နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

MNM တိုက်စစ် အတွဲအဖက်နဲ့ ချန်ပီယံလိဂ် အိမ်မက်ကို အသက်သွင်းမယ့် ပါရီကလပ်

ဘာစီလိုနာ အတွက် နှစ်ပေါင်း ၂၀ လောက် သစ္စာရှိရှိ ပေးဆပ် ကစားခဲ့တဲ့ မက်ဆီ ကတော့ မထင်မှတ်တဲ့ အခြေအနေ တွေကြောင့် ကတ်တလန်မြေကို စွန့်ခွာပြီး အသင်းသစ်ကို ရောက်ရှိသွားခဲ့ပါပြီ။ ဒီကစားသမားကို ရက်ပိုင်း အတွင်း အလွတ် ပြောင်းရွှေ့ကြေးနဲ့ အရ ခေါ်ယူနိုင်ခဲ့တဲ့ အသင်း ကတော့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီပဲ ဖြစ်ပါတယ်။ ဒီတော့ မက်ဆီ ရောက်ရှိလာခြင်းက ပီအက်စ်ဂျီ အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ လက်ရှိ အကောင်းဆုံး စုဖွဲ့မှုနဲ့ အတူ အဓိက ရည်မှန်းချက် ဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ် အောင်မြင်မှု ကိုရော အမှန်တကယ် ရယူ သွားနိုင်မလား ဆိုတာ စိတ်ဝင်စားပါပဲ။

ပီအက်စ်ဂျီရဲ့ အခုနှစ် နွေရာသီ အပြောင်းအရွှ့ ဈေးကွက်မှာ ကစားသမား ခေါ်ယူမှုကတော့ တကယ့်ကို ကျေနပ်စရာ ကောင်းလွန်းပါတယ်။ အစောပိုင်းမှာ အသင်း အတွက် ဆာဂျီယို ရာမို့စ်၊ ဝိုင်ဂျ်နယ်ဒမ်၊ ဒွန်နာရူးမား၊ ဟာကီမီ တို့လို အရည်အသွေးမြင့် ကစားသမားတွေနဲ့ ဖြည့်တင်းထားတဲ့ အပြင် မက်ဆီ ကိုမှ အရ ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ပီအက်စ်ဂျီ တို့ စိတ်ကူး အိမ်မက် တွေကို လက်တွေ့ အကောင်အထည် ဖော်ထားနိုင်ပြီးလို့ပဲ ပြောရပါမယ်။
 

 
အားရစရာ အကောင်းဆုံး အချက်က ပီအက်စ်ဂျီတို့ ဒီရာသီမှာ ခေါ်ယူခဲ့တဲ့ ကစားသမား ၅ ဦးမှာ ဟာကီမီ တစ်ဦးတည်း အတွက်ပဲ ပြောင်းရွှေ့ကြေး ပေးချေခဲ့ရပြီး ဝိုင်ဂျ်နယ်ဒမ်၊ ရာမို့စ်၊ ဒွန်နာရူမာ၊ မက်ဆီ တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အတန်ဆုံးကတော့ ဒွန်နာရူးမား ဖြစ်ပါတယ်။ အသက် ၂၂ နှစ်သာ ရှိသေးသလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အဖြစ် သတ်မှတ်ခံထားရတဲ့ အီတလီသား အတွက် ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ မကုန်ပဲ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးရင်တော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်လာတဲ့ မက်ဆီကို လက်ဦးမှု ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မက်ဆီ ကိုတော့ လက်မှတ်ထိုးခ ပေါင် ၂၅ သန်းပေးချေခဲ့ရပြီး တစ်နှစ်လုပ်ခ ယူရို ၂၅ သန်းနဲ့ ၂ နှစ် စာချုပ် ကိုမှ ၁ နှစ် သက်တမ်းတိုးခွင့် အချက်ပါ ထည့်သွင်းချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ ကစားသမားဘဝ ပထမဦးဆုံး ကျောနံပါတ် ဖြစ်တဲ့ နံပါတ်(၃၀) ကို ဝတ်ဆင်ကစားရမှာ ဖြစ်ပါတယ်။
 

