နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ရာသီ အဖွင့်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲမှာ ဘယ်အသင်း အသာရသွားမလဲ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – မန်ချက်စတာစီးတီး

၂၀၂၄/၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၁)ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် အဖြစ် ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီးတို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ရင်ဆိုင် ကစားကြမှာ ဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားထားတဲ့ နောက်ဆုံး ၃ ပွဲဆက် ၄ နှစ်ဆက် အမှတ်ပေးချန်ပီယံ မန်စီးတီးကို အသာမရခဲ့တဲ့ ချဲလ်ဆီးတို့ ဒီတစ်ကြိမ် မှာရော အသာရသွားပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ပိုချက်တီနိုကို ထုတ်ပယ် အပြီးမှာ နည်းပြကောင်း များစွာကို လိုက်ခဲ့ပေမယ့် နောက်ဆုံး မှာတော့ လက်စတာစီးတီးကို တန်းတင်ပေးခဲ့တဲ့ အန်ဇို မာရက်စ်ကာ ကိုပဲ နည်းပြ ရာထူး ခန့်အပ်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ နည်းပြသစ်နဲ့ ရာသီသစ် စတင်မှာ ဖြစ်သလို ကစားသမား ခေါ်ယူမှုတွေ ကလည်း ကြောက်လန့်စရာပါပဲ။ ချဲလ်ဆီးရဲ့ လက်ရှိ လူစာရင်းကို ကြည့်မယ် ဆိုရင် ဂိုးမှာ ၆ ဦး၊ ခံစစ်မှာ ၁၂ ဦး၊ ကွင်းလယ်မှာ ၁၁ ဦး၊ တိုက်စစ် မှာတော့ ၁၅ ဦး အထိ ရှိနေပါတယ်။ အန်ဇို မာရက်ဇ်ကာရဲ့ အသင်းက နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမား ၁၀ ဦး အထိ ခေါ်ယူထားခဲ့ပြီး ထပ်ပြီး ခေါ်ယူဖို့လည်း ရှိနေသေးပုံပါပဲ။ ယာအို ဖီးလစ်နဲ့ အိုဆင်မ်ဟန် ကတော့ သတင်းတွေ အထွက်ဆုံး ဖြစ်ပြီး တိုက်စစ်ပိုင်းကို အင်အား ထပ်ဖြည့်ချင်နေတာပါ။ ဒါပေမယ့် ဘယ်လောက်ပဲ ကစားသမားတွေ များများ လူများပြီး ပွဲမစည်ရင်တော့ အလကားပါပဲ။ ခြေစွမ်းပိုင်းအရတော့ ရာသီ အစလည်း ဖြစ်နေသလို နည်းပြသစ်ရဲ့ လူထုတ်ပုံ ဘယ်လိုလာမယ်၊ ဘယ်လို ကစားကွက်တွေနဲ့ ကစားမယ် ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ ခြေစမ်းပွဲ ရလဒ်တွေ ကိုတော့ အားရစရာကို မရှိခဲ့ပါဘူး။

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့သလို ၅ နှစ်ဆက် ကိုင်မြှောက်နိုင်ဖို့လည်း အားခဲထားတာ တွေ့ရပါတယ်။ လက်ရှိ အချိန်ထိ မန်စီးတီးက ကစားသမားသစ် တစ်ဦးသာ ခေါ်ယူထားခဲ့ပြီး ဆာဗီယို ကလည်း သူ့ရဲ့ ပွဲဦးထွက် ဖြစ်တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ခြေစွမ်းပြထားနိုင်ပါတယ်။ အမှန်တိုင်း ပြောရရင် မန်စီးတီးရဲ့ ဒီရာသီ ခြေစွမ်းကို သိပ်တော့ အားမရပါဘူး။ ဒါကလည်း ရာသီအစမို့ ဖြစ်နိုင်ပေမယ့် ပြီးခဲ့တဲ့ နှစ်တွေ ကလောက်တော့ ကစားပုံ သိပ်မကောင်းသလိုပါပဲ။ ဒီပွဲကို အဓိက ကွင်းလယ်လူ ရိုဒရီ ပါဝင်ကစားနိုင်မှာ မဟုတ်သလို အော်စကာ ဘော့ဘ် ကလည်း ခြေထောက်ကျိုး ဒဏ်ရာရသွားလို့ ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။ နောက်ပြီး အားထားရတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ အဲလ်ဗာရက်ဇ် ကလည်း အက်တလက်တီကိုကို ပြောင်းရွှေ့သွားခဲ့ပါပြီ။ ရိုဒရီ မပါတဲ့ မန်စီးတီး ကွင်းလယ်က ချဲလ်ဆီးကို ယှဉ်နိုင်ပါ့မလား ဆိုတာတော့ စိုးရိမ်စရာရှိပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးမှာ ရိစ် ဂျိမ်းစ် တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပြီး ကျန်ကစားသမား အားလုံး ကတော့ ပါဝင်ကစားဖို့ အဆင်သင့် ရှိနေပါတယ်။

