နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စာချုပ်ဖျက်သိမ်းကြေး ပေါင် ၈၅ သန်း ပေးမှ ကူဒု့စ်ကို ရောင်းထုတ်မယ့် ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကတော့ ဝက်စ်ဟမ်း ကစားသမား မိုဟာမက် ကူဒု့စ်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝက်စ်ဟမ်း ဘက်ကတော့ အလွယ်တကူ လက်လွှတ်သွားဖို့ ဆန္ဒမရှိပဲ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၈၅ သန်း ရရှိမှသာ ရောင်းချသွားဖွယ် ရှိနေကြောင်း သိရပါတယ်။

လက်ရှိမှာ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ် တိုက်စစ်နဲ့ ညာတောင်ပံ ကစားသမား မိုဟာမက် ကူဒု့စ်ဟာ ဝက်စ်ဟမ်းကို ၂၀၂၃ ခုနှစ် ကမှ နယ်သာလန် ကလပ် အေဂျက်စ် ကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကူဒု့စ်ဟာ သူရဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာတင်ပဲ အသင်း အတွက် ပြိုင်ပွဲစုံ ၁၄ ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စတင် ကျော်ကြားလာခဲ့တဲ့ ကူဒု့စ်က အေဂျက်စ် ကနေ ဝက်စ်ဟမ်းကို မပြောင်းခင်က ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းက ပေါင် ၃၈ သန်း ဝန်းကျင်နဲ့ လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ကူဒု့စ်ဟာ ဝက်စ်ဟမ်း အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားထားပြီးတော့ ၁၆ ဂိုး သွင်းယူထားပါတယ်။
ဝက်စ်ဟမ်း အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကူဒု့စ်

ဝက်စ်ဟမ်း ကလည်း အသင်း ပေါင်းစုံနဲ့ အပြိုင်လုပြီး ခေါ်ယူခဲ့ရတဲ့ မိုဟာမက် ကူဒု့စ်ကို ၅ နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပြီး စာချုပ်ဖျက်သိမ်းကြေး ကိုလည်း ပေါင် ၈၅ သန်း အထိ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဝက်စ်ဟမ်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်နေသူ ဂါနာသားကို လန်ဒန် ကလပ်က အသင်းမှာ ဆက်လက် ထားရှိချင်နေပြီး စိတ်ဝင်စားတဲ့ ကလပ်တွေ အနေနဲ့ ကူဒု့စ်ကို လိုချင်ရင် သူရဲ့ စာချုပ် ဖျက်သိမ်းကြေးနဲ့ ကမ်းလှမ်းမှသာ လက်လွှတ်ဖို့ ရှိနေကြောင်း အသိပေးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုဟာမက် ကူဒု့စ်ကို ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ လစ်ဗာပူးလ်က ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် အာဆင်နယ်က လီအန်ဒရို ထရော့ဆက်ဒ်ကို ရောင်းချပြီး သူ့ရဲ့ နေရာ အတွက် ကူဒု့စ်ကို ပြန်လည် ခေါ်ယူချင်နေသလို လစ်ဗာပူးလ် ကလည်း အနာဂတ် မသေချာတော့တဲ့ မိုဟာမက် ဆာလာရဲ့ နေရာ အတွက် ကူဒု့စ်ကို အလိုရှိ နေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ ကူဒု့စ် အတွက် ဝက်စ်ဟမ်းက ပြောင်းရွှေ့ ကြေးကို လျှော့ချပြီး ရောင်းချပေးသွားဖို့ လုံးဝ အစီအစဉ် မရှိဘဲ အာဆင်နယ်ဆီ ရောင်းချခဲ့တဲ့ ဒီကလန် ရိုက်စ် နောက်ပိုင်း နောက်ထပ် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ရောင်းထုတ်သွားဖို့ စဉ်စားထားတာ ဖြစ်ပါတယ်။ မိုဟာမက် ကူဒု့စ်ဟာ ဝက်စ်ဟမ်း အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅၅ ပွဲ ကစားထားပြီးတော့ ၁၆ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်