မက်ဆီကြောင့် အကျိုးသက်ရောက်မှုများ

သေချာတာက စီးပွားရေးအရ အရင်ဆုံး အကျိုး ရှိပါလိမ့်မယ်။ ဂျူဗင်တပ်စ်တို့ ရော်နယ်ဒိုကို ခေါ်ယူခဲ့စဉ်က ဂျာဆီ ရောင်းချတာ ပြန်ရတဲ့ ဝင်ငွေ၊ ရုပ်သံ ကြော်ငြာ ဝင်ငွေတွေ နဲ့တင်ပဲ အရင်းကြေခဲ့တယ် ဆိုတာ သိကြပြီး ဖြစ်မှာပါ။ ဒီလိုပါပဲ။ မက်ဆီ ရောက်ရှိလာခြင်းကြောင့် ပီအက်စ်ဂျီ အတွက် သာမက ပြင်သစ် လီဂူးဝမ်း အတွက်ပါ အကျိုးရှိပါတယ်။ လူစိတ်ဝင်စားမှု နည်းတဲ့ လီဂူးဝမ်း အနေနဲ့ အထူးတလည် Promote လုပ်နေစရာ မလိုတော့တဲ့ အပြင် မက်ဆီရဲ့ ပရိသတ်တွေကြောင့် ကျိန်းသေပေါက် ကြည့်ရှုသူ ဦးရေ တက်လာမှာ ဖြစ်သလို ရုပ်သံ ဝင်ငွေလည်း တိုးလာဖို့ပဲရှိပါတယ်။

နောက်တစ်ချက်က မက်ဆီရဲ့ အရှိန်အဝါနဲ့ လွှမ်းမိုးမှု ဖြစ်ပါတယ်။ ဘာစီလိုနာ မှာထဲက အတွဲမိပြီးသား နေမာ အပြင် အာဂျင်တီးနား အသင်းဖော်တွေ ဖြစ်တဲ့ ပယ်ရီဒက်စ်၊ ဒီမာရီယာ၊ အီကာဒီ တို့လည်း ရှိနေလို့ မက်ဆီ အတွက် အသားကျဖို့ မခက်ပါဘူး။ ဒါ့အပြင် မက်ဆီဟာ အန်ဘာပေး အပါအဝင် လူငယ်ကစားသမားတွေ အတွက် ရှေ့ဆောင် လမ်းပြကောင်း ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး အနည်းငယ် စိတ်ကြီးဝင်နေ သယောင် ရှိတဲ့ အန်ဘာပေး ကိုလည်း မက်ဆီရဲ့ ကြိုးစားမှု၊ စိတ်ဓာတ်၊ အရှိန်အဝါတွေက အချိန်မီ လမ်းမှန်ပေါ် ပြန်ရောက်စေနိုင်ပါတယ်။ ခေါင်းဆောင်မှု စွမ်းရည် အပြည့်ရှိတဲ့ ဆာဂျီယို ရာမို့စ်ကြောင့် တစ်သင်းလုံးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်တက်လာပြီး နိုင်လိုစိတ်လည်း ပြင်းထန်လာ နိုင်ပါတယ်။

ပီအက်စ်ဂျီ အသင်း ပိုင်ရှင်တွေရဲ့ အဓိက ရည်ရွယ်ချက်က အားလုံး သိကြတဲ့ အတိုင်း ဥရောပ ချန်ပီယံလိဂ် အောင်မြင်မှု ဖြစ်ပါတယ်။
အခုနှစ်ရာသီမှာ ကစားသမားကောင်းတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တဲ့ ပီအက်စ်ဂျီ

နောက်ဆုံး ကတော့ အသင်းရဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ မက်ဆီဟာ တစ်ကိုယ်တော် စွမ်းဆောင်ရည် ကောင်းသလို အသင်းလိုက် ကစားပုံလည်း ကောင်းပါတယ်။ ကိုယ်တိုင် ဂိုးသွင်းနိုင် သလို တစ်ကိုယ်ကောင်း မဆန်ပဲ ဖန်တီး ပေးနိုင်သူလည်း ဖြစ်လို့ အနာဂတ်မှာ ပီအက်စ်ဂျီရဲ့ နိုင်ပွဲတွေ၊ အောင်မြင်မှု အတွက် မက်ဆီဟာ အဓိက သော့ချက် ဖြစ်လာပါလိမ့်မယ်။ မက်ဆီဟာ အသင်း တစ်သင်း အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ဆိုတာ ဘာစီလိုနာနဲ့ ဖြတ်သန်းမှုက အကောင်းဆုံး သက်သေပါပဲ။ လက်ရှိ အနေအထားအရ ဆိုရင် မက်ဆီ ဦးဆောင်လာမယ့် ပီအက်စ်ဂျီ အသင်းက ပြည်တွင်း ဆုဖလား အောင်မြင်မှု အပြင် ချန်ပီယံလိဂ် အောင်မြင်မှု ရဖို့တောင် မခက်ခဲနိုင်ပါဘူး။
 

