နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မဖြစ်မနေ နိုင်ပွဲ ပြန်ရှာမယ့် ချဲလ်ဆီးဘက်မှာ ရပ်တည်ကြမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ချဲလ်ဆီး vs ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

အခုတစ်ပတ်ကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ကစားဖို့ရှိနေပြီး ချဲလ်ဆီးနဲ့ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်တို့ ကစားမယ့် ပွဲကောင်းတစ်ပွဲ ရှိနေလို့ SBOTOP ပရိသတ်တွေ လက်မလွှတ်တမ်း စောင့်ကြည့်သင့်ပါတယ်။ လက်ရှိမှာ ချဲလ်ဆီးတို့ နည်းပြဖရန့်ခ်လမ်းပတ်နဲ့ လမ်းခွဲထားလို့ ခြေစွမ်းတည်ငြိမ်မှာ မဟုတ်သေးသလို ဝုဗ်ကလည်း ခြေပျက်နေလို့ ဘယ်အသင်း အသာရသွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၄ ပွဲသာ အနိုင်ရခဲ့ပြီး ၅ ပွဲရှုံး ၁ ပွဲသရေကျခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့ အက်ဖ်အေဖလားမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီး နည်းပြ ဖရန့်ခ်လမ်းပတ်ကို ထုတ်ပယ်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ရဲ့ လက်ရှိ အခြေအနေက အသင်းမှာ ကစားသမားကောင်းတွေ တပုံတပင် ရှိနေရက်နဲ့ လမ်းပတ်ရဲ့ နည်းစနစ်ပိုင်း လိုအပ်ချက်တွေကြောင့် နိုင်ပွဲတွေ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲမှာတော့ လမ်းပတ်မရှိတော့လို့ ဘယ်လိုလူစာရင်း၊ ဘယ်လို ကစားကွက်နဲ့ ပွဲထွက်လာမယ်ဆိုတာ မသိသေးပါဘူး။ ရှုံးထွက်ဖလား တွေမှာ ချဲလ်ဆီးတို့ ရလဒ်ကောင်းနေသလောက် အမှတ်ပေးပြိုင်ပွဲတွေမှာ ခြေချော်နေလို့ အခုပွဲစဉ်မှာလည်း ဝုဗ်ရဲ့ ရုန်းအားကြောင့် အခက်တွေ့ဦးမှာ သေချာပါတယ်။ ချဲလ်ဆီးတို့ လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲကစား၊ ၈ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲရှုံးပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ အခုပွဲမှာတော့ ကွင်းလယ်က ကန်တေ အနေနဲ့ တံကောက်ကျော ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ  မဟုတ်ဘူးလို့ သိရပါတယ်။

 
ချဲလ်ဆီးတို့ရဲ့ ရလဒ်တွေ ဆိုးနေသလောက် ဝုဗ်ကလည်း အရှုံးတွေထဲမှာ တဝဲလည်လည် ဖြစ်နေဆဲပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရပြီး ၂ ပွဲသရေ၊ ၇ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ ဝုဗ်တို့ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရသလာက် အက်ဖ်အေဖလားမှာတော့ နိုင်ပွဲတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ကျော်ဖြတ်ထားနိုင်ပါတယ်။ လက်ရှိမှာ ဝုဗ်တို့ တိုက်စစ်က ရာအူးလ် ဂျင်မီနက်ဇ် ဒဏ်ရာရရှိနေလို့ တိုက်စစ်က တော်တော်လေး အားနည်းနေပြီး လိုအပ်တဲ့ အချိန်မှာ သွင်းဂိုးတွေ ရှာဖွေနိုင်ခြင်း မရှိပဲ ရှုံးပွဲတွေ ဆက်နေခဲ့တာ ဖြစ်ပါတယ်။ ဝုဗ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီး ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။ ဝုဗ်တို့ ဘက်မှာတော့ ဂျိုဆေး၊ ပိုဒန့်စ်၊ မာကယ်၊ ဂျွန်နီ၊ ရာအူးလ် ဂျင်မီနက်ဇ်တို့ ဒဏ်ရာ ပြသနာ အသီးသီးရှိနေလို့ ပါဝင်လာနိုင်ဖို့ မရှိပါဘူး။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရပြီး ၂ ပွဲသရေ၊ ၇ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာ ရပ်တည်နေတဲ့ ဝုဗ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

၂၀၁၀ ခုနှစ် နောက်ပိုင်း ချဲလ်ဆီးနဲ့ ဝုဗ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ်မှာ ချဲလ်ဆီးတို့ ၇ ကြိမ်အထိ အနိုင်ရထားခဲ့ပြီး ဝုဗ်က ၃ ကြိမ် အနိုင်ရထားပါတယ်။ သရေပွဲကတော့ ၁ ပွဲပဲ ရှိထားလို့ ကစားခဲ့တဲ့ ပွဲတိုင်းမှာ အနိုင်အရှုံး ပြတ်သားခဲ့တာ သိသာပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ပွဲစဉ်မှာတော့ ဝုဗ်တို့ အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ချဲလ်ဆီး vs ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် 1X2 ချဲလ်ဆီး 1.61
ဇန်နဝါရီလ ၂၈ ရက်, ည ၁၂:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၆၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၂၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၂၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ချဲလ်ဆီးနဲ့ ဝုဗ်တို့ နှစ်သင်းစလုံး အကျပိုင်းမှာ ရောက်နေလို့ ဘယ်အသင်းအနိုင်ရမလဲဆိုတာ ခန့်မှန်းရတော့ ခက်ပါတယ်။ လက်ရှိ အခြေအနေမှာ ချဲလ်ဆီးတို့ နည်းပြသစ်လက်အောက်မှာ ခြေစွမ်းမတည်ငြိမ်သေးပေမယ့် အပြောင်းအလဲတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပြီး ၁ ဂိုးလောက်နဲ့ပဲ ကပ်နိုင်သွားမယ်လို့ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်