မန်စီးတီး မှာတော့ အပေါ်မှာ ပြောခဲ့သလိုပဲ ကွင်းလယ် ဗိုလ်ချုပ် ရိုဒရီနဲ့ ခြေစွမ်းပြ တောင်ပံ ကစားသမားလေး အော်စကာ ဘော့ဘ် တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ နှစ်ဆက် ကိုင်မြှောက်နိုင်ခဲ့သလို ၅ နှစ်ဆက် ကိုင်မြှောက်နိုင်ဖို့လည်း အားခဲထားတာ တွေ့ရပါတယ်။
ရိစ်ဂျိမ်းစ်က လွဲလို့ ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး – ဆန်းချက်ဇ်၊ ဖိုဖာနာ၊ ကိုးဝဲလ်၊ ဂူစတို၊ ကူကာရယ်လာ၊ လာဗီယာ၊ အန်ဇို ဖာနန်ဒက်ဇ်၊ မွိုက်စ် ကိုင်စီဒို၊ အန်ကွန်ကူ၊ ပါးလ်မား၊ ဂျက်ဆန်

မန်ချက်စတာစီးတီး – အီဒါဆင်၊ အာကန်ဂျီ၊ ဒီးရာ့စ်၊ လီဝစ်၊ ဂဗာဒီယိုလ်၊ ကိုဗာချစ်၊ ဆေးလ်ဗား၊ ဒီဘရွန်းနား၊ ဒိုခု၊ ဆာဗီယို၊ ဟာလန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၄၂ ကြိမ် တွေ့ဆုံခဲ့ပြီးတော့ ချဲလ်ဆီးက ၁၂ ကြိမ်နိုင်၊ မန်စီးတီးက ၂၄ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒီနှစ်သင်းက ၃ ကြိမ် တွေ့ဆုံခဲ့ပြီးတော့ မန်စီးတီးက အက်ဖ်အေဖလားမှာ နိုင်ကာ၊ ပရီးမီးယားလိဂ် မှာတော့ နှစ်ကျော့စလုံး သရေကျခဲ့ပါတယ်။ မှတ်မှတ်ရရ စတန်းဖို့ဒ်ဘရစ်ချ်မှာ အပြန်အလှန် ဂိုးတွေ သွင်းရင်း တစ်ဖက် ၄ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး နိုင်ရင် ၄ ဆ နီးပါး ရမှာ ဖြစ်ပြီး မန်စီးတီး နိုင်ရင်တော့ ၂ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၉၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း မန်စီးတီးက သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေ ကြေးတွေ ဖွင့်ထားပြီး ဂိုးပေါင်းကြေး ကလည်း နည်းနည်းမြင့်ပါတယ်။ ချဲလ်ဆီး ဘယ်လောက်ပဲ လူအင်အား တောင့်တောင့် ခြေစွမ်းပိုင်းကိုတော့ မယုံရဲသေးပါဘူး။ မန်စီးတီး ကတော့ ယုံကြည်ရတဲ့ အသင်း ဖြစ်ပြီး ရာသီအဖွင့် ပွဲစဉ်မှာ သူတို့ အနေနဲ့ ရလဒ်ကောင်းကို မဖြစ်မနေ ရှာဖွေမယ် ဆိုတာ ကျိန်းသေပေါက် ပြောလို့ ရပါတယ်။ မန်စီးတီး ဘက်မှာပဲ ရပ်တည်ထားတာက စိတ်ချရပါလိမ့်မယ်။

 

ခန့်မှန်းရလဒ်

ချဲလ်ဆီး ၁-၂ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်