MNM အတွဲအဖက်နဲ့ အတောင့်တင်းဆုံး လူစာရင်း

တစ်ချိန်က ဘန်ဇီမာ-ဘေးလ်-ခရစ္စတီယာနို (BBC) နဲ့ မက်ဆီ-ဆွာရက်ဇ်-နေမာ (MSN) တိုက်စစ် အတွဲတွေ တစ်ခေတ် ဆန်းခဲ့ပြီး တကယ်တမ်းလည်း BBCနဲ့ MSN ကြောင့်ပဲ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ဆုဖလား အောင်မြင်မှုတွေ တသီတတန်းကြီး ရခဲ့ကြပါတယ်။ အခုတော့ မက်ဆီ-နေမာ-အန်ဘာပေး (MNM) ဆိုတဲ့ တိုက်စစ် အတွဲအဖက်ကို ပီအက်စ်ဂျီတို့ ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်လို့ ပိုချက်တီနိုရဲ့ နည်းစနစ်အောက်မှာ ဘယ်လောက်အထိ တောက်ပနိုင်မလဲ ဆိုတာတော့ မကြာခင်မှာ အဖြေ ပေါ်ပါလိမ့်မယ်။ ဒါပဲလား ဆိုတော့ မဟုတ်ပါဘူး။ လက်ရှိ ပီအက်စ်ဂျီရဲ့ စုဖွဲ့မှုကို ပြန်ကြည့်ရင် တကယ့်ကို ပြိုင်ဘက်တိုင်း အတွက် စိုးရိမ်စရာပါ။ လူစာရင်း အရ ဂိုးမှာ ဒွန်နာရူးမား၊ နားဗက်စ်၊ နောက်တန်းမှာ ရာမို့စ်၊ ကင်ဘမ်ပီ၊ ဒိုင်ယာလို၊ ဟာကီမီ၊ ကွင်းလယ်မှာ ပရဲရား၊ ဝိုင်ဂျ်နယ်ဒယ်၊ ဟာရဲရား၊ ရာဖင်ညာ၊ ဒရက်စ်လာ၊ ဗာရက်တီ၊ ပယ်ရီဒက်စ်၊ ဂူရီ၊ တောင်ပံနဲ့ တိုက်စစ် မှာ မက်ဆီ၊ နေမာ၊ အန်ဘာပေး အပြင် ဒီမာရီယာ၊ အီကာဒီ၊ ဆာရာဘီယာတို့ ရှိနေပါတယ်။ အဓိက ကစားသမားရော၊ အရန်အင်အားပါ တောင့်တင်းနေတဲ့ ပြင်သစ် ထိပ်သီးတို့ ဘာမဆို မျှော်လင့်လို့ရပြီး နည်းပြ ပိုချက်တီနို အနေနဲ့ အကောင်းဆုံး ရွေးချယ်တတ်ဖို့ပဲ လိုအပ်ပါတော့တယ်။
 

အကောင်းဆုံး စုဖွဲ့မှုနဲ့ အမြင့်ဆုံး အောင်မြင်မှုဆီသို့

ပီအက်စ်ဂျီ အသင်း ပိုင်ရှင်တွေရဲ့ အဓိက ရည်ရွယ်ချက်က အားလုံး သိကြတဲ့ အတိုင်း ဥရောပ ချန်ပီယံလိဂ် အောင်မြင်မှု ဖြစ်ပါတယ်။ အရင်ခေတ်က အောင်မြင်မှုကို ငွေကြေးနဲ့ ဝယ်ယူခြင်း ဆိုတဲ့ ကိစ္စဟာ သိပ်ပြီး ဘဝင်ကျစရာ မဟုတ်ခဲ့ပေမယ့် အားလုံး သိကြတဲ့ အတိုင်း ဒီနေ့ အချိန်အခါမှာ ငွေကြေးမပါပဲ ကြိုးစား အားထုတ်မှု တစ်ခုတည်းနဲ့ အောင်မြင်မှု ရဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါကို ကောင်းကောင်း နားလည်တဲ့ ပီအက်စ်ဂျီ အသင်း ပိုင်ရှင်တွေ အနေနဲ့ လိုအပ်တာထက် ပိုပြီး ဖြည့်ဆည်း ပေးထားတယ် လို့တောင် ပြောရမှာပါ။ ဒါ့အပြင် အခုနှစ်  ချန်ပီယံလိဂ်မှာ နာမည်ကြီး အသင်းတွေ ကိုတောင် ကျော်ဖြတ်ပြီး ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ ပီအက်စ်ဂျီတို့ အကောင်းဆုံး စုဖွဲ့မှုနဲ့ အမှန်တကယ်ပဲ အမြင့်ဆုံး အောင်မြင်တွေ အရ ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ပြောကြားရင်း…။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်