီ ဒမ်ဘီလီရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုတွေ ကြောင့် ဘာစီလိုနာတို့ နစ်နာခဲ့ရပြီး ပီအက်စ်ဂျီကတော့ တန်ပြန်တိုက်စစ်ကိုပဲ အဓိကထား ကစားခဲ့ရပါတယ်။ ဒါပေမယ့် မိနစ် ၃၀ လောက်မှာတော့ ဂိုးရဖို့ သည်းကြီးမဲကြီး ကစားနေတဲ့ ဘာစီလိုနာတို့ ပီအက်စ်ဂျီကို ပင်နယ်တီပေးခဲ့ရပါတယ်။ အဲ့ဒီပင်နယ်တီကိုတော့ တိုက်စစ်က ကီလီယန် အန်ဘာပေးက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ပီအက်စ်ဂျီတို့ သက်တောင့်သက်သာ ဆက်ပြီး ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ၆ မိနစ်အကြာမှာ ဘာစီလိုနာ တို့ ချေပဂိုး ပြန်ရခဲ့ပြီး အသင်းခေါင်းဆောင် မက်ဆီက ဂိုးဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲအတွက် အလှည့်အပြောင်း ဖြစ်စေနိုင်မယ့် သွင်းဂိုးကို ဘာစီလိုနာတို့ ပထမပိုင်း ပြီးခါနီး နာကျင်အချိန်ပိုမှာ ရရှိခဲ့ပါတယ်။ ဘာစီလိုနာတို့ ပင်နယ်တီ ရရှိခဲ့တာ ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ တိုက်စစ်မှူး မက်ဆီရဲ့ ကန်ချက်ကို ဂိုးသမား နားဗက်စ်က ကာကွယ်သွားနိုင်ခဲ့တာကြောင့် ဘာစီလိုနာတို့ စိတ်ဓာတ်ကျခဲ့ရပါတယ်။ လက်ကျန် မိနစ်တွေမှာ ဘာစီလိုနာတို့ ဂိုးတွေ ရရှိဖို့ ပီအက်စ်ဂျီကို ဖိအားပေးနိုင်ခဲ့တာ ကလွဲရင် ဘာဆိုဘာမှ မတတ်နိုင်တော့ပဲ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့လို့ ဒီအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။
ပွဲပြီးသုံးသပ်ချက်
ပီအက်စ်ဂျီတို့ အခုပွဲမှာလည်း ခြေစွမ်းမတည်ငြိမ်တဲ့ ဘာစီလိုနာကို ပါးပါးနပ်နပ်နဲ့ ကစားပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်ကို သက်တောင့်သက်သာ တက်ရောက်သွားခဲ့ပါတယ်။ ဘာစီလိုနာကတော့ ၂၀၀၄ ကတည်းက ၁၃ ရာသီဆက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ခဲ့ပေမယ့် အခုရာသီမှာတော့ စောစောစီးစီး လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ နောက်ပြီးတော့ ၂၀၀၄-၂၀၀၅ ရာသီနောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ရော်နယ်ဒိုရော မက်ဆီပါ ကွာတားဖိုင်နယ် ကို မပါတော့တဲ့ ချန်ပီယံလိဂ် ကို ပရိသတ်တွေ ကြည့်ရှုရတော့မှာလည်း